ရှမ်းပြည်နယ် ခရီးသွားမြှင့်တင်ရေး ပြည်နယ်အစိုးရက ကျပ်သိန်းတစ်ထောင် ချပေးမည်ဟုဆို

တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသော မီးပုံးပျံပွဲသို့ ခရီးသွားထောင်ချီလာရောက်လေ့ရှိသည်။ ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွင်း ရှမ်းပြည်နယ်ရှိ ခရီးစဉ် ဒေသများကို ဈေးကွက်မြှင့်တင် ရန် ပြည်နယ်အစိုးရက ကျပ်သိန်း တစ်ထောင် အသုံးစရိတ်ချပေး မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင် အောင်နိုင်က ပြောသည်။


‘‘ရှမ်းပြည်နယ်အစိုးရက ခရီး သွားကဏ္ဍ ဖွံ့ဖြိုးရေးဈေးကွက် မြှင့်တင်ဖို့အတွက် အသုံးပြုဖို့ သိန်း တစ်ထောင် ချထားပေးတာပါ။ လာမယ့်ဘဏ္ဍာနှစ်အတွက် အသုံး ပြုသွားဖို့ပါ’’ ဟု ၎င်းကဆိုသည်။

ယင်းသို့ အသုံးစရိတ်ချထား ပေးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်အသင်း၊ ဟိုတယ် လုပ်ငန်းရှင်အသင်းတို့နှင့် ဆွေး နွေးကာ အကျိုးရှိသော နေရာများ တွင် အသုံးချမည်ဟု ဦးထင်အောင်နိုင်က ပြောသည်။

‘‘ရှမ်းပြည်နယ်ရဲ့ ခရီးစဉ်ဒေ သတွေအကြောင်းရိုက်ကူးမယ်၊ မီဒီယာတွေကနေ လွှင့်မယ့် အိမ်နီး ချင်းနိုင်ငံတွေက ခရီးသွားပြပွဲတွေ မှာ သွားပြမယ်။ အဲဒါအပြင် ခရီး သွားအသင်းအဖွဲ့တွေနဲ့ ဆွေးနွေး ပြီး အကျိုးရှိမယ့် နေရာတွေမှာ အသုံးပြုသွားဖို့ ပြည်နယ်အစိုးရ ကို တင်ပြပြီးတော့ အကောင်အ ထည်ဖော်သွားမှာ ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ်သို့ နိုင်ငံခြား သား ခရီးသွားဧည့်သည်ဝင်ရောက် မှုသည် ၂၀၁၇ အတွင်း ရှမ်းပြည် နယ်တောင်ပိုင်း တစ်ခုတည်းတွင် ခရီးသွား ဧည့်သည်ဦးရေ ၃၁၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ခြောက်သောင်း ကျော် ပိုမိုတိုးတက်ခဲ့ကြောင်း ၎င်း ကပြောသည်။

၂၀၁၇ အတွင်း တရုတ်နှင့် ထိုင်း နယ်စပ်ဝင်ပေါက်များမှ ရှမ်း ပြည်နယ်သို့ နေ့ချင်းပြန်နိုင်ငံခြား သား ခရီးသွားဧည့်သည် ဝင် ရောက်မှု ၁ ဒသမ ၃ သန်းခန့် ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ရှမ်းပြည်နယ်ရုံးခွဲ စာရင်းများတွင် ဖော်ပြထားသည်။