ထားဝယ်ကျောက်မီးသွေးတွင်းဟောင်းအနီးရှိ ချောင်းရေများတွင် သတ္တုနှင့် အက်စစ်ဓာတ်များပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ

ထားဝယ်မြို့နယ် ကွမ်း ချောင်းကျေးရွာတွင် ကျောက်မီး သွေးတွင်းဟောင်းမှ စွန့်ပစ်မြေ စာများ ချောင်းများအတွင်း စီးဝင် သဖြင့် ယင်းရေအသုံးပြုပါက အ ရေပြားယားယံခြင်း၊ အနာပေါက် ခြင်းများရှိ၍ အဆိုပါရေကို စိမ်း လန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်း ဓာတ်ခွဲခန်းသို့ ယခုလအ တွင်း ပို့ဆောင်စစ်ဆေးနေကြောင်း တာကဘောလူငယ်အဖွဲ့မှ နော် ကလူးစိုးက ပြောကြားသည်။


‘‘ဓာတ်ခွဲခန်းကို ယူလာတဲ့ ရေ နမူနာက ရေနောက်တယ်။ ရေထဲမှာ သတ္တုဓာတ်၊ အက်စစ် ဓာတ်တွေများနေတယ်’’ဟု စိမ်း လန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင် ဒေါက်တာ ကျော်ငြိမ်းအေးက ပြောသည်။

အဆိုပါ ကျောက်မီးသွေး တွင်းသည် ၂၀၁၂ တွင် စတင် တူးဖော်ပြီး ၂၀၁၆ ၌ ရပ်နားခဲ့သော်လည်း လက်ရှိအထိ ကျောက်မီးသွေးတွင်း မီးထလောင်ခြင်းနှင့်အတူ အငွေ့များထွက်နေပြီး ဒေသခံများ ရှူရှိုက်နေရကြောင်း သိရသည်။

‘‘ကျွန်တော် တာဝန်ထမ်းဆောင်စဉ်ကတော့ အဲဒီကျောက်မီးသွေးတွင်းတွေကို တိုင်းဒေသကြီး ဝန်ကြီးအပါအဝင် သက်ဆိုင်ရာအဖွဲ့တွေနဲ့ သွားစစ်တယ်။နောက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ပါ ဖွဲ့ပေးတယ်။ ကျွန်တော် အနားယူပြီးနောက်တော့ ဘာတွေလုပ်ဆောင်တယ်ဆိုတာ မသိတော့ဘူး’’ဟု ထားဝယ်သတ္တုတွင်း ညွှန် ကြားရေးမှူး (ငြိမ်း) ဦးအောင် ကျော်ဦးက ရှင်းပြသည်။

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုး တက်ရေးအသင်း တာဝန်ရှိသူများ ကွမ်းချောင်းကျေးရွာသို့ သွားရောက်ရာတွင် ယင်းကျောက် မီးသွေးတွင်းများသည် သက်နုကျောက်မီးသွေးအမျိုးအစားဖြစ်ပြီး တူးဖော်ရာ၌ ပုံမှန် ကျောက်မီးသွေးတွင်းများ တူးဖော်သကဲ့သို့လိုဏ်ခေါင်းပုံစံတွင်းနက် တူးဖော်ခြင်းမပြုဘဲ ရေကန်တူးဖော်သကဲ့သို့ တူးဖော်ထားကြောင်း ဆိုသည်။

‘‘အမှန်တကယ် ကျောက်မီး သွေးတူးတာလား၊ တခြားသတ္တု တွေရောထွက်လားဆိုတာ သေ ချာမသိဘူး။  သေချာတော့ စစ်ဆေး လေ့လာသင့်တယ်’’ဟု ဒေါက်တာကျော်ငြိမ်းအေးက ဆိုသည်။

အထက်ပါ ကျောက်မီးသွေး တွင်းများသည် ဘန်းချောင်း ကျောက်မီးသွေးတူးဖော်မှု စီမံ ကိန်းတွင် ပါဝင်ပြီး ယင်းကျောက် မီးသွေးတွင်းများမှ စွန့်ပစ်မြေစာ များ၊ မီးလောင်မှုများ၊ အငွေ့များ၊ မီးခိုးပြာများကြောင့် ပတ်ဝန်းကျင် လူနေအိမ်များ၊ ကွမ်းခြံများ၊ မြစ် ချောင်းများ ပျက်စီးသကဲ့သို့ ဒေသ ခံများ ကျန်းမာရေး ထိခိုက်မှုရှိ လာကြောင်း ဒေသခံများက ပြော ကြားသည်။

 ဘန်းချောင်း ကျောက်မီး သွေးစီမံကိန်းသည် ၂၀၁၀ က မြန်မာ မေဖလားဝါးကုမ္ပဏီက တူး ဖော်ခွင့်ရထားသော်လည်း ထပ်မံတူးဖော်ရေး ဆောင်ရွက်ရန် ဝယ် ယူနေကြောင်း သိရသည်။