၅၂ လမ်းဈေးက အန်ကျလာသော တီးတိုးသံများ

ရန်ကုန်မြို့၏ အချက် အချာကျ  ပုဇွန် တောင်မြို့နယ်တွင် ၅၂ လမ်းဈေးလေး ပေါ်ပေါက် လာသည်မှာ တစ်လပြည့်တော့ မည်ဖြစ်သည်။

ပုဇွန်တောင်မြို့နယ်အတွင်း ရှိ လမ်းဘေးဈေးသည်များအား လုံး တစုတစည်းတည်း ဈေး ရောင်းချနိုင်ရေး ယင်းမြို့နယ်ရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်များ၏ ဦးဆောင်မှုဖြင့် ၅၂ လမ်းဈေးကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ၅၂ လမ်းဈေး သည် ယခုနှစ် ဇန်နဝါရီ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့သဖြင့် ဈေးဖွင့် သည့် တစ်လခန့်တွင် ဈေး သည်အချို့၌ အခက်အခဲအချို့ ရှိလာပြီး ဝယ်ယူသည့် ဖောက် သည် လျော့နည်းသွားခြင်းကြောင့် အဆင်မပြေသံများ ထွက်ပေါ်လာ နေသည်။

၅၂ လမ်းဈေးသည် အနော် ရထာလမ်းနှင့် ဗိုလ်ချုပ်လမ်း ကြားတွင် တည်ရှိပြီး နံနက်ဈေး နှင့် ညဈေးဟူ၍ နှစ်ပိုင်းခွဲခြား သတ်မှတ်ထားသည်။ နံနက်ပိုင်း ဈေးဖွင့်ချိန်သည် နံနက် ၆ နာရီမှ ၁၂ နာရီအထိဖြစ်ပြီး ညနေပိုင်း ဈေးဖွင့်ချိန်သည် မွန်းလွဲ၃ နာရီမှ ည ၁၁ နာရီအထိဖြစ်သည်။

ဈေးတည်ဆောက်ထား သည့် အတွင်းပိုင်းပုံစံသည်ရှစ်ပေ ပတ်လည်အကျယ်ရှိ ဆိုင်ခန်းများ ဖြစ်ပြီး အမိုးအကာရှိသည်။ သုံး ရေအတွက် အပြာရောင်ဖိုက်ဘာ ပုံးကြီးဖြင့် သိုလှောင်ပေးထားပြီး ဆိုင်ခန်းအားလုံး မီးသွယ်တန်း ပေးထားသည်။ ဈေးအတွင်း အပေါ့အပါးသွားနိုင်ရန် အများ သုံးအိမ်သာများ ဆောက်လုပ်ပေး ထားသည်။

သို့သော် ဈေးဆိုင်ခန်းအနေ အထားနှင့် ရေ၊ မီး အဆင်ပြေ သော်လည်း ဈေးသည်အချို့ အတွက် ၎င်းတို့၏ ဖောက်သည် လျော့နည်းသဖြင့် ဝင်ငွေရမှု နည်းသွားသည်က ပြဿနာဖြစ် လာခဲ့သည်။

‘‘အရင်တုန်းက ထမင်းဆိုင် က တစ်နေ့ကုန်နီးပါး ဖွင့်ရောင်း တော့ တစ်ရက်ကို ကျပ်တစ်သိန်း လောက် အမြတ်ကျန်တယ်။ အခု ကတော့ အမြတ်ကျန်လည်း တစ် သောင်း၊ နှစ်သောင်းလောက်ပဲ။ တစ်နေကုန်လည်း မရောင်းရဘူး။ နေ့တစ်ပိုင်းပဲ ရောင်းရတော့ လာ စားတဲ့ဖောက်သည်လည်း နည်း သွားပြီး အမြတ်လည်း နည်းသွား တာပေါ့’’ဟု ၄၉ လမ်းတွင် ယခင် ထမင်းဆိုင်ဖွင့် ရောင်းချသည့် ပိုင်ရှင်က ၎င်းအတွေ့အကြုံကို ပြောသည်။

နံနက်ဈေးတွင်မူ လာ ရောက်ရောင်းချသည့် သား၊ ငါး နှင့် ဟင်းသီးဟင်းရွက်ကုန်စိမ်း သည် နည်းပါးနေသေးပြီး ဝယ်သူ ပါးသဖြင့် အချို့ဈေးသည်များ သည် ယခင်ရောင်းနေကျ လမ်း ဘေး နေရာများ၌ ပြန်လည်ရောင်း ချနေသည်။

‘‘အဲဒီနေရာမှာ ဖွင့်ရမယ်ဆို တော့ သွားဖွင့်တယ်။ ဒါပေမဲ့ ဝယ်သူလာတာနည်းတယ်။ ဒါနဲ့ အရင်နေရာမှာ ပြန်ရောင်းရတော့ တာပဲ။ ညနေပိုင်းဈေးကတော့ နေ့ဈေးထက်စာရင် နည်းနည်း စည်တယ်’’ဟု သား၊ ငါးရောင်းချ သည့် ဈေးသည်တစ်ဦးကပြော သည်။

ပုဇွန်တောင်မြို့နယ်အတွင်း လမ်းဘေးဈေးသည်များကြောင့် ရပ်ကွက်နေပြည်သူများသည် ကားရပ်ရန်နေရာ ခက်ခဲခြင်း၊ အမှိုက်စွန့်ပစ်မှုများကြောင့် ပတ် ဝန်းကျင် ညစ်ပတ်ခြင်း၊ ယာဉ် ကြောပိတ်ဆို့ မှုများကြောင့် လမ်းဘေး ဈေးသည်များ ဖြေရှင်း ရေးအတွက် ယခုကဲ့သို့ ၅၂ လမ်း နေ့ ညဈေးကို အကောင်အထည် ဖော်ခဲ့ကြောင်း ပုဇွန်တောင်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးတင့် လွင်က ပြောသည်။

‘‘လမ်းဘေးဈေးသည် ကင်း ရှင်းရေးအတွက် လုပ်တဲ့အခါ စည်ပင်က အရေးယူတဲ့နေ့ဆိုရင် ဈေးမရောင်းရဘူး။ နောက်နေ့ကျ ဒီနေရာမှာပဲ လာရောင်းကြပြန် တယ်။ ရပ်ကွက်ကလည်း ဒီလမ်း ဘေးဈေးသည်တွေကြောင့် သူတို့ မှာ အနှောင့်အယှက်ဖြစ်တယ်လို့ ပြောတယ်။ ဈေးသည်အတွက် ကျတော့လည်း ဈေးရောင်းမှ စား ဝတ်နေရေးက အဆင်ပြေမှာ။ နောက်တော့ ဒီနေရာလေးတွေ့ တဲ့အခါ ဈေးတစ်ခု ဖန်တီးလိုက် ရင် မဆိုးဘူးဆိုပြီး အားလုံးတိုင် ပင်ပြီးတော့ ဖြစ်လာတာ’’ဟု ၎င်း က ရှင်းပြသည်။

အဆိုပါ ဈေးဖွင့်လှစ်နိုင်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်များမှ ရန် ကုန်မြို့တော်ဝန်ထံသို့ တင်ပြခဲ့ပြီး မြို့တော်ဝန်၏ အားပေးမှုဖြင့် စည်ပင်နှင့် ညှိနှိုင်းကာ ဈေးဖွင့် ရန် စီစဉ်ခဲ့သည်။ ဈေးဖွင့်နိုင်ရေး လမ်းခင်းခြင်း၊ မြောင်းဖုံးများ ပြုပြင်ခြင်း၊ ရေ၊ မီး သွယ်တန်း ခြင်း၊ ဈေးဆိုင်ခန်း အမိုးအကာ များ တပ်ဆင်ခြင်းတို့ကို တစ်နှစ် ခန့် အချိန်ယူ၍ ပြင်ဆင်ခဲ့သည်။

‘‘လမ်းဘေးဈေးမရောင်းရ စီမံချက်ရှိတော့ နောက်ပိုင်း ရောင်းရင် စီမံချက်ကြောင့် ဖယ် ပေးရမှာပဲဆိုတာ လမ်းဘေးဈေး သည်တွေကို ရှင်းပြတယ်။ သူတို့ ကို ဆိုင်ခန်းနေရာ ချပေးမယ်။ သတ်မှတ်ထားတဲ့ နေရာမှာပဲ ရောင်းရမယ်ဆိုတော့ အများစုက သဘောတူတယ်။ မြို့နယ်စည် ပင်ရုံးမှာ ဆိုင်ခန်းကို နာမည်နဲ့ မဲဖောက်ပေးတယ်။ နောက်ထပ် လက်လွှဲရောင်းချမှုတွေ မဖြစ် အောင် စမတ်ကတ်ထုတ်ပေး တယ်။ အဲဒီကတ်ကို ဆွဲပြီး ရောင်း ရမယ်လို့ ပြောပြထားတယ်’’ဟု ဦးတင့်လွင်က ပြောသည်။

လက်ရှိတွင် နံနက်ပိုင်း ရောင်းသည့်ဈေးသည်ကို ကျပ် တစ်သောင်းခွဲ၊ ညပိုင်းရောင်း သည့်ဈေးသည်ကို မီးအသုံးပြုခ ပါ၍ ကျပ်နှစ်သောင်းကောက်ခံ ထားပြီး ယင်းသည် ဈေးပျက်စီးမှု များပြုပြင်ခြင်း၊ ဈေးအတွင်း သန့်ရှင်းရေးနှင့် လုံခြုံရေးဝန်ထမ်း များ ခန့်ထားခြင်းအတွက် စရိတ် ကာမိစေရန် ကောက်ခံခြင်းဖြစ် ကြောင်း ဆိုသည်။

၅၂ လမ်းဈေးတွင် ဆိုင်ခန်း ၁၂၀ ကျော်ရှိသော်လည်း အမှန် တကယ် ဖွင့်လှစ်ရောင်းချသည့် ဆိုင်ခန်း ညဈေးအချိန်တွင် ၆၀ ခန့်ရှိသည်။ ညဈေး၌ ရှမ်း အစားအစာနှင့် တရုတ်စာ ရောင်းချသည့် စားသောက်ဆိုင် များ၊ လက်ဖက်ရည်ဆိုင်၊အကြော် ဆိုင်၊ အအေးဆိုင်၊ မုန့်ဟင်းခါး ဆိုင်နှင့် ကုန်ခြောက်ဆိုင်၊သစ်သီး ဆိုင်နှင့် မြန်မာထမင်းဟင်း ရောင်းချသည့် ဆိုင်အချို့ကို တွေ့ရသည်။

ညဈေးတွင် တရုတ်အစား အစာမျိုးစုံ ကြော်လှော်ရောင်းချ သူတစ်ဦးက ‘‘ဒီလ သုံးရက်နေ့ ကတည်းက ပြောင်းပြီးဖွင့်တာ။ စရောင်းခါစထက်စာရင်တော့ ကိုယ့်ဖောက်သည်တွေက ဒီဈေး ထဲကို လိုက်လာပြီး စားကြတော့ အခု အဆင်ပြေလာပါတယ်’’ဟု ဆိုသည်။

နေ့ဈေးတွင်မူ သားငါးနှင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည် များရှိသော်လည်း ကုန်ခြောက် ဆိုင်များ မဖွင့်သေးသောကြောင့် ဈေးဝယ်သူများအတွက် တစ်နေ ရာတည်း၌ ကုန်ပစ္စည်းအကုန် ရနိုင်ရန် အခက်အခဲရှိနေသေး သည်။

‘‘စဖွင့်ခါစဆိုတော့ အဆင် မပြေမှုကတော့ ရှိနိုင်ပါတယ်။ တချို့ ဈေးသည်ကျတော့ နဂို နေရာမှာ ဖောက်သည်ကရှိတော့ အခုလို မရောင်းရတဲ့အခါ မကျေ နပ်မှုတွေ ရှိနိုင်တယ်။ ဒီလိုလုပ် တာကို ကြိုက်သူ၊ မကြိုက်သူက တော့ ရှိနိုင်ပါတယ်’’ဦးတင့်လွင် က ပြောသည်။

လမ်းဘေးဈေးသည် ကင်း ရှင်းရေးနှင့် ယာဉ်ကြောကျပ်တည်း မှုဖြေရှင်းရေး ရည်ရွယ်ဖွင့်လှစ် ထားသည့် ၅၂ လမ်းဈေးသည် အင်္ဂါရပ်နှင့်အညီ မဖွင့်နိုင်သေး သော်လည်း နောက်ပိုင်းတွင် စနစ်ကျစေမည့် အစီအစဉ်များ ဖြင့် ဆက်လက်လုပ်ကိုင်ရန်ရှိ ကြောင်း တစ်နေရာတည်း၌ ကုန်ပစ္စည်းစုံ ရနိုင်မည့် စည် ကားသည့်ဈေးမျိုး ဖြစ်လာစေရန် ဆောင်ရွက်မည်ဟု ၎င်းကဆို သည်။

လက်ရှိတွင် ၅၂ လမ်းနေ့ ဈေးထက် ညဈေးတွင် စား သောက်ဆိုင်စုံလင်ပြီး စားသုံးသူ များဖြင့် စည်ကားသည့်ပုံစံရှိ သည်။ အထူးသဖြင့် စနေနှင့် တနင်္ဂနွေရက်များတွင် ညဈေး လျှောက်သူ  ပိုများပြီး ကြားရက် များ၌ ဈေးလည်ပတ်သူနည်းပါး နေသေးသည်။

‘‘မနက်ဈေးဝယ်ရင်တော့ ပုံမှန်ဝယ်နေကျနေရာမှာပဲ ဝယ် ဖြစ်တယ်။ အဲဒီဈေးထဲကို မရောက်ဘူး။ ညဘက်တော့ မိသားစုနဲ့ ညဈေးမှာသွားစားဖြစ် တယ်။ တစ်နေရာတည်းမှာ ကိုယ် စားချင်တာတွေ ရွေးချယ်စားနိုင် တော့ အခုလို လုပ်ပေးတာကို သဘောကျတယ်’’ဟု ၄၉ လမ်း နေ ကုမ္ပဏီဝန်ထမ်း မဇာဇာက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ကျောက် တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်တို့ရှိ လမ်း ဘေးဈေးသည်များကို ၂၀၁၆ က ကမ်းနားလမ်းတွင် စနစ်တကျ ရောင်းချရန် အစိုးရက ဆောင် ရွက်ပေးခဲ့သည်။ ယခု ပုဇွန် တောင်မြို့နယ်ရှိ လမ်းဘေးဈေး သည်များအတွက် ဖန်တီးပေး ထားသည့် ၅၂ လမ်း ဈေးလည်း အောင်မြင်စွာ လည်ပတ်နိုင်မှုရှိ၊ မရှိ အချိန်ယူ၍ စောင့်ကြည့်ရ ပေဦးမည်။

n