Ocean Blue ဟိုတယ်ကို ငွေဆောင်ကမ်းခြေ စည်ပင်တရားစွဲ

 ခွင့်ပြုချက်မရှိဘဲ အ ဆောက်အအုံဆောက်လုပ်နေ သဖြင့် Ocean Blue ဟိုတယ်ပိုင် ရှင်၊ ၎င်း၏သမီးနှင့် မန်နေဂျာတို့ ကို ပုသိမ်မြို့နယ်တရားရုံးတွင် ဇန်န၀ါရီ ၂၅ ရက်က စည်ပင်သာ ယာရေးဥပဒေဖြင့် တရားစွဲထား ကြောင်း ငွေဆောင်ကမ်းခြေမြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှု ဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က ပြောကြားသည်။

ယခင်နှစ်ဇွန်လ ကတည်းက ဆက်လက်ဆောက်လုပ် ခြင်းမပြုလုပ်ရန် ငွေဆောင်မြို့စည်ပင်သာ ယာရေးအဖွဲ့က သုံးကြိမ်တိုင်စာ ဖြင့် တားမြစ်ခဲ့သော်လည်း ယင်း ဟိုတယ်က လိုက်နာခြင်းမရှိ၍ ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံတင် ပြပြီး အစိုးရကဥပဒေအရ အရေးယူရန် ညွှန်ကြားသဖြင့် တရားစွဲခဲ့ ကြောင်း ဦးလှိုင်ဝင်းဟန်က ပြော သည်။

‘‘ဟိုတယ်ရဲ့ ပိုင်ရှင်က ဦးကြီးစိန်ပါ။ ဆောက်လုပ်ခွင့်တွေကိုတင်တာတော့ သူ့သမီး ဖြစ်တဲ့ဒေါ်စန်းစန်းရီအမည်နဲ့ပါ။ ကျွန်တော်တို့ဆီက အသိပေးအကြောင်းကြားချက်တွေ၊ တိုင်းအစိုးရက ထုတ်ပြန်တဲ့စာတွေကို လက်ခံပြီး လက်မှတ်ထိုးတာတော့ မန်နေဂျာဖြစ်တဲ့ ဒေါ်ဥမ္မာစောက တာဝန်ယူပြီး လက်မှတ်ထိုးတာပါ။ ဒါကြောင့် သူတို့သုံးဦးစလုံးဟာ ဒီဟိုတယ်နဲ့ ပတ်သက်နေတဲ့သူတွေမို့ တရားစွဲဆိုရခြင်း ဖြစ်ပါတယ်’’ ဟု ငွေဆောင်ကမ်းခြေ မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောသည်။

 ဒေသခံ လူဦးရေ နှစ်ရာ ကျော်က လက်မှတ်ရေးထိုး၍ ၎င်း တို့၏ မြေယာလျော်ကြေး၊ နစ်နာ ကြေးများမရ၍ ဟိုတယ်များတွင် အဆောက်အအုံသစ်များ ဆောက်လုပ်ခြင်းကို ကန့်ကွက်ထားသည်။ ထိုစာများကို စည်ပင်ဌာနအပါအ ၀င် ဌာနဆိုင်ရာသို့ တင်ပြခဲ့၍ စည်ပင်သာယာရေးအဖွဲ့က တား မြစ်ကာ တိုင်းအစိုးရအဖွဲ့သို့ တင် ပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ယင်းနောက် တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ကမ်းခြေရှိ ဟိုတယ်များတွင် အဆောက်အ အုံသစ်များ ဆောက်လုပ်ခြင်းကို ခွင့်မပြုဘဲ အဟောင်းများကိုသာ သတ်မှတ်ချက်များနှင့်အညီ ပြုပြင်ရန် ခွင့်ပြုထားသည်။

အဆိုပါ အခြေအနေနှင့်ပတ်သက်၍ အပြည့်အစုံသိရှိရန် Ocean Blue ဟိုတယ် မန်နေ ဂျာဒေါ်ဥမ္မာစောထံ အကြိမ်ကြိမ် ဖုန်းခေါ်ဆိုသော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိပေ။

တောင်သူ ၂၄၈ ဦးပိုင်ဆိုင်  သည့် မြေဧက သုံးရာ့ငါးဆယ် ကျော်ကို ငွေဆောင်ကမ်းခြေဖွံ့ ဖြိုးတိုးတက်ရေးဟု ဆိုကာ ၂၀၀၀ပြည့်နှစ်တွင် စတင်သိမ်းဆည်းခဲ့ သည်။

 ထို့နောက် စီးပွားရေးလုပ် ငန်းရှင်များကို ဟိုတယ်များ ဆောက်လုပ်ရန် မြေနေရာများ ချထားပေး ခဲ့သည်။ မြေယာပိုင်ဆိုင်သည့် တောင်သူများကို ထိုစဉ်က အုန်း ပင်တန်ဖိုးသာ တွက်ပေးခဲ့ပြီး မြေ ယာလျော်ကြေးများ ပေးအပ်ခဲ့ ခြင်းမရှိ၍ လျော်ကြေးများရရန် နည်းအမျိုးမျိုးဖြင့် တောင်းဆိုနေ ကြောင်း ဒေသခံဦးလှမြင့်က ပြောသည်။

‘‘တရားဥပဒေအရ တရားစွဲ တာမှန်ပေမယ့် ကျွန်တော်ကြား ဖူးတာက ဒဏ်ကြေးလောက်ပဲ ဆောင်ရတယ်တဲ့။ ဒဏ်ကြေးက လည်း သိပ်မများတော့ သူတို့အ နေနဲ့ ဆောင်နိုင်တာပေါ့။ ဒေသခံ တွေလိုချင်တာက တကယ်ထိ ရောက်တဲ့ ပြစ်ဒဏ်မျိုးပေးဖို့၊ ဒီ ဟိုတယ်တွေဆို သူတို့စဆောက် တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဒေသခံတွေက တိုင်ခဲ့တာ။ ခုမှ တရားစွဲနိုင်တယ်။ သူတို့ဆောက် နေတာတွေတောင် မနည်းပြီးနေ ပြီ’’ဟု ဦးလှမြင့်ကပြောသည်။

ဒေသခံများအနေဖြင့် အဆို ပါ ဒေသတစ်ခုလုံးတွင် ဟိုတယ် အသစ်များ ဆောက်လုပ်နေခြင်း ကို တားမြစ်ခြင်းဖြစ်သည်။ လက်ရှိတရားစွဲဆိုသည့် ဟိုတယ်အပြင် Grand Ngwesaung ဟိုတယ် သည်လည်း ဆောက်လုပ်နေဆဲ ဖြစ်ပြီး ဆက်လက်မဆောက် လုပ်ရန် သက်ဆိုင်ရာက နှစ်ကြိမ်  တားမြစ်ထားသည်။

Top News