ရပ်ကွက်ထဲက အစိမ်းရောင်ဆိုင်လေး

အစိမ်းရောင်ဆိုင်လေးအချို့ကို တွေ့ရစဉ် ဓာတ်ပုံ − Green Memo

ပိုးပေါက်လေးများပါနေသည့် မုန်လာဖူးလေးများ၊ အရွယ်အစားအတော်လေးသေးသည့် မုန်လာဥနီလေးများ၊ သေးညှက်ညှက် ဘူးသီးလုံးလေးများနှင့် ဟင်းရွက် စည်းလေးများသည် ပြင်ပဈေးများ တွင် မြင်တွေ့နေကျ အမြင်လှလှ ဖွံ့ဖွံ့ထွားထွား ဟင်းသီးဟင်းရွက် များနှင့် ဆန့်ကျင်ပုံစံဖြစ်နေသော် လည်း တခုတ်တရ၀ယ်သူတွေရှိ သည်။


အင်းစိန်မြို့နယ် ဟိုက်ပတ် မွန်နှစ်ခြင်း ခရစ်ယာန်ကျောင်း အနီး နေအိမ်တစ်ခုရှေ့ရှိ အုတ်ခုံတန်းလေးတွင် ရောင်းချနေခြင်း ဖြစ်ပြီး မုန်လာဖူးတစ်စည်းလျှင် ၁၀၀ ကျပ်ခန့်၊ မုန်လာဥနီ ၅၀ သားတစ်ထုပ်လျှင် ၁,၀၀၀ ကျပ်၊ ဘူးသီးလေးများမှာလည်း တစ်လုံးလျှင် ၅၀၀ ကျပ်စသည်ဖြင့် ကျသင့် သည့် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချသည့် ဓာတုဆေးလွှတ် သီးနှံများ ဖြစ်သည်။

ဟင်းသီးဟင်းရွက်အသီးအ နှံများနှင့် သဘာဝထုတ်ကုန်ပစ္စည်းများရောင်းချသည့် အစိမ်းရောင် ဆိုင်လေး (Mobile Green Shop) ကို ဂိုင်ယာ (Gaia Green Networking) အဖွဲ့မှ ဓာတုဆေး ၀ါးမသုံးစွဲဘဲ မိရိုးဖလာနည်း အ တိုင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး သည့် တောင်သူများကို စုစည်း၍ အခြေခံလူတန်းစားများကို ဦး တည်ကာ ရောင်းချနေခြင်း ဖြစ် သည်။
‘‘ကုန်သည်ခြယ်လှယ်မှုမခံရ အောင်၊ စားသုံးသူနဲ့ စိုက်ပျိုးသူ ကို တိုက်ရိုက်ထိတွေ့ချင်တဲ့အခါ ကျတော့ ဒါကိုအကောင်အထည်ဖော်မယ်။ စိုက်တဲ့တောင်သူ ကိုယ်တိုင်လာရောင်း’’ဟု ၎င်းက ဆို သည်။

အစိမ်းရောင်ဆိုင်တွင်ရောင်း ချသည့် ဟင်းသီးဟင်းရွက်သီးနှံ များ စိုက်ပျိုးရာတွင်လည်း ဓာတုဆေးဝါးများလုံးဝမသုံးစွဲဘဲ နွား ချေး၊ ပဲဖတ်၊ နှမ်းဖတ်၊ သစ်ဆွေး၊ ဘို ကာရှီစသည့် သဘာဝပစ္စည်းများ သုံးစွဲပြီး ပိုးမွှားများကို သေစေရုံ မဟုတ်ဘဲ ပြေးစေရန် ဆေးရွက် ကြီး၊ ကန့်၊ ဒုတ္ထာစသည့် သဘာဝ နည်းဖြင့်သာ အသုံးပြုစေခြင်း ဖြစ် သည်။

‘‘ဘာအာခမံချက်နဲ့ လုပ်လည်းဆိုယုံကြည်မှုကို တည်ဆောက်ပြီး လုပ်တယ်။ စားတဲ့သူက ဘာမျှော် လင့်ချက်နဲ့ ဒီဟင်းသီးဟင်းရွက်ကို စားနေလဲဆိုတာ ထုတ်လုပ်သူတွေ သိစေချင်တယ်။ ထုတ်လုပ်သူတွေ အနေနဲ့ကလည်း ဘယ်လိုနည်းနဲ့ ခက်ခက်ခဲခဲသဘာဝနည်းလမ်းအ တိုင်း စိုက်နေတယ်ဆိုတာကို စား သုံးသူတွေနားလည်စေချင်တယ်’’ ဟု မလင်းဝါက ပြောသည်။

အစိမ်းရောင်ဆိုင်မှ ဟင်းသီးဟင်းရွက်များကို ရပ်ကွက်အတွင်း မှ ဈေးဝယ်သူများအပြင် ကျန်းမာ ရေးအသိရှိသူများနှင့် ကင်ဆာဝေဒနာရှင်များက ပုံမှန်ဝယ်သုံးစွဲမှုများ ရှိနေသည်ဟု တိုက်ကြီးမြို့နေ စိုက်ပျိုးရောင်းချသူ မဆာခီးလာက ပြောသည်။

‘‘ဒီက ဂေါ်ဖီဆို ကင်ဆာသ မားတွေဆို ပြုတ်သောက်တယ်။ လုံးဝဓာတုလွတ်တဲ့အတွက် ဥနီ ဆိုလည်း ကြိတ်သောက်ကြတယ်။ သူတို့ကိုယ်တိုင်လည်း သိတယ်။ အရသာက စားရတာမတူဘူးဆို တာကို’’ဟု မဆာခီးလာက ပြော သည်။

‘‘အပတ်တိုင်း ၀ယ်နေကျပါ။ စနေနေ့တိုင်းဝယ်တာ။ ဒီကသဘာ ၀အတိုင်း စိုက်ထားတာကြောင့်၊ ဆေးမဖျန်းတာကြောင့် သူ့အရ သာက တကယ့်သဘာဝ အချို ဓာတ်ပဲ’’ဟု အစိမ်းရောင်ဆိုင်တွင် ပုံမှန်ဝယ်ယူသည့် အင်းစိန်မြို့နယ် မှ အမျိုးသမီးတစ်ဦးက ပြောပါ သည်။။
အပတ်စဉ်စနေနေ့ နံနက် ၆ နာရီမှ ၉ နာရီအထိ ရောင်းချသည့် အစိမ်းရောင်ဆိုင်လေးတွင် တိုက် ကြီး၊ မှော်ဘီရှိ တစ်နိုင်တစ်ပိုင်စိုက်ခင်းများမှ ကန်စွန်း၊ ချဉ်ပေါင်၊ မုန် လာစသည့် ရာသီပေါ် ဟင်းသီး ဟင်းရွက်အသီးအနှံများလည်း ပါဝင်သလို ပင်းတယ၊အောင်ပန်း တို့မှ ဂေါ်ဖီထုပ်၊ လက်ဖက်ခြောက်နှင့် ပြင်ဦးလွင်မှ မုန်လာဥနီတို့လည်း ပါဝင်သည်။ ထို့အပြင် ဧရာဝတီတိုင်းမှ ငါးပိ၊ ငံပြာရည်များ လည်းရှိသလို ကချင်ပြည်နယ်မှ သဘာဝချဉ်စော်ခါးသီးနှင့် မက် မန်းဝိုင်များလည်း ပါဝင်သည်။

‘‘လူချမ်းသာတွေကိုပဲ ကျွေး တာမဟုတ်ဘူး။ Organic For all ဖြစ်ရမယ်။ Organic For ရေပေါ် ဆီမဟုတ်ဘူး။ အားလုံးအတွက် ကျန်းမာတဲ့ အစားအသောက်စား နိုင်ရမယ်’’ဟု ဓာတုဆေးမသုံးစွဲဘဲ သဘာဝအတိုင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများကို စုစည်းသည့် ဂိုင် ယာအဖွဲ့မှ ကိုသက်နိုင်က ပြောသည်။

အစိမ်းရောင်အရောင်းဆိုင် သည် မရမ်းကုန်းမြို့နယ် ခ၀ဲခြံဦး ဘအိုလမ်းကွင်းပိုင်းနှင့် အင်းစိန် မြို့နယ် မွန်နှစ်ခြင်းဘုရားကျောင်း အနီးတွင် ရောင်းချလာသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။

အင်းစိန်နှင့် မရမ်းကုန်းတို့ တွင် ရောင်းချလျက်ရှိသည့် အစိမ်းရောင်အရောင်းဆိုင်လေးအပြင် လူမှုအဖွဲ့အစည်းများ၊ NGO အဖွဲ့များနှင့် ချိတ်ဆက်၍လည်း သွား ရောက်ရောင်းချ ပေးသည့်အပြင် ပြင်ပကျောင်းများနှင့် KBC ဆေးရုံတို့တွင်လည်း ရံဖန်ရံခါ ရောင်းချသည်ဟု ဆိုသည်။

ပြည်တွင်းတွင် ဓာတုဆေးဝါးမသုံးဘဲ အော်ဂဲနစ်နည်းစနစ်သုံး စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက် များနှင့် သီးနှံများသည် လွန်ခဲ့သည့် နှစ်များမှစတင်ခေတ်စားလာသော်လည်း ၀ယ်ယူသုံးစွဲသူနည်းပါးနေ သေးပြီး လက်ရှိအချိန်အထိ ဈေး ကွက်တွင်ကျယ်မှုမရှိသေးပေ။

ပြည်တွင်းစားသောက်ကုန် ဈေးကွက်တွင် ကျန်းမာရေးအသိအရစားသုံးလိုသော်လည်း အခြားသီးနှံများထက် ဈေးနှုန်းအနည်းငယ်မြင့်မားခြင်း၊ အလွယ်တကူမရရှိခြင်း၊ အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ်ရ ဟင်းသီးဟင်းရွက်နှင့် ထုတ်ကုန်များကို စိုက်ပျိုး ရောင်းချသူအချို့က ဟိုတယ်ကြီး များ၊ စားသောက်ဆိုင်ကြီးများနှင့် စူပါမားကက်များသို့ အဓိကဈေး ကွက်ထားရောင်းချခြင်းတို့ကြောင့် သာမန်လူတန်းစားများလက်လှမ်း မမီခြင်းများလည်း ရှိသည်။

ကျန်းမာသောဘ၀အတွက် ကျန်းမာစေမည့် အစားအစာနှင့် လူသုံးကုန်များထုတ်လုပ်ရောင်း ချပေးရန် ရည်ရွယ်သည့် အစိမ်း ရောင်ဆိုင်လေးတွင်တော့ ရပ် ကွက်အတွင်းရှိ သာမန်လူတန်းစားများကို ဦးတည်ကာရောင်းချခြင်း ဖြစ်သည်ဟု အလင်းအိမ်ဖွံ့ဖြိုးရေး စင်တာမှ မလင်းဝါက ပြောသည်။

‘‘ရပ်ကွက်ထဲဖွင့်ဖြစ်တာက အခြေခံလူတန်းစားကို ဦးစားပေး တဲ့အနေနဲ့ ကောင်းတဲ့အစားအစာကို စားစေချင်တဲ့တွက် ဖွင့်ဖြစ်တာ’’ဟု မလင်းဝါက ပြောသည်။

အစိမ်းရောင်ဆိုင်၏ ထူးခြား ချက်သည် ဓာတုဆေးဝါးသုံးစွဲခြင်းမရှိဘဲ ဧကအနည်းငယ်သာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် တောင်သူငယ်လေးများနှင့် လက်တွဲကာ ကျန်းမာသော အစားအစာကို လူထုထံ တိုက်ရိုက်ရောင်းပေးခြင်း ဖြစ်သည်။ ဟင်းသီးဟင်းရွက်ထုတ်ကုန်များသည် အော်ဂဲနစ်အသိအမှတ်ပြု လက်မှတ်များမရှိသော်လည်း မိရိုးဖလာနည်း အတိုင်း စိုက်ပျိုးသည့်နည်းစနစ်ကို ကျင့်သုံးသည်ဟု ကိုသက်နိုင်က ပြောသည်။

‘‘အော်ဂဲနစ်ဆာတီဖီကိတ်ရှိ လားမေးရင်တော့မရှိဘူး။ ယုံကြည်မှုနဲ့လုပ်တယ်။ ဒါနောက်ဆုံးပေါ်စ တိုင်လို့ ပြောကောင်းပြောပေမယ့် တကယ်တော့ မိရိုးဖလာနည်းပဲ။ ဒီရွာထဲမှာပဲ ဒီလိုစိုက်တယ်၊ ဒီလူ တွေသုံးတယ်။ တို့ကိုယ်တိုင်စား မယ်။ တို့ကိုယ်တိုင်အော်ဂဲနစ်ခြံနဲ့ နေမယ်။ တို့ပိုတာကို ရောင်းမယ်။ ငါတို့ချစ်ရတဲ့ သူငယ်ချင်းတွေကို ရောင်းပေးမယ်။ အဲဒီလိုမျိုးနဲ့ အစ ပြုတယ်’’ဟု ကိုသက်နိုင်က ပြော ကြားသည်။

ဂိုင်ယာ သည် စားသုံးသူအသိ ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသဖြင့် အစိမ်းရောင်အရောင်းဆိုင်ကို စားသုံးသူနဲ့ စိုက်ပျိုးသူကြား အပြန်အလှန် ဂရုစိုက်မှု (Care) ၊ ကျန်းမာရေး (Health) ၊ သင့်တင့်မျှတသည့် နှုန်းထား (Fair) နှင့် ဂေဟဗေဒကို စောင့်ရှောက်မှု (Ecology) စသည့် စည်းမျဉ်းလေးခုကို အခြေခံကာလုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဓာတုဆေးဝါးမသုံး ဘဲ မိရိုးဖလာနည်း သဘာဝအ တိုင်းစိုက်ပျိုးသဖြင့် ထုတ်ကုန်များသည် အနံ့နှင့် အမြင်မလှခြင်းရှိနေ၍ စားသုံးသူအချို့ကို ရှင်းပြရခြင်းများလည်းရှိသည်။

‘‘အော်ဂဲနစ်နဲ့ မရင်းနှီးတာ တွေလည်း တွေ့ရတယ်။ ဆန်ဆို အော်ဂဲနစ်ပြန်စားတော့ ဖွဲနံ့ကြီး၊ တကယ်တမ်းဖွဲနံ့တို့၊ အခွံနီနေတာ တို့က ဗီတာမင်တွေပါတယ်။ ဒါကို မသိတာလေးတော့ရှိတယ်’’ဟု ကိုသက်နိုင်က ပြောသည်။

အစိမ်းရောင်ဆိုင်မှ ရောင်း ချလျက်ရှိသည့် ဟင်းသီးဟင်းရွက် သီးနှံများကို အော်ဂဲနစ်အသိအ မှတ်ပြုလက်မှတ်ရရှိရန် လုပ်ဆောင်ရမည့် နည်းစနစ်များပြားပြီး ကုန်ကျစရိတ်လည်း များစွာရှိရာဧကအများအပြားစိုက်ပျိုးသူများ အတွက်သာ အကျိုးဖြစ်ထွန်းနိုင်ကာ ဧကအနည်းငယ်ရှိသည့် တောင်သူငယ်များအတွက် အဆင်ပြေနိုင်မည်မဟုတ်ဟု မလင်းဝါက ပြောသည်။

သဘာဝနည်းလမ်းဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ တောင်သူ များကို ချိတ်ဆက်ကာ တောင်သူ များ ကိုယ်တိုင်လာရောက်ရောင်း ချသည့် အစီအစဉ်ကို ယခုနှစ်အ တွင်း ပြုလုပ်မည်ဖြစ်ပြီး စားသုံးသူ နှင့် တောင်သူတိုက်ရိုက်ထိတွေ့ စေမည်ဟု မလင်းဝါကပြောသည်။


ဓာတ်ပုံ − Green Memo