ကင်ဆာရောဂါကို အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့သူ အနုပညာရှင် ကိုဌေးမင်းထွန်းနှင့် တွေ့ဆုံခြင်း

‘‘ကင်ဆာရောဂါခံစားလာရပြီဆိုရင် နံပါတ်(၁) စိတ်အရမ်း အရေးကြီးပါတယ်။ ငါအသက်ရှင်ရမယ်ဆိုတဲ့ စိတ်ကို မွေးပါ။ ကင်ဆာဖြစ်နေတဲ့သူတွေ အလုပ်ကို ပိုပြီးမလုပ်ပါနဲ့။ စားသောက်နေထိုင်မှုပုံစံတွေပြောင်းပါ’’
ဓာတ်ပုံ − ဌေးမင်းထွန်းဖေ့စ်ဘွတ်ခ်

လူငါးသိန်း၌ တစ်ဦးသာဖြစ် ပွားတတ်သည့် အလွန်ရှားပါး သော Chondrosarcoma ဟုခေါ် သည့် အရိုးကင်ဆာရောဂါကို မြန် မာနိုင်ငံမှ အကပညာရှင်တစ်ဦးခံ စားခဲ့ရသည်။ သို့သော် ၎င်းသည် နေထိုင်စားသောက်မှုပုံစံပြောင်းလဲခဲ့ရာမှ ရောဂါဖြစ်ပွားပြီး ၂ နှစ်ကျော်တွင် အဆိုပါကင်ဆာကို အောင်မြင်စွာ  တိုက်ထုတ်နိုင်ခဲ့ သည်။ ၎င်းသည် အိပ်မက်ဆုံရာအစီအစဉ်တွင် Trainer အဖြစ် ပါဝင်ခဲ့သူ ကိုဌေးမင်းထွန်း ဖြစ်သည်။ ထို့ကြောင့် ၎င်းနှင့်တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။
 

အရိုးကင်ဆာရောဂါဖြစ်နေတာ ကို ဘယ်အချိန်မှာ စသိခဲ့တာလဲ။

စဖြစ်တာက ၂၀၁၅ ဇွန်လ လောက်မှာပါ။ သိတယ်ဆိုတာ လည်း ကျွန်တော့်အကျင့်တစ်ခုက အလုပ်က ပြန်ရောက်တယ်ဆို ည နေဘက် ရှစ်မိုင်ကို ပတ်ပြေးတာပေါ့နော်။ ပြေးတော့ ဘယ်ဘက်ပေါင် မှာ အကြောနာသလို နာတယ်။ တစ်ရက်ကျတော့ ပေါင်မှာ နာနာကျင်ကျင်ကျွန်တော်ခံစားလိုက်ရတယ်။ ကိုယ့်ခန္ဓာကို ထိန်းနေရင်းနဲ့ အရမ်းစူးတာနဲ့ ဘာလို့ ဒီလောက်တောင်ဖြစ်ရတာလဲဆိုပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်တာနဲ့ ဆရာဝန်ကြီး ဦးကျော်မြင့်နိုင်နဲ့ သွားပြတယ်။ ဆရာဝန်ကြီးက စစ်ဆေးတဲ့အခါ မင်းပေါင်ထဲမှာ  အလုံးတစ်လုံးတွေ့တယ်ပေါ့။ ဒါပေမဲ့ ဓာတ်မှန်ထဲမှာ မသဲကွဲတော့ ကျွန်တော့်ကို MRI ရိုက်ခိုင်းတယ်။ ရိုက်တော့ MRI ထဲမှာ သူတွေ့တယ်။ မင်းခြေထောက်က အလုံးကတဖြည်းဖြည်းနဲ့ မင်းကိုဒုက္ခပေးတော့မယ်တဲ့။ ကျွန်တော်လည်း အရမ်းအံ့သြသွားတယ်။ နောက်ဆုံးကျတော့ ဆရာဝန်ကြီးက ခွဲခိုင်းတာပေါ့။ 

ဘယ်လိုကြောင့် ပြည်ပမှာသွားပြီး ကုသဖို့ ဖြစ်လာတာလဲ။

ဘန်ကောက်မှာရှိတဲ့ ဆေးရုံတစ်ခုက ကျွန်တော့်ကျောင်းနေဖက်သူငယ်ချင်းတွေကို ဆက်သွယ်တယ်။ သူတို့ကလည်း ဒီ Case က ပေါ့ပေါ့မလုပ်နဲ့တဲ့။ အရိုးကျိုးသွားရင် ကုရပိုခက်တယ်ပေါ့။ မကျိုးခင်မှာ အမြန်ဆုံးလုပ်ပါဆိုပြီးတော့ပြောတယ်။ ၂၀၁၅ ဇွန်လ ၅ ရက်မှာ ကျွန်တော်ဘန်ကောက်ကိုသွားကုတယ်။ သူတို့ကတော့ ကျွန်တော့်ကိုရိုးရိုး Tumour (အသားပို)ဖြစ်တဲ့ သဘောနဲ့ပဲ။ သူတို့စစ်တာလည်း အဲဒီလိုသဘောပဲတွေ့တဲ့အခါကျတော့ အလုံးကို ခြစ်ထုတ်လိုက်တာပေါ့နော်။ အထဲမှာရှိတဲ့အလုံးကို သေချာပြောင်အောင်ခြစ်ပြီး၊ ကျွန်တော်လမ်းလျှောက်လို့ရအောင်ဆိုပြီး အဲဒီထဲမှာ တိုက်တေနီယံထည့်လိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော်လမ်းပြန်လျှောက်လို့ရတယ်။ ခြောက်လလောက်ကြာတော့ ကျွန်တော်တုတ်ကောက်နဲ့ ဆေးရုံပြန်သွားတာပေါ့။ အဲဒီမှာ ဆရာဝန်က မင်းဘာလို့ တုတ်ကောက်ကြီးကိုင် ထားတာလဲ။ မင်းဒီလောက်ဆို တုတ်ကောက်ဖြုတ်သင့်နေပြီပေါ့။ သူက ဓာတ်မှန်ပြန်ရိုက်မယ်၊ ပြန်လည်း ရိုက်ရော၊ အရင်အထဲမှာရှိတဲ့ အလုံးလေးက တစ်စင်တီမီတာလောက်ပဲရှိမယ် အလွန်ဆုံး ၁ဒသမ၅ ပေါ့နော်။ အဲဒီအလုံးက လေးစင်တီမီတာ၊ ငါးစင်တီမီတာလောက်ဖြစ်နေပြီ။ အဲဒီအလုံးက အရိုးအပြင်ကိုရောက်နေတယ်။ အဲဒီမှာ သူတို့က မင်းကို ဓာတ်ရောင်ခြည် ပေးရမယ်နဲ့တူတယ်ဆိုပြီး ပြောတယ်။ နောက်မှ သေချာဆန်းစစ်တဲ့အခါကျတော့ ဒီအရိုးမှာဖြစ်တာက နံပါတ်(၁)အချက် ဓာတ်ရောင်ခြည်ပေးလို့မရဘူး။ နောက်ဆေးသွင်းကုသတာ (Ch-emotherapy) တွေ ဘာတွေလုပ်လို့မရဘူး။ အဲဒီမှာ ကျွန်တော်က ဘူမွန်ဂရက် (Bumrungrad) ဆေးရုံကိုချိတ်လိုက်တော့ အဲဒီ ပါမောက္ခဆရာဝန်ကြီးက တစ်ရက်တည်းမှာကိုရှိသမျှ Scan ပေါင်းမြောက်မြား စွာ အမျိုးမျိုးရိုက်တာ။ တချို့တွေဆို Nuclear ဆေးပညာဆိုတာ ကျွန်တော်လည်း မကြားဖူးပါဘူး။ အဲဒီဆေးထိုးပြီးရိုက်လိုက်ရင် ခန္ဓာကိုယ်မှာ အရိုးချည်းပဲတွေ့ရတယ်။ မကောင်းတဲ့အရိုးနေရာဆို အမည်းစက် (Spot) ကြီးတွေတွေ့ ရတယ်။ ကျွန်တော်လည်း အဲဒီတစ်ခါပဲ ကြားဖူးတယ်။ ဒါနဲ့ သူတို့ ကျွန်တော့်ကိုရိုက်တဲ့အခါမှာ အဲဒီတိုက် တေနီယံထည့်ထားတဲ့ ပေါင်ရိုး ထိပ်လေးမှာ Spot တွေသွားတွေ့ တယ်။ ဆရာဝန်ကြီးက ကျွန်တော့် ကို ပြောတယ်။ မင်းဒီအရိုးကတော့ထုတ်သင့်နေပြီ။ ထုတ်ပစ်လိုက် တာ ပိုကောင်းမယ်တဲ့။ ဆရာဝန်ကြီးကတော့ ပြောလိုက်ပြီ မင်းရောဂါက ရိုးရိုး Tumour (အသားပို)မဟုတ်တော့ဘူး။ ကင်ဆာဆဲလ်ဘက်ကို ကူးနေပြီ။ သူတို့စစ်လိုက်တဲ့အခါမှာ ကင်ဆာအဆင့် (၂) ဘက်ကို သွားနေပြီ။ နာမည်ကတော့ Chondrosarcoma ပေါ့။ သူ တို့နာမည်တပ်ထားတယ်။ ဒီရော ဂါက အရမ်းရှားတယ်။ အဲဒီအတွက် ပေါင်ရိုးတစ်ချောင်းလုံး လဲဖို့ပဲ ဆုံးဖြတ်ချက်ချတော့ဆိုပြီး ပြောတယ်။ အမေရိကမှာတောင် လူ ငါးသိန်းမှာမှ တစ်ယောက်ဖြစ်တာတဲ့။ အရမ်းရှားတယ်တဲ့။ အမျိုးသားတွေမှာ ပိုများတယ်။ ဖြစ်တာလည်း နှစ်နေရာပဲ။ ပေါင်ရင်းနဲ့ တင်ပါးဆုံမှာဖြစ်တာ။ တင်ပါးဆုံဖြစ်ရင် ပိုခက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က ဒီဘေးဘက် ပေါင်ရိုးဆိုတော့တော်သေးတယ်ပြောရမယ်။ တစ်လလောက်ကြာတော့ မလေးရှားက ပီနန်ဆေး ရုံကို ရောက်သွားတယ်။ အဲဒီမှာ ကင်ဆာသမားတွေကို ကုသတဲ့ စင်တာလည်းရှိတယ်။ အဲဒီမှာလည်း ကျွန်တော့်ကို သူတို့ရဲ့ နောက်ဆုံးပေါ်နည်းပညာအမျိုး မျိုးနဲ့ ပြန်စစ်တယ်။ ပြီးတော့ ဆရာဝန်ကြီးက ပြောတယ်။ သူတို့ဆေး ရုံမှာ ရောဂါရှာဖွေတဲ့ ဆရာဝန်ကြီး တွေနဲ့ အရိုးကုတဲ့ ဆရာဝန်ကြီး တွေရှိတယ်။ ဒါပေမဲ့ မင်း Case က အရမ်းကြီးတဲ့အတွက် ကိုင်တွယ် နိုင်တဲ့သူတော့မရှိဘူးတဲ့။ နောက် ပိုင်းကျ ဆရာဝန်ကြီးတွေ ကိုး ယောက်လောက်ရှိတယ်။ ကျွန် တော့်ရောဂါအတွက် အစည်းအ ဝေးထိုင်ပြီးတော့ ကျွန်တော့်ကို ဆရာဝန်ရွေးခိုင်းတယ်။  ကျွန်တော်လည်း ဆရာဝန်ကြီး ဗီဗိတ်ကိုရွေးလိုက်တယ်။ အဲဒီဆရာဝန်ကြီးက အရမ်းတော်တယ်။ 

အဲဒီမလေးရှား ဆေးရုံမှာကော အချိန်ဘယ်လောက်ကြာကုသမှုခံ ယူခဲ့ရလဲ။

ဒေါက်တာ ဗီဗိတ်ကတော့ အဲဒီလို Case ကို ကိုင်ခဲ့ဖူးတယ်။ ကင်ဆာက နှစ်မျိုးရှိတယ်။ အရိုး ထဲမှာဖြစ်တာနဲ့၊ အသားထဲမှာဖြစ် တာ။ ကျွန်တော်ဖြစ်တာက အရိုး ထဲမှာဖြစ်ပြီး အပြင်ကိုထွက်သွား ပြီးတော့ အသားထဲကိုရောက်သွား တာပေါ့။ အပြင်မှာ အသားလုံးကြီးလိုဖြစ်နေတာလေ။ နောက်ဆုံးခွဲခါ နီး ဓာတ်မှန်ရိုက်တဲ့အချိန်မှာ အရိုးကလုံးဝမရှိတော့ဘူး။ ကျွန်တော် လမ်းလျှောက်လို့ရတယ်ဆိုတာက တိုက်တေနီယံဂျွိုင့်ထည့်ထားလို့ သာ ထောက်တာနဲ့ လမ်းလျှောက် နေတာ။ သူတို့ဓာတ်မှန်ပြတယ်။ အရိုးက လုံးဝမရှိဘဲနဲ့ ခြအိမ်လေ။ ခြတွေအထဲမှာ သစ်သားတစ်ခုကို စားထားသလိုမျိုး အကုန်ကုန်ပြီ။ ကျွန်တော့်ပေါင်ရိုးကို ထုတ်လိုက် တဲ့အချိန်မှာ ကင်ဆာဆဲလ်ကျန်၊ မကျန်။ စစ်တဲ့အချိန်မှာတော့ အထဲ မှာမရှိဘူးဆိုတာ အဖြေထွက်လာ တယ်ပေါ့နော်။ အဲဒီလိုထုတ်ပြီးတဲ့ အခါကျ ဓာတ်ရောင်ခြည်ပေးလို့ရ ပြီ။ ဟိုမှာ ကျွန်တော်သုံးလလောက်ကြာတယ်။ ပထမတစ်လကတော့ ခြေထောက်အရောင်မကျတာ စောင့်ကြည့်တာ။ ဓာတ်ရောင်ခြည်ပေးတာတစ်လခွဲလောက်ကြာတယ်။ သုံးလလောက်ကြာတော့ ကျွန်တော်ပြန်လာတယ်။

ဒီရောဂါဘာကြောင့်ဖြစ်ရတယ်လို့ ဆရာဝန်ကြီးတွေက မှတ်ချက်ပြုလဲ။

ဒီရောဂါမတိုင်ခင် မတ်လ လောက်မှာ အိမ်ပြင်တော့ လက် ကျိုးဖူးသေးတယ်။ ပြုတ်ကျတော့ ကျွန်တော့် ဘယ်ဘက်ကိုကျတယ်။ လက်တော့ကျိုးသွားတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထင် ပေါင်မှာလည်း ဒဏ်များဖြစ်သွားသလားပေါ့။ သူတို့ထဲက တချို့ကတော့ အဲဒီလိုယူဆတယ်။ နောက်တစ်ခုကတော့ ရေမချိုးခင်မှာ ကိုယ်လက်လေ့ကျင့်ခန်းလောက်ပဲ လုပ်သင့်တာ။ ကျွန်တော်က လေ့ကျင့်ခန်းလုပ်တဲ့ အပြင်ကို ထပ်ပြီးပြေးလိုက်သေးတယ်။ အဲဒီအခါကျတော့ ကျွန်တော့်ခြေထောက်ဒဏ်ပြန်ဖြစ်ရင်းနဲ့ ပိုပိုဆိုးသွားတယ်။ တစ်ခုက ပြုတ်ကျလို့လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက အလုပ်လုပ်ပြီးပြန်လာ၊ အားတွေထပ်သုံးတယ်။ အဲဒီလိုမျိုးလည်းပြောတယ်။ နောက်တစ်ချက်ကတော့ သူ့ဟာသူလည်း ဖြစ်တယ်။ အဲဒီလိုမျိုးသုံးခုတော့ သူတို့သုံးသပ်တယ်။

မိသားစုအတွင်းမှာ ကင်ဆာမျိုးရိုးကော ရှိပါလား။

ရှိတယ်ဗျ။ ကျွန်တော့်အမေ ကတော့ အသည်းကင်ဆာနဲ့ ဆုံး တာပေါ့။ သူက စီပိုးလည်းရှိတာ ကိုး။ အမေက စစ်တဲ့အချိန်မှာ သိ ပြီး နှစ်ပတ်ပဲခံတယ်။ နောက်ကျ သွားတယ် အရမ်းကို။ တချို့ဆိုရင် Lifestyle ပြောင်းလိုက်လို့ ပျောက်သွားတဲ့သူတွေရှိတယ်။ အဲဒီအချိန်မှာက ကျွန်တော်တို့လည်း ကျန်းမာရေးအသိကလည်း အားနည်း တယ်။ အဖေကတော့ လေဖြတ်၊ သွေးတိုး၊ ဆီးချိုရောဂါတွေရှိတယ်။ ကျွန်တော်ကိုတော့ ဆရာဝန်ကြီးတွေ စစ်တာတော့ အဲဒီလိုရောဂါတွေ အခုထက်ထိ မရှိဘူးပြောတယ်။

ကင်ဆာရောဂါအတွက် နေထိုင် စားသောက်မှုပုံစံက ဘယ်လောက်အရေးပါလဲ။

ကျွန်တော်ဆေးတွေမသောက်ဘူး။ ကျွန်တော်အစားအသောက်ပဲ စားတယ်။ ဆေးအစားမုန်လာဥအနီ ဖျော်ရည်တွေသောက်တယ်။ ချင်းတို့၊ နနွင်းတို့၊ မုန်လာဥနီတို့ နေ့တိုင်းကို သူ့အချိုးလေးတွေရှိတာပေါ့နော်။ အဲဒါတွေ ကျွန်တော်သောက်ရတယ်။ နောက်အာလူးရည်၊ အာလူးအစိမ်းကို အရည်ပဲထုတ်ထားတာ။ သင်္ဘောရွက်လေ သူက အ၀င်အဆိုးဆုံး။ အဲဒီ ကောင်က ကင်ဆာဖိုက်တဲ့ အ ကောင်တွေလေ။ ခါးတူးနေတာပဲ။ အဲဒါတွေ ကျွန်တော်သောက်တယ်။ ဆလတ်ရွက်တွေ ကျွန်တော်သုပ်စားတယ်။ အသားတွေလုံးဝမစားဘူး။ ဖြတ်ပစ်လိုက်တယ်။ အချိုရည်တွေဆို အကုန်ရပ်ပစ်လိုက်တယ်။ ကျွန်တော်သကြားပါတာလုံးဝမစားဘူး။ ကိုရီးယား Spa မှာ တစ်ပတ်ကိုနှစ်ကြိမ်၊ တစ်ခါတလေတစ်ရက်ခြားသွားသွားပြီး ရေနွေးသွားစိမ်တယ်။ မလေးရှားက အန်နွန်လို့ခေါ်တဲ့ Health Centreကိုသွားလေ့လာတယ်။ အဲဒီစင်တာမှာ ကျွန်တော် ဆယ်ရက် (10 Day Program) သွားနေတယ်။ သူတို့ရဲ့ Lifestyle ကို ကျွန်တော်လေ့လာတယ်။ အဲဒီစင်တာမှာ ဆေးမရှိဘူး။ အစားအသောက်နဲ့ပဲ။ တချို့မျှော်လင့်ချက်မရှိဘူးလို့ ပြောလိုက်တဲ့ ကင်ဆာလူနာတွေဆို အဲဒီစင်တာရောက်သွားတာနဲ့ ရောဂါပျောက်သွားတဲ့သူတွေတောင်ရှိတယ်။ အဲဒီမှာက ရေပူ၊ ရေအေးနဲ့ ကုသပေးတာတို့၊ အစားအသောက်ပုံစံပြောင်းလဲပြီး ကျွေးတာတို့၊ အနားယူတဲ့ပုံစံမှန်ကန်အောင် လုပ်ပေးတာမျိုးတို့။ အနားယူတာမှန်တဲ့ဟာဆိုတာက အိပ်ချိန်မှန်တာမျိုးကိုပြောတာ။ ည ၁၀ နာရီနဲ့ မနက် ၆ နာရီအတွင်း အိပ်ရမယ်။ ဆဲလ်အကောင်းတွေမွေးတဲ့အချိန်က ည ၁၀ နာရီနဲ့ မနက် ၂ နာရီကြားမှာ မွေးတယ်။ ကျွန်တော်တို့ ခန္ဓာ ကိုယ်က ဆဲလ်က အမြဲတမ်း ၁၅ ရက်တစ်ခါလဲနေတာ။ ဆဲလ်အ ကောင်းတွေထွက်ဖို့အတွက် အဲဒီ လိုအိပ်ရတယ်။ ဆဲလ်ကထွက်လာ ရင်းနဲ့ ဒီရောဂါတွေကို ပြန်ပြီးတော့ တိုက်ပေးနေတာ။ လေရှူတဲ့အခါ ကျရင် သွေးထဲမှာရှိတဲ့ အောက်ဆီ ဂျင်ကို ပိုပြီးတော့ ကြီးထွားစေ တယ်။ ကြီးထွားခြင်းအားဖြင့် ကျွန် တော်တို့ ဒီကင်ဆာတွေက သွေး သားတွေနဲ့ ဖြစ်ပျက်နေတဲ့အရာ ဖြစ်တဲ့အတွက် အကုန်ပြန်ဖိုက် ပေးတာသူက။ အဲဒီလိုမျိုးပြန် တိုက်ပေးတယ်။ အစားအသောက် လည်းစား။ အနားယူတာရှိတယ်။ အပြင်ကုသမှုတွေက ရေပူ၊ ရေအး စနစ်တို့ပေါ့။ ရေပူချိုးတဲ့အခါမှာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ သွေးက ကျဲသွားတယ်။ ပြန့်သွားတယ်။ သွေးဆူတာပေါ့။ သွေးဆူပြီးတော့ ရေအေးလောင်းတဲ့အချိန်မှာ သွေး ကပြန်ပြီးတော့ ပြန်ကျုံ့သွားတာ ပေါ့။ ပူလိုက်အေးလိုက်လုပ်တဲ့ အခါကျတော့ ဒီသွေးတွေက အထဲမှာသွားလိုက်၊ ရပ်လိုက်နဲ့ သွေးကို လုပ်ပေးတဲ့အခါကျတော့ ကင်ဆာ က အားနည်းလာတယ်။ ပြီးတော့ ကင်ဆာရဲ့ သဘောသဘာဝက အသားစားရင် ကင်ဆာဆဲလ်ကြီး က ပိုကြီးလာတယ်။ အသားရပ် လည်း ရပ်လိုက်ရော ဆဲလ်မကြီး ထွားနိုင်တော့ဘူးပေါ့။ သူ့ကိုအား နည်းအောင်လုပ်ရတာပေါ့နော်။ သူ့ကို အားမပေးတဲ့၊ သူ့ကိုတိုက်တဲ့ အစာတွေစားရင်းနဲ့ ဖိုက်ရတယ်။ နောက်တစ်ခါ စိတ်ဓာတ်ပေါ့နော်။ အဲဒီလိုမျိုးတွေနဲ့ လုပ်မယ်ဆိုရင် ဆေးဝါးသုံးစရာမလိုပါဘူး။ ဒါပေ မဲ့ အချိန်တော့ပေးရတယ်။ လူတိုင်း Lifestyle ချိန်းပြီးတော့ အစားအသောက် ပြောင်းရတယ်။ အိပ်တာတွေ ပြောင်းရတယ်။ ရေများများသောက်ရတယ်။ လေတွေရှူရ တယ်။ လေ့ကျင့်ခန်းတွေလုပ်ရ တယ်။ နေရောင်ခြည်တွေပေးရ တယ်။ နောက်တစ်ခုက ချုပ်တည်း ခြင်းရှိရတယ်။ နောက်ဆုံးကျ တော့ ဘုရားပေါ့နော်။ အဲဒီ ရှစ် ချက်အရမ်းအရေးကြီးတယ်။ New Start ဆိုတာ အဲဒါလေ။ N ဆိုတာက Nutriation ၊ E က Exercise ၊ W ဆိုတာက Water  ပေါ့နော်။ Start မှာ S ဆိုတာက Sunlight ပေါ့။ T ကျတော့ ချုပ် တည်းခြင်း၊ အစားအသောက်တွေ တွေ့ရင် လူတိုင်းကစားချင်တယ်။ Control မရှိဘူးလေ။ ပုံမှန်လေး စား။ A ကကျတော့ Air ပေါ့နော် လေရှူတာ။ R ဆိုတာက Rest အနားယူတာ။ နောက်ဆုံး T က တော့ ဘုရားပေါ့နော်။ အဲဒီလိုစိတ် တွေပြောင်းလဲလိုက်ရင် ရောဂါက သူ့ဟာနဲ့ သူပျောက်သွားတယ်။ Lifestyle ချိန်းတဲ့အခါမှာ ကျွန် တော်တို့ စိတ်ကပါ လိုက်ပြောင်း သွားတယ်။ စိတ်ထားတတ်သွား တယ်။ ကျွန်တော်ကတော့ အဲဒီလို ပြောင်းလဲခဲ့တာပေါ့။

ကင်ဆာကို အောင်နိုင်သူတစ် ယောက်အနေနဲ့ အကြံပြုစကား လေးပြောပေးပါဦး။

နံပါတ်(၁) စိတ်အရမ်းအ ရေးကြီးပါတယ်။ ငါအသက်ရှင်ရ မယ်ဆိုတဲ့ စိတ်ကိုမွေးပါ။ ကင်ဆာဖြစ်နေတဲ့သူတွေ အလုပ်ကိုပိုပြီး မလုပ်ပါနဲ့။ ကျွန်တော်တို့က ရောဂါဖြစ်ပြီဆိုတာ သိပြီဆိုရင် တုံးတုံးချပြီး အခန်းလေးထဲမှာ အောင်းပြီးတော့နေတာ။ သူတို့ကို ကြည့်လိုက်ရင် ကျွန်တော့်စိတ်ထဲ မှာမကောင်းဘူး။ ကိုယ်ချင်းလည်း စာတယ်။ နေရောင်ခြည်ကိုထိပါ။ နေရောင်ခြည်က ကျွန်တော်တို့ စိတ်ဓာတ်ကိုပြောင်းလဲပေးတာ။ တချို့က Lifestyle ပြောင်းလဲရင် အစားအသောက်က ဈေးကြီးတယ်။ အစေ့အဆန်တွေ အကုန်ပါတယ်။ အဲဒါတွေစားရတယ်။ အဲဒါတွေ အကုန်လုံးက ကင်ဆာကို ဖိုက်တဲ့ ကောင်တွေ။ အစေ့အဆန်တွေက ဈေးကြီးပေမယ့် ကိုယ်လက်လှမ်းမီသလောက် ၀ယ်ယူစားသင့်တယ်။ အိမ်မှာဟင်းရွက်လေးတွေ၊ ချဉ်ပေါင်ဟင်းချိုလေးတွေ ရိုးရိုးရှင်းရှင်းစားပါ။ အသားအစားကို ပဲ ဟင်းလေးတွေ ရိုးရိုးရှင်းရှင်းလေး တွေစားတတ်တဲ့ အကျင့်လုပ်ပါ။ အကြံပြုချင်တာက အသားကို မ ရှောင်နိုင်ရင်တောင် တစ်ရက်ခြား ဖြစ်ဖြစ်စားပါ။ စားရင်လည်း သေး သေးလေးတွေတုံးပြီးတော့ အဖြစ် လောက်ပဲစားပေါ့။ ဖြစ်နိုင်ရင် တော့ ရောဂါဖြစ်ပြီဆိုရင် အသား ကိုဖြတ်လိုက်ပါ။ လူနာနေတဲ့အ ခန်းကိုလည်း နေရောင်ကောင်း ကောင်းရတဲ့၊ လေ၀င်လေထွက် ကောင်းတဲ့နေရာမှာထားပါ။ လူနာအခန်းကို ရှင်းရှင်းလင်းလင်းထား ရမယ်။ ရေများများသောက်တဲ့အ ကျင့်လုပ်ပါ။ ရောဂါမဖြစ်ခင်က တည်းက ဒီအမူအကျင့်တွေကို ကြိုပြီးတော့ ပြောင်းထားတာကတော့ အကောင်းဆုံးပါပဲ။ ပြီးတော့ စိတ် ကိုရိုးရိုးရှင်းရှင်းထားပါ။ ငါအသက်ရှင်မယ်ဆိုတဲ့ စိတ်ထားတယ်။ ဘယ်တော့မှ စိတ်ဓာတ် မကျဖို့။ စိတ်က အရမ်းအရေးကြီးပါတယ်။ ဒါလေးတွေအကြံပြုချင်ပါတယ်။

ဖြေကြားပေးတာ ကျေးဇူးတင်ပါ တယ်။

More in Interview Section