မြန်မာနိုင်ငံတွင် ကလေးအသည်းအစားထိုးခွဲစိတ်ကုသမှု ပထမဆုံးအကြိမ်ပြုလုပ်မည်

 မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှုကို ယခုနှစ်အတွင်း ပြုလုပ်နိုင်မည်ဖြစ်သည်။

အဆိုပါအသည်းအစားထိုး ကုသမှုကို ဂျပန်နိုင်ငံ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်၍ ရန်ကုန်ကလေးဆေးရုံကြီးတွင် ဇွန်၊ ဇူလိုင်လ၌ ပြုလုပ်ပေးနိုင်ရန် စီစဉ်ထားသည်။ ထို့ပြင်ကနဦးအ နေဖြင့် မတ်လတွင် မြန်မာနိုင်ငံမှ ကလေးငယ်တစ်ဦးကို ဂျပန်နိုင်ငံ သို့ ခေါ်ယူကာ အသည်းအစားထိုး ကုသပေးမည် ဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက ပြောသည်။


‘‘တစ်ယောက်ကို ဂျပန်ခေါ် ပြီး တစ်ယောက်ကို ဒီမှာခွဲမယ်။ ကျွန်မတို့ဆီက ကလေးတစ်ဦးကို ခေါ်သွားပြီးတော့ ဂျပန်မှာအ သည်းအစားထိုးဆောင်ရွက်ပါ မယ်။ အဲဒီမှာက ကျွန်မတို့ဆီက အသည်းအစားထိုးအဖွဲ့က အား လုံးလိုက်သွားပြီးတဲ့အခါကျတော့ အနီးကပ်လေ့လာပါဦးမယ်။ သူ တို့နည်းပညာအကူအညီနဲ့ပါ။ ကျွန်မတို့ကို ဟိုမှာလည်း သင် တန်းပေးတယ်။ ဒီမှာလည်း လက် တွေ့သင်တန်းပေးတာတွေ လုပ် ပေးပါတယ်’’ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘အ သည်းအစားထိုးဖို့အတွက်ကို ကျွန်မတို့ဆီမှာလာပြီး ကုသတဲ့သူ တွေထဲက ရွေးချယ်တာပေါ့နော်။ ရွေးချယ်ပြီးတော့လည်း တော် တော်များများ စစ်ဆေးရတယ်။ အသည်းကလည်း အစားထိုးဖို့ လိုအပ်တယ်။ နောက်ပြီး အသည်း အစားထိုးလုပ်ပြီးရင် Follow Up လုပ်ရတာတို့၊ အချိန်ကြာကြာဆေးသောက်ခိုင်းရတာတို့ရှိတဲ့အ တွက် ဒါတွေလုပ်နိုင်ရဲ့လားဆို တာ ဆန်းစစ်ရပါတယ်။ လိုအပ် တဲ့ သွေးစစ်ဆေးမှုကတော့ တော် တော်လေးများပါတယ်။ ဒီမှာ စစ် လို့ရတာရှိသလို ဒီမှာမရတာကို နိုင်ငံခြားထိပို့စစ်ရတာရှိပါတယ်’’ ဟု ပြောသည်။

ဂျပန်နိုင်ငံသို့ အသည်းအစားထိုး သွားရောက်ကုသမည့်ကလေး ငယ်သည် မွေးရာပါသည်းခြေပြွန် ကျဉ်းရောဂါ ခံစားနေရသည်ဟု ဆိုသည်။ ရန်ကုန်ကလေးဆေး ရုံကြီးတွင် အသည်းအစားထိုးခွဲ စိတ်ကုသမည့် ကလေးငယ်ကိုမူ မရွေးချယ်ရသေးကြောင်း ဒေါက် တာ စုစုဒွေးက ပြောသည်။

ရန်ကုန်ကလေးဆေးရုံကြီး တွင် ဇန်န၀ါရီ ၂၇ ရက်က ကလေးကျောက်ကပ်အစားထိုးခွဲစိတ်ကု သမှုတစ်ခု ပြုလုပ်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကလေးကျောက်ကပ်အစားထိုးမှုကို လေးကြိမ်ပြုလုပ်နိုင်ပြီး ကလေးအသည်းအစားထိုးမှုကို ပထမဆုံးပြုလုပ်နိုင်တော့မည်ဖြစ်သည်။