ရုပ်ရှင်အကြိုခံစားခြင်း

THE PRINCESS AND THE MATCHMAKER

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာတော့ တောင်ကိုရီးယား သမိုင်းနောက်ခံ ဟာသဒရာမာ ဇာတ်ကားသစ် လေး အကြိုခံစားရအောင် ဖော်ပြ လိုက်ပါတယ်။ ဂျိုဆွန်းခေတ်က မင်းသမီး ဆောင်းဟွာရဲ့ ဖူးစာရှင် ရွေးချယ်ပွဲကို ဇာတ်အိမ်တည် ထားတာ ဖြစ်ပါတယ်။

မင်းသမီးလေး ဆောင်းဟွာ ဟာ အောင်သွယ်တော်က တစ် ဆင့် ဖူးစာဖက်ရှာပြီး အိမ်ထောင် ပြုတာကို မလိုလားသူတစ်ဦးပါ။ ဆောင်းဟွာကို သဘောကျသူ တွေထဲမှာ အရည်အချင်းတစ်မျိုး စီပိုင်ဆိုင်တဲ့ အမျိုးကောင်းသား လေးဦး ရှိနေပါတယ်။

အိမ်ထောင်ဖက်ကို မဖြစ် မနေ ရွေးချယ်ရတော့မယ့်အနေ အထားမို့ ဖူးစာရှင်အစစ်အမှန်ကို ကိုယ်တိုင်ရွေးချယ်ချင်တဲ့ ဆောင်းဟွာဟာ နန်းတော်ကနေ ထွက်ခွာ ပြီး ခင်ပွန်းလောင်းအရှာထွက်ခဲ့ ပါတော့တယ်။

စည်းကမ်းတင်းကျပ်လွန်း တဲ့ နန်းတော်ကနေ အပြင်ကမ္ဘာ ကို ရောက်လာတဲ့ မင်းသမီးလေး အဖို့ စိတ်ဝင်စားစရာအကြောင်း အရာတွေနဲ့မို့ အပျော်ကြီး ပျော် နေခဲ့ပါတယ်။

အဲဒီနောက် ဆောင်းဟွာဟာ ဖူးစာဖက်ရွေးတဲ့နေရာမှာ တော် တဲ့ အောင်သွယ်တော် ဆိုဒိုယွန်း ဆိုသူနဲ့ ဆုံခဲ့ပါတယ်။ ဆောင်း ဟွာရဲ့ ခင်ပွန်းလောင်းစာရင်းဝင် အမျိုးသားလေးဦးအနက် ဆောင်း ဟွာရဲ့ ဖူးစာဖက်က ဘယ်သူဆိုတာကို ဆိုဒိုယွန်းက ရွေးချယ်ပေး ခဲ့ပါတယ်။

မင်းသမီးလေးရဲ့ ခင်ပွန်း လောင်းလေးယောက်က ဘယ်လိုစွမ်းရည်တွေနဲ့ ဖြစ်မလဲ၊ နောက် ဆုံးမှာ မင်းသမီးလေးက ဘဝ လက်တွဲဖော်ကို ဘယ်လိုရွေးချယ် နိုင်ခဲ့သလဲဆိုတာကို အလွဲလေး တွေနဲ့အတူ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ပါဝင်ထားသူတွေက Lee Seung Gi, Shim Eun-Kyung, Kim Sang Kyung, Yeon Woo Jin စသူတွေ ပဲ ဖြစ်ပါတယ်။