မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီအတွင်း အအေး ဆက်လက်ပိုနေမည်

လာနီညာအားကောင်း လာခြင်းနှင့် တရုတ်နိုင်ငံဘက်မှ လေအေးများဝင်ရောက်လာခြင်း တို့ တစ်ပြိုင်တည်းဖြစ်ပေါ်နေ၍ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီအ တွင်း ဆက်လက်အအေးပိုလာနိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး သည်။

‘‘အခုအေးနေတာကတရုတ် ဘက်က လေအေးတွေနဲ့လာနီ ညာ။ အဲဒီနှစ်ခုကြောင့် အေးနေ တာ။ အပေါ်ပိုင်းက တရုတ်လေ အေးကြောင့် အောက်ပိုင်းဒေသတွေက လာနီ ညာကြောင့် အေးတာ။ ဖေဖော်ဝါရီလထဲမှာ ပိုအေးလာနိုင်တယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြော သည်။

 ယခင်ဆောင်းရာသီများ ထက် အအေးပိုနေချိန်တွင် ဇန်န၀ါရီ ၂၅ ရက် နောက်ပိုင်းက စတင်ကာ ပုံမှန်ထက် အအေးပိုပြီး မော်လိုက်၊ နမ့်စန်၊ သီပေါ၊ ပေါက်နှင့် ကြို့ပင်ကောက်မြို့တို့တွင် ဇန်န၀ါရီ ၂၈ ရက်မှ ၃၁ ရက်အထိ လေးရက်ဆက်၍ အအေးစံချိန်သစ်များ အသီးသီးတင်ခဲ့ သည်။

ထို့ပြင် ယမန်နေ့က နေပြည် တော်တွင် ၂၀၀၇ ဇန်န၀ါရီ ၁၆ ရက်က အမြင့်ဆုံးမှတ်တမ်းဖြစ် သော ၁၀ ဒီဂရီစင်တီဂရိတ်ကို ၉ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်သစ် တင်ခဲ့သည်။

‘‘အေးလာတာက ရပ်မသွား ဘဲ ဆက်အေးနေတယ်။ နှစ်ပတ် လောက်ရှိပြီ။ ရုတ်တရက် အေး လာတာဆိုတော့ အိမ်က လူကြီး သူမတွေရဲ့ ကျန်းမာရေးကို ပိုဂရု စိုက်ရတယ်’’ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ဦးလဂျွန်အောင် နန်းကပြောသည်။

ရန်ကုန်မြို့ အပါအ၀င် ဒေ သအနှံ့တွင် အေးလာနိုင်ပြီး ပုံမှန် ထက်အေးနိုင်သော ဒေသများအဖြစ် စစ်ကိုင်းတိုင်း၊ ကယား၊ ချင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့ကို ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

အထက်ပါဒေသများအပြင် ကယား၊ ကရင်၊ မွန်ပြည်နယ်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နံနက်ပိုင်း၌ မြူများ ကျဆင်းနိုင်ကြောင်း သတင်းထုတ်ပြန် ထားသည်။

Top News