မြို့နယ်အားလုံး၏ ၉၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း 4G ကွန်ရက်လွှမ်းခြုံပေးမည်ဟု တယ်လီနောကြေညာ

 မြန်မာနိုင်ငံရှိ မြို့နယ် အားလုံး၏ ၉၀ ရာခိုင်နှုန်းကို ၂၀၁၈ အတွင်း 4G ကွန်ရက် လွှမ်းခြုံပေးမည်ဟု တယ်လီနောက ဇန်န၀ါရီ ၃၁ ရက်တွင် ကြေညာသည်။

၂၀၁၈ ဇန်န၀ါရီအတွင်း မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ လွိုင်ကော်၊ တာချီလိတ်၊ သံတွဲ၊ ပုသိမ်နှင့် မြောင်းမြတို့တွင် 4G ကွန်ရက်မိတ်ဆက်ခဲ့ပြီးနောက် တယ်လီနောက ယခုကဲ့သို့ ကတိ ပြုခြင်းဖြစ်သည်။


လက်ရှိအချိန်အထိ မြို့ကြီး များနှင့် မြို့နယ် ၁၂၀ ကျော်တွင် တယ်လီနောက 4G ကွန်ရက်တည်ဆောက်ထားပြီး အူရီးဒူးက မြို့နယ် ၂၀၀ ကျော်တွင် တည်ဆောက်ထားသည်။

အလားတူ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် 4G ကွန် ရက်ကို  ၈၂ မြို့တွင် တည်ဆောက်ထားကြောင်း ကြေညာသည်။

4G ကွန်ရက်အမြန်နှုန်းကို တယ်လီနောက ထုတ်ပြန်နိုင်ခြင်း မရှိသော်လည်း အူရီးဒူးသည် Pro 4G ကွန်ရက်တွင် အမြန်နှုန်း 500Mbps အထိ ရရှိမည်ဟု ကြေ ညာခဲ့သည်။ 4G ကွန်ရက်အတွက် လိုအပ်သော လှိုင်းနှုန်းစဉ်ကို တယ်လီနောနှင့် အူရီးဒူးက ကန် ဒေါ်လာသန်း ၁၆၀ ရင်းနှီးခဲ့သည်။