မြတ်ဗုဒ္ဓရှင်နွေးစေချင် ရည်စူးဆင်နွှဲ ညံရိုးပွဲ

ပြည်ရွှေဆံတော်စေတီတွင် ပြီးခဲ့သည့်တပို့တွဲလပြည့်နေ့က ညံရိုးပူဇော်ပွဲကျင်းပနေစဥင်္

မျက်ရည်ယိုရွှဲ တပို့တွဲဆို သည့်   ဆိုရိုးစကား အတိုင်းပင် ဆောင်းရာသီတွင် တပို့တွဲလသည် အအေးလွန်ကဲလှသည်။ ယင်းအချိန်ကာလတွင် မြတ်ဗုဒ္ဓဘုရားရှင်အား အ နွေးဓာတ်ရစေရန် ရည်ရွယ်ကာ ညံရိုးများကို မီးရှို့ပူဇော်ကုသိုလ် ယူကြသည်။

ညံရိုးပူဇော်ခြင်းကို ပျူလူမျိုး တို့နေထိုင်ရာ သရေခေတ္တရာမြို့ ၏ပြည့်ရှင်ဒွတ္တဘောင်မင်းကြီး တည်ထားသည့် ရွှေဆံတော်စေ တီတော်မြတ်ကြီးတွင် တပို့တွဲလ ပြည့်နေ့အရုဏ်ဦး၌ ခြိမ့်ခြိမ့်သဲ ပူဇော်သည်။

‘‘အေးလွန်းတဲ့အခါ လူတွေ မီးလှုံကြသလို မြတ်ဗုဒ္ဓဘုရားရှင် လည်း အနွေးဓာတ်ရပါစေဆိုတဲ့ မွန်မြတ်တဲ့ ကိုယ်ချင်းစာစိတ်နဲ့ မီး ပူဇော်ကုသိုလ်ယူကြတယ်။ ပြည် ဒေသခံတွေ အလေးထားဆင်နွှဲ တဲ့ပွဲတော်ပါ’’ဟု ရွှေဆံတော်စေ တီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဦးငွေမောင်က ပြောသည်။

တပို့တွဲလဆိုလျှင် ချမ်းအေး သည့် ဒဏ်ကိုခံနိုင်ရန် ကိုယ်လက် လှုပ်ရှားမှုအနေဖြင့် ထမနဲထိုးပွဲ ကျင်းပကျွေးမွေးသည်ကို မြန်မာ တို့၏စိတ်ဝယ် မြင်ယောင်ကြပါ မည်။

ပြည်မြို့တွင်မူ တပို့တွဲလ ထမနဲပွဲတော်ဆိုသည့် စကားအ တိုင်း ထမနဲပွဲတော်အပြင် ပြည်မြို့တစ်မြို့တည်း၌သာ ကျင်းပလေ့ ရှိသည့် ညံရိုးပူဇော်သည့် ဓလေ့ ပွဲတော်မှာ ယခုနှစ် တပို့တွဲလပြည့် နေ့တွင် (၉၅)နှစ်ရှိပြီဟု ဦးငွေ မောင်က ဆိုသည်။

တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်အား ညံရိုးပူဇော်နိုင်ရန် ရွှေဆံတော်စေတီရင်ပြင်တွင် အုတ်ပတ်လည်စီကာ ယာယီမီးဖို သဏ္ဌာန်တည်ဆောက်ပေးထား သည်။ ညံရိုးပူဇော်သူများက ထိုမီးဖိုအတွင်း ညံရိုးများ ပစ်ထည့် ကာ ပူဇော်ကြခြင်းဖြစ်သည်။

ညံရိုးပင်များသည် ရေကန်၊ အင်း စသော ကမ်းစပ်နေရာများ တွင် အလေ့ကျ ပေါက်ရောက် သည့် ကိုင်းပင်အမျိုးအစားများ ဖြစ်သည်။ ညံရိုးပူဇော်သည့်နေ့ မတိုင်မီ တစ်လခန့်ကပင် ခုတ်လှဲ ကာ နေပူလှန်းထားသည်။ ထိုညံရိုးဖြစ်လာမည့်ကိုင်းပင်များကို သဲကုန်းမြို့နယ် အင်းမအင်းရှိရာ ဒေသများနှင့် ပြည်မြို့နယ် နဝင်း ချောင်း၊ လော့သော်ချောင်း စသည့် ဒေသများ၌ အများဆုံး တွေ့ရသည်။

‘‘ညံရိုးပင်ကို ခုတ်ခါစမှာ အ စိမ်းဖြစ်နေတာကြောင့် သယ်ယူ ရတာ လေးတယ်။ အစိမ်းလွှာကို ဓား၊ ခုံးကောင်အခွံ စတာတွေနဲ့ ခြစ်လိုက်တဲ့အခါအဖြူရောင်ပေါ် လာတယ်။ အဲဒီမှာ နေပူလှန်းအ ခြောက်ခံရတယ်။ ခြောက်သွားရင် ညံရိုးအခေါင်းထဲမှာ ကရင်နီလို့ ခေါ်တဲ့ ပုရွက်ဆိတ်ခိုအောင်း တတ်တာကြောင့် မပါအောင် ဂရု စိုက်ရတယ်။ သူတို့ကိုက်မိရင် အ တော်နာတယ်’’ဟု ညံရိုးပြုလုပ် ရောင်းချသူတစ်ဦးက ညံရိုးပြုလုပ် ပုံအဆင့်ဆင့်ကို ပြောသည်။

ညံရိုးများ ခြောက်သည့်အခါ ဆင်စွယ်ကဲ့သို့ အဖြူရောင်အ ဆင်းရှိလာသည်။ ပေါ့ပေါ့ပါးပါးရှိ သဖြင့် သယ်ဆောင်ရလွယ်ကူ သည်။ ထို့ပြင် ညံရိုးများသည် မီးလောင်မြန်ခြင်းကြောင့် ယခင်က သနပ်ခါးတုံး၊ ရှားသစ်သားတုံးတို့ ဖြင့် မီးရှို့ပူဇော်သည့် နေရာတွင် အဆိုပါညံရိုးများဖြင့် အစားထိုး ပူဇော်ခြင်းဖြစ်သည်။

ညံရိုးရောင်းချသူများသည် တပို့တွဲလပြည့်နေ့မတိုင်မီ တစ် ရက်စောပြီး ရွှေဆံတော်စေတီ မြတ်ကြီးဆီသို့ ရောက်ရှိလာ သည်။ တစ်နှစ်မှ တစ်ခါသာ ရောင်းချရခြင်းကြောင့် စီးပွားဖြစ် ရောင်းချခြင်းမျိုးမဟုတ်ဘဲ အစဉ်အလာကို ထိန်းသိမ်းပြီး ကုသိုလ်ယူ ရောင်းချခြင်းမျိုးဟု ဆိုနိုင်သည်။ ညံရိုးရောင်းရငွေသည် စားဝတ်နေရေးကို အခိုက်အတန့် အားဖြင့်သာ ဖြေရှင်းနိုင်သည့် အ ခြေအနေသာရှိသည်။

‘‘ကိုယ်တိုင်လည်း ဝင် ရောက်ပူဇော်ဖြစ်တယ်။ ညံရိုးတွေ လုပ်နေကတည်းက ကုသိုလ်စိတ် လေးကိန်းအောင်းနေတော့ ကု သိုလ်လည်းရ ပိုက်ဆံလည်းရ ပေါ့’’ဟု ညံရိုးရောင်းချသူ ဒေါ် ဘုတ်ဆုံက ပြောသည်။

ညံရိုးတစ်စည်းလျှင် အရွယ် အစားကြီးပါက သုံးချောင်းခန့်ပါ ဝင်ပြီး သေးပါက ငါးချောင်းခန့် ပါဝင်ကာ တစ်စည်းလျှင် ငါးရာ ကျပ်ဖြင့် ဝယ်ယူနိုင်သည့်အပြင် တစ်ချောင်းချင်းစီလည်း ဝယ်ယူ နိုင်ကြောင်း ညံရိုးဝယ်ယူပူဇော် သည့် ပြည်ဒေသခံအမျိုးသမီး မအိမွန်ဖြိုးက ပြောသည်။

‘‘ညံရိုးဆိုတဲ့အသံကို ကြား တဲ့ အများစုကတော့ ဉာဏ်ပညာ နဲ့ ဆိုင်တဲ့ ဉာဏ်ရိုးလို့ပဲ ထင်ကြ၊ ပြောကြတယ်။ ကျွန်မလည်း မသိ ခင်က ဉာဏ်ပညာထက်မြက်စေ ဖို့ ဉာဏ်ရိုးနဲ့ မီးပူဇော်ကြတာလို့ ထင်ခဲ့တယ်။ ဉာဏ်ဆိုတဲ့အသံက တူနေတာကြောင့် အဲဒီလိုဆု တောင်းပူဇော်ကြတာတွေလည်း ရှိပါတယ်’’ဟု ၎င်းက ပြောသည်။

တပို့တွဲလဆန်း ၁၄ ရက် ညနေမှစတင်ကာ စေတီတော်မြတ်ဝန်းကျင်တွင် ညံရိုးရောင်း သူ၊ ဝယ်ယူသူများဖြင့် စည်ကား နေသည်။    ညံရိုး  ရောင်းချသူ များသည် ညလုံးပေါက် ထိုင် ရောင်းကြပြီး ညံရိုးပူဇော်သူအ များစုလည်း ညဥ့်ဦးပိုင်းအချိန် ကပင် ညံရိုးများကို ဝယ်ယူထား သည်။

တပို့တွဲလပြည့်နေ့ နံနက် ၄ နာရီမှစတင်ကာ ပြည်ရွှေဆံတော်စေတီကြီးတွင် ညံရိုးမီးပူဇော်ခွင့် ရသည်။ ညံရိုးပူဇော်သူတို့သည် ချမ်းအေးလွန်းသည့်ဒဏ်ကို အန်တုကာ စေတီတော်မြတ်ကြီးခြေ တော်ရင်းသို့ ရောက်ရှိမြဲ ဖြစ် သည်။ ညံရိုးစည်းများကို ကိုယ်စီ ကိုယ်င ကိုင်ဆောင်ထားသည်ကို မြင်ရသူ ကြည်နူးပီတိဖြစ်ရသည်။

ချစ်သူမောင်မယ်တို့သည် ဘုရားစောင်းတန်းလှေကားများ တစ်လျှောက် မမောမပန်းတက် ကာ ဖေးမကူညီဆင်နွှဲကြသည်။ ကျောင်းသား၊ ကျောင်းသူတို့က ဉာဏ်ပညာထက်မြက်စေရန် ရည်ရွယ်ပူဇော်ကြသည်။

ကောင်းကင်ယံမှ တဖြောက် ဖြောက်ကျနေသည့် မြူနှင်းမှုံတို့ သည် မြေပြင်မှ လျှံတက်လာသည့် ညံရိုးမီးလျှံတို့နှင့် ထိတွေ့ခိုက်ဝယ် သုဒဿနကုန်းမြေပေါ်ရှိ လေးဆူ ဓာတ်ပျော် ရွှေဆံတော်စေတီ တော်မြတ်ကြီးသည် သပ္ပာယ်စွာ၊ ကြည်ညိုဖွယ်ရာ ရှိခိုးဦးခိုက် ဖူး၍မဝနိုင်အောင် ရှိလေတော့သည်။

‘‘အိမ်က ထွက်ခါစမှာ အရမ်းအေးတယ်။ မီးမပူဇော်ခင်အချိန် အထိ အေးတယ်။ မီးပူဇော်တာနဲ့ မီးဖိုရဲ့အပူရှိန်၊ လူတွေများတဲ့အ ရှိန်နဲ့ မအေးတော့ဘူး’’ဟု မအိမွန် ဖြိုးက ဆိုသည်။

ရွှေဆံတော်စေတီတော် မြတ်ကြီးရင်ပြင်တော်တွင် ညံရိုး ပူဇော်သူတို့ တစ်နှစ်ထက်တစ်နှစ် များလာခြင်း၊ ညံရိုးပူဇော်သည့် မီးဖိုမှတစ်ဆင့် စေတီလုံးပတ် တော်ကို မီးခိုး၊ မီးငွေ့ထိခိုက်မည် ကို စိုးရိမ်ရသဖြင့် ယခုအခါ မီးဖို ကို ရင်ပြင်တော်အောက်ရှိ တောင်ဘက်စောင်းတန်းမုခ်ဦးဝနေရာ သို့ ပြောင်းရွှေ့ပေးထားသည်။

‘‘ညံရိုးပူဇော်သူအများ လည်း အဆင်ပြေအောင် မီးဖိုကို ရင်ပြင်တော်အောက်ဘက်နေရာ ကို ပြောင်းထားခဲ့တာ ဆယ်နှစ်နီး ပါးလောက်တော့ ရှိပြီ။ စတင်ပူ ဇော်ချိန်ကနေ နှစ်နာရီလောက် အတွင်းမှာတော့ စောင်းတန်း တွေ၊ ဓာတ်လှေကားတွေနဲ့ ရင် ပြင်တော်မှာ အပြည့်ဖြစ်တဲ့အထိ စည်ကားတယ်’’ဟု စေတီတော် ဝေယျာဝစ္စအဖွဲ့မှ ဦးကျော်မင်း က ပြောသည်။

ညံရိုးပူဇော်ရာတွင် မီးဘေး လုံခြုံစေရန် မီးသတ်ယာဉ်ကို အဆင်သင့်ထားရှိသည်။ စေတီ တော်မြတ်ကြီးရှိ ဝေယျာဝစ္စအဖွဲ့ များကလည်း ထမနဲထိုးပြိုင်ပွဲများ ပြုလုပ်ကာ ညံရိုးပူဇော်သူများကို ကျွေးမွေးသည်။

ညံရိုးပူဇော်သည့် အရုဏ်ဦး အချိန်သည် အအေးဓာတ်လွန်ကဲ ခြင်း၊ ပူဇော်သူများပြားခြင်းများ ကြောင့် သက်ကြီးရွယ်အိုများနည်း ပါးပြီး လူလတ်ပိုင်းနှင့် လူငယ်၊ လူရွယ်များသာ အများဆုံးဆင်နွှဲ ကြသည်ကို တွေ့ရသည်ဟု မအိ မွန်ဖြိုးက ပြောသည်။

အရုဏ်ဦးအချိန် တဖြည်း ဖြည်းကျော်လွန်ကာ နေရောင် ခြည်ဖြာထွက်၊ အနွေးဓာတ်ရလာ ချိန်တွင် မြတ်ဗုဒ္ဓရှင်အား ညံရိုး ပူဇော်သူတို့ တဖြည်းဖြည်း လျော့ နည်းသွားတော့သည်။

နှာရည်ယိုရွှဲ တပို့တွဲတွင်

မြတ်ဗုဒ္ဓရှင်နွေးစေချင်သည်

ရည်စူးဆင်နွှဲ ညံရိုးပွဲသို့ ရောက်ရှိသည့် မအိမွန်ဖြိုးနှင့် သူငယ်ချင်းတစ်စုသည် ဘုရားရှင် အနွေးဓာတ်ရသကဲ့သို့ ၎င်းတို့၏ မိသားစုဘဝများအပါအဝင် တိုင်း သူပြည်သားတို့၏ လူမှုဘဝများ နွေးထွေးလုံခြုံမှုရှိစေလိုကြောင်း ဆုတောင်းခဲ့လေသည်။