ရုပ်ရှင်အကြိုခံစားခြင်း

အနမ်းဝိုင်

-ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ဇာတ်ကား လေးတစ်ကားအကြောင်းကိုညွှန်း လိုက်ပါတယ်။

လရိပ်အေးက ကျောက္ကချား ဆိုတဲ့ ပအိုဝ်းရွာလေးတစ်ရွာမှာ နေထိုင်ပါတယ်။ သူတို့ကသား အမိနှစ်ဦးပဲရှိပါတယ်။ သူ့အမေ က လရိပ်အေးကိုအရမ်းချစ်ပါ တယ်။ ဒါပေမဲ့ လရိပ်အေးအရွယ် မရောက်သေးတဲ့အချိန်မှာပဲ သူ့ အမေဆုံးသွားခဲ့ပါတယ်။ အဲဒါ ကြောင့် တောင်ကြီးမြို့က ဒေါ် မမရှင်ဆိုတဲ့ အမျိုးသမီးကြီးက လရိပ်အေးကို မွေးစားခဲ့ပါတယ်။

လရိပ်အေးကို ဒေါ်မမရှင် မွေး စားတာက အကြောင်းရှိပါတယ်။ အဲဒါကတော့ ဒေါ်မမရှင်မှာက ကျန်းမာရေးချူချာတဲ့ သားတစ် ယောက်ရှိပါတယ်။ အဲဒါကြောင့် လရိပ်အေးကို သူ့ရဲ့သားလင်းခိုင် ကို စောင့်ရှောက်ပေးနိုင်ဖို့ဒေါ်မမရှင်ကမွေးစားခဲ့တာပါ။

လရိပ်အေးကို ဒေါ်မမရှင် က ကျောင်းလည်းထားပေးခဲ့သလို တင့်တောင့်တင့်တယ် ထားပါ တယ်။ အဲဒါကြောင့် ဒေါ်မမရှင် ရဲ့ကျေးဇူးတရားတွေက လရိပ် အေးအပေါ်မှာ အများကြီးဖြစ် လာခဲ့ပါတယ်။ လရိပ်အေးအရွယ် ရောက်လာတဲ့အချိန်မှာတော့ ဒေါ်မမရှင်က သူ့ရဲ့အစီအစဉ်အ တိုင်း ကျန်းမာရေးမကောင်းတဲ့ လင်းခိုင်နဲ့ လက်ထပ်ပေးဖို့စီစဉ်ခဲ့ ပါတယ်။

အဲဒီလိုနဲ့တစ်ရက်မှာတော့ လရိပ်အေး တောင်ကြီးမီးပုံးပျံပွဲ ကိုသွားရင်း ထင်မှတ်မထားတဲ့ ကိစ္စတစ်ခုကြုံခဲ့ပါတယ်။ အဲဒါက တော့ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တာ ပါ။ ဒါပေမဲ့ ဘယ်သူမှန်းမသိတဲ့သူ တစ်ယောက်က လရိပ်အေးကို ကာကွယ်ပေးထားခဲ့ပါတယ်။ အဲ ဒီလူရဲ့လက်မှာလည်း လရိပ်အေးကိုကာကွယ်ရင်းဒဏ်ရာရသွားခဲ့ပါတယ်။ လရိပ်အေးဆီမှာတော့ အဲဒီလူရဲ့မာဖလာလေး ကျန်ခဲ့ ပါတယ်။

ဒေါ်မမရှင်တို့က ဝိုင်လုပ် ငန်းတွေနဲ့စပျစ်ခြံတွေပိုင်တာပါ။ အဲဒီလုပ်ငန်းတွေဆီကို သွားရင်း လရိပ်အေး အဲဒီခြံက မန်နေဂျာ ဦးစိုင်းအိုက်ရဲ့တူ မိုးသစ်ပင်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ မိုးသစ်ပင်က လရိပ်အေးကို မြင်မြင်ချင်းချစ်မိ သွား ခဲ့သလို လရိပ်အေးကလည်း မိုးသစ်ပင်ကို စိတ်ဝင်စားခဲ့ပါ တယ်။

ဒေါ်မမရှင်ရဲ့ စီမံမှုတွေ အောက်မှာ လင်းခိုင်နဲ့လက်ထပ်ရ မယ့် လရိပ်အေးနဲ့ မိုးသစ်ပင်တို့ ဘယ်လို ဇာတ်လမ်းတွေဆက်ဖြစ် ဦးမှာလဲ။ လရိပ်အေးကသော သူ့အပေါ်မှာကျေးဇူးတရားတွေရှိ နေတဲ့ ဒေါ်မမရှင်ကိုလွန်ဆန်နိုင် မလားဆိုတာတွေကိုတော့ ရန် ကုန်၊ မန္တလေးအပါအဝင် နယ်မြို့ ကရုပ်ရှင်ရုံတွေမှာ ဒီနေ့ စတင်ရုံ တင်ပြသမယ့် အနမ်းဝိုင်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှု စားပေးပါ။

ဒီဇာတ်ကားမှာ မိုးသစ်ပင် အဖြစ် အောင်ရဲလင်း၊ လရိပ်အေး အဖြစ် ဝတ်မှုံရွှေရည်၊ ဒေါ်မမရှင် အဖြစ် စိုးမြတ်သူဇာတို့ကပါဝင် သရုပ်ဆောင်ထားပြီး ပုညခင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက် တာအောင်မြတ်က ရိုက်ကူးပုံဖော် ထားပါတယ်။