အမြင့်မြို့ဟောင်းမှ ရှေးဟောင်းပစ္စည်း ၂၀ ကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်

အမြင့်မြို့ဟောင်းမှ ရှေးဟောင်းပစ္စည်း၂၀ ကို မူလပိုင်ရှင်များထံပြန်လည်ပေးအပ်စဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

 မုံရွာမြို့ ရှေးဟောင်းမြန်မာ စာပေရေးရာဌာနတွင် ထိန်းသိမ်း ထားသော အမြင့်မြို့ဟောင်းမှ ရှေးဟောင်းပစ္စည်း ၂၀ ကို မူလ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ ကြောင်း ချောင်းဦးမြို့နယ် အမြင့် စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က ပြောသည်။

ချောင်းဦးမြို့နယ် အမြင့်စံပြ ကျေးရွာမှ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့် ဒေသခံတောင်သူ တစ်ဦးထံက ရှေးဟောင်းပစ္စည်း များကို ၂၀၀၄ က မုံရွာမြို့ ရှေး ဟောင်းမြန်မာစာပေရေးရာဌာန က ငှားရမ်းထိန်းသိမ်းခဲ့သည်။

အဆိုပါငှားရမ်းသည့် ရှေး ဟောင်းပစ္စည်း ၂၀ ဇန်နဝါရီ ၃၀ ရက်က မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

‘‘ဘုန်းကြီးကျောင်း သုံး ကျောင်းနဲ့ ဦးကြည်စန်းတို့ပိုင်ဆိုင် တဲ့ ရှေးဟောင်းပစ္စည်းအမျိုး ပေါင်း ၂၀ ဖြစ်ပါတယ်။ နောက်ဆုံး အကြိမ် ငှားရမ်းတဲ့ ပစ္စည်းထဲက တချို့တော့ မရဘူး’’ဟု ဦးကျော် မျိုးလှိုင်က ပြောသည်။

မုံရွာမြို့ ရှေးဟောင်းမြန်မာ စာပေရေးရာဌာနက အမြင့်မြို့ ဟောင်းဒေသရှိ ရှေးဟောင်းထမ်း ပိုး၊ နဂါးနှစ်ကောင် ရုပ်ကြွပန်းပုလက်ရာပါပျဉ်ချပ်၊ ဝိတိုရိယ ဘုရင်မကြီးက မင်းလက်ဝါးမင်း ကြီးထံ လက်ဆောင်တော် မဟော်ဂနီစားပွဲ၊ ကြွေပန်းအိုး၊ မဟာသင်္ဃရာဇာ သာသနာပိုင် ဆရာ တော်ကြီး အမိန့်တော် အစရှိ သည့် ပစ္စည်းများကို အမြင့်စံပြ ကျေးရွာရှိ မူလပိုင်ရှင်များဖြစ် သော ဘုံပျံကျောင်းဆရာတော် နှင့် ဦးကြည်စန်းတို့အား ချောင်းဦး မြို့နယ် အုပ်ချုပ်ရေးမှူးက လွှဲ ပြောင်းပေးအပ်ခဲ့သည်။

‘‘အမြင့်မှာက မင်းလက်ဝါး၊ မင်းကြီးစွာစော်ကဲနဲ့ အနီးဝန်းကျင် က ရှေးဟောင်းပစ္စည်းတွေ  အများအပြားကို သက်ဆိုင်ရာက ထိန်းသိမ်းဖို့ဆိုပြီး ယူသွားတာ တော်တော်များတယ်။ အခု မူလ ပိုင်ရှင်တွေဆီ ပြန်လည်လွှဲပြောင်း ပေးအပ်တဲ့ ပစ္စည်းထဲမှာ မဟော် ဂနီစားပွဲကြီးတော့ပါတယ်။ ပြန်မ ရသေးတဲ့အထဲမှာ ပိုးပန်းချီကား လို ရှေးဟောင်းသမိုင်းဝင်ပစ္စည်း တွေ အများကြီးကျန်သေးတယ်’’ ဟု အမြင့်စံပြကျေးရွာဒေသခံ တစ်ဦးက ပြောသည်။