မုံရွာတွင် ၀န်ထမ်းအိမ်ရာနေ ဦးစီးအရာရှိအိမ်ရှိ လက်ပ်တာ့နှင့်ငွေများခိုးယူခံရ

မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် ၀န်ထမ်းအိမ်ရာ၌ နေထိုင်သော ဦးစီးအရာရှိတစ်ဦး၏ နေအိမ်မှ လက်ပ်တော့နှင့် ငွေများခိုးယူခံရကြောင်း မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဆန်းလင်းက ပြောသည်။

မုံရွာမြို့ ၀န်ထမ်းအိမ်ရာ၌ နေထိုင်သော အသက် (၂၆) နှစ် အရွယ်  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ အမျိုးသမီး၏ နေအိမ်လိုင်းခန်း တွင် ဖေဖော်ဝါရီ ၁ ရက်က လက် တော့ပ်နှင့် ငွေစက္ကူများခိုးယူခံရ ခြင်း ဖြစ်သည်။

‘‘ငွေစက္ကူတစ်သိန်းကျော်နဲ့ လက်ပ်တော့ခိုးယူခံရတာပါ။ လက်ပ်တော့က လွန်ခဲ့တဲ့ ၂ နှစ် ကျော် သုံးနှစ်လောက်က ရှိပြီလို့ ပြောတယ်။  ခိုးယူသွားတဲ့သူကို စုံစမ်းစစ်ဆေးနေပါတယ်’’ဟု ရဲအုပ်ဆန်းလင်းက ပြောသည်။

စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ အမျိုးသမီးသည် နေ အိမ်လိုင်းခန်းအတူနေအမျိုးသမီး တစ်ဦးနှင့် ရုံးပြန်လာချိန် နေအိမ်နောက်ဖေးရှိ တံခါးမကြီး ချက်မထိုးဘဲပွင့်နေ၍ နေအိမ်အိပ်ခန်းကို ကြည့်ရှုရာ အိပ်ခန်းအတွင်း သံသေတ္တာထဲမှ အ၀တ်အစားများအခန်းအတွင်း ပြန့်ကျဲနေသည်။

ထို့နောက် သေတ္တာအတွင်း ထားသော ကျပ် ၁၈၀,၀၀၀ နှင့် စားပွဲပေါ်တွင်ထားသော ကျပ်၄၅၀,၀၀၀ ခန့်တန်ဖိုးရှိ လက်ပ်တော့တစ်လုံးနှင့် ကျပ် ၈,၀၀၀ ခန့်တန်ဖိုးရှိ ကီးဘုတ်တစ်ခု၊ ပိုက်ဆံအိတ်အတွင်းမှ ကျပ် ၁၀,၀၀၀ ခန့်ပျောက်ဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လက်တော့ပ်နှင့် ပိုက်ဆံများခိုး ယူသွားသူကို စုံစမ်းစစ်ဆေးရန် မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သတင်းရရှိသည်။