ကြာအင်းဆိပ်ကြီးတွင် စောဘဦးကြီးရုပ်တု စိုက်ထူရေး ခေတ္တဆိုင်းငံ့ထားရန် အုပ်ချုပ်ရေးပိုင်း ညွှန်ကြားထားဟုဆို

စိုက်ထူခွင့် ခေတ္တဆိုင်းငံ့ခံထားရ၍ စောဘဦးကြီးရုပ်တုကို ကရိန်းဖြင့် ရွှေ့ပြောင်းနေစဉ် (ဓာတ်ပုံ − Kawthoo Lei FB)

ကရင်ပြည်နယ် ကြာ အင်းဆိပ်ကြီးမြို့နယ် ဝင်းရေးမြို့ နယ်ခွဲ၌ ကရင့်အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီး ရုပ်တုစိုက်ထူမှုကို အချိန်အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့ထားရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက ညွှန်ကြားထားကြောင်း ကြာအင်းဆိပ်ကြီး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစောတင်ဝင်းကပြော သည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျရောက်မည့် ကရင်အမျိုးသား နေ့အထိမ်းအမှတ် ကြာအင်းဆိပ် ကြီးမြို့နယ် ဝင်းရေးနယ်လုံးဆိုင် ရာ ကရင်အမျိုးသားနှစ်သစ်ကူး နေ့၌ စောဘဦးကြီးရုပ်တု စိုက် ထူဖွင့်လှစ်ရန် သယ်ဆောင်လာမှုကို တပ်မတော်၏ တားမြစ်မှု ကြောင့် အစီအစဉ်ဖျက်သိမ်းခဲ့ရ ကြောင်း တက်ကြွလှုပ်ရှားသူ  ဦးနေမျိုးဇင် (ဗိုလ်ကြီးဟောင်း)က ပြောသည်။


 ကရင့်အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီးရုပ်တုကို ရန်ကုန်မြို့တွင် ထုလုပ်၍ သယ်ဆောင်ခဲ့ ပြီး တပ်မတော်၏ခွင့်ပြုချက်မရ ဟုဆိုကာ ဒေသတွင်း အခြေစိုက် တပ်က ဖေဖော်ဝါရီ ၂ ရက်၌ လာရောက် တားမြစ်ခဲ့ကြောင်း ၎င်းကပြောသည်။ ထိုသို့ တားမြစ် မှုကြောင့် ရုပ်တုကို ပြန်လည်ယူ ဆောင်ခဲ့ရသည့် ဗီဒီယိုဖိုင်များ ယမန်နေ့က ဖေ့စ်ဘွတ်ခ်စာမျက် နှာများတွင် ပျံ့နှံ့ခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစော တင်ဝင်းက ‘‘ရွာထဲကသူတွေက လည်း သူတို့ခေါင်းဆောင်၊ သူတို့ အမျိုးသားခေါင်းဆောင်ကို တင် ချင်တဲ့သဘော နည်းနည်းရှိနေ တယ်။ အဲဒီအတွက် လုပ်ချင်တယ်ပေါ့နော်။ အုပ်ချုပ်ရေးရုံးပိုင်းက နည်းနည်း အချိန်မကျရောက် သေးဘူးပေါ့။ အချိန်ကျရောက် ရင် လုပ်ခွင့်ပေးမယ်ပေါ့။ အဲဒီ တုန်းက အားလုံးညှိနှိုင်းပြီး ရှင်းပြ ထားတာမျိုးလည်း ကြားသိခဲ့ရပါ တယ်’’ဟု ပြောသည်။

ယခင်ကလည်း ကရင်ပြည် နယ် ဒေသအချို့တွင် ထိုသို့ ရုပ်တုစိုက်ထူရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းက ဒေသခံများကို ပြန်လည်ရှင်းပြရမှုရှိခဲ့ကြောင်း ဦးစောတင်ဝင်းကပြောသည်။

 ‘‘အရင်က ဘုရားသုံးဆူဘက်မှာလည်း တစ်ခါဖြစ်ဖူး တယ်။ အမှန်ကတော့ ဒါတွေက ခွင့်ပြုချက်ဆိုတာထက်ပေါ့လေ။ ကိုယ့်ဒီဖက်ဒရယ်စနစ်အရဆိုရင် တော့ လုပ်လို့ကောင်းတာပေါ့။ ဒါပေမဲ့ အခု လောလောလတ် လတ်အခြေအနေက မတင်မကျ လေးဖြစ်နေတော့ ခဏလေး စောင့်ပေးပါဆိုပြီးတော့ ပြောထားတဲ့ပုံစံမျိုးရှိလို့ပါ။ ဒီဟာက အချိန် ကျရင် အကုန်ဖွင့်ပေးမှာပါ။ ဗိုလ် ချုပ်ကြေးရုပ်လုပ်သလိုပါပဲ။ အဲဒီ အချိန်ကျရင်တော့ ဖွင့်ပေးမှာပါ’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)က အဆိုပါရုပ်တုကို KNU ဗဟိုလေးဝါးစခန်း တွင် ထားရှိနိုင်ကြောင်း အသိပေးပြန်ကြားစာထုတ်၍ ဝင်းရေးနယ် နှစ်သစ်ကူးကော်မတီထံ ယမန်နှစ် နိုဝင်ဘာက ပေးပို့ခဲ့သည်။