ရဲအုပ်တစ်ဦး ကိုယ့်ကိုယ်ကိုယ်သေနတ်ဖြင့်ပစ်မိပြီး သေဆုံး

ရဲအုပ်တစ်ဦးအိမ်လိုင်း ခန်းအတွင်း မိမိကိုယ်ကိုယ်သေ နတ်ဖြင့် ပစ်ခတ်သေဆုံးမှု ကျုံမ ငေးတွင် ဖြစ်ပွားခဲ့ကြောင်း ဧရာဝ တီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

ကျုံမငေး နယ်မြေရဲစခန်း ၀င်းအတွင်းနေထိုင်သည့် အသက် (၄၀) ခန့်အရွယ် ယာယီစခန်းမှူး ရဲအုပ်လှိုင်ဝင်းသည် ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီခွဲခန့်က နေအိမ်အတွင်းတစ်ဦးတည်းရှိနေ ချိန် မိမိကိုယ်ကိုယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျုံမ ငေးနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် နေ အိမ် အိပ်ခန်းခုတင်အနောက် ဘက်တွင် ခြောက်လုံးပြူးစပယ် ရှယ်သေနတ်တစ်လက်၊ အုတ်နံရံ တွင် အပေါက်တစ်ခု၊ ကျည်ခွံတစ်ခုနှင့် ခြောက်လုံးပြူးအတွင်းရှိ ကျည်သုံးတောင့်အနက် တစ် တောင့်သည် နောက်ပိတ်တွင် ကျည်ရိုက်တံရိုက်ထားသည့် အရာတွေ့ရကြောင်း  ဧရာဝတီ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ  ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ကြားတာ တော့ ကိုယ့်ကိုယ်ကိုယ်သတ်သေ တာမျိုးတော့မဟုတ်ဘူး။ သူသေ နတ်ပြောင်းကိုတိုက်ရင်းနဲ့ မတော်တဆဖြစ်တာလို့ ကြားတယ်။ သူ ကျုံမငေးကိုမရောက်ခင် မြောင်းမြမှာတုန်းကလည်း အခုလိုပဲတစ်ခါဖြစ်ဖူးတယ်။ အဲဒီတုန်းကတော့ မျက်ခုံးကိုရှပ်မှန်သွားလို့ ဆေးရုံ တွေဘာတွေတက်လိုက်ရသေး တယ်’’ဟု ကျုံမငေးမြို့တွင်နေ ထိုင်သည့် ဒေသခံတစ်ဦးက ပြော သည်။ အခင်းဖြစ်ချိန်တွင် သေဆုံး သူ၏ဇနီးသည် နေအိမ်ရှေ့တွင် ဆွမ်းထွက်လောင်းနေစဉ် နေအိမ်အတွင်း သေနတ်သံကြားသဖြင့် ၀င်ကြည့်ရာ ခင်ပွန်းဖြစ်သူသွေး အိုင်အတွင်း လဲကျသေဆုံးနေ သည်ကို စတင်သိရှိခဲ့ကြောင်း၎င်း က ဆက်လက်ရှင်းပြသည်။

‘‘သူက မြောင်းမြကပြောင်း လာတာ ရက်ပိုင်းပဲရှိသေးတယ်။ တစ်လတောင်မပြည့်သေးဘူး။ အရင်စခန်းမှူးက နေပြည်တော် ပြောင်းသွားလို့ သူရောက်လာတာသိပ်တောင်မကြာသေးဘူး’’ဟု ၎င်းက ပြောသည်။

ရဲအုပ်လှိုင်ဝင်း၏ အာ ခေါင်အရင်းမှ နောက်စေ့သို့ ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် အခင်း  ဖြစ်နေရာတွင်သေဆုံးပြီး  အ  လောင်းကို ကျုံမငေးတိုက်နယ်  ဆေးရုံသို့  ပို့အပ်ထားကာစခန်းက  သေမှုသေခင်းဖြင့် အမှုဖွင့်စစ် ဆေးနေသည်။