လှိုင်သာယာတွင် ဇယ်ခုံကြည့်ရင်း နေရာလုရာမှ ဓားထိုးမှုဖြစ်

လှိုင်သာယာမြို့နယ် တွင် ဇယ်ခုံကြည့်ရင်း နေရာလုရာမှ လူငယ်နှစ်ဦး စကားများရန်ဖြစ် ကာ ဓားထိုးမှုဖြစ်ပွားပြီး  အသက်(၂၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။ 

 လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်နေ ပြည့်ဖြိုးလင်းသည် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၃ နာရီ  က ပျံကျဈေးတန်းတွင် ဇယ် တောက်ခုံကို ကြည့်နေရာမှ ကိုထက်ဆိုသူနှင့်နေရာလုရင်း စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ ရန်ဖြစ်နေသည်ကို ပတ်ဝန်းကျင်က ဝိုင်းဝန်းဖျန်ဖြေခဲ့ပြီးနောက် ပြည့်ဖြိုးလင်းက ဇယ်တောက်ခုံကို ဆက်၍ကြည့်နေစဉ် ကိုထက်ဆိုသူ ပြန်လည်ရောက်ရှိလာပြီး အသင့်ပါလာသောဓားဖြင့်  ထိုးခဲ့ကြောင်း သောင်ကြီးနယ်မြေရဲစခန်းမှ  ရဲအရာရှိတစ်ဦးက ပြော သည်။  ပြည့်ဖြိုးလင်း၏ ဝမ်းဗိုက် တွင် ဓားဒဏ်ရာတစ်ချက်ရရှိခဲ့ သဖြင့် လှိုင်သာယာပြည်သူ့ဆေး ရုံမှတစ်ဆင့် အင်းစိန်ဆေးရုံသို့ လွှဲပြောင်းကုသထားပြီး အသက် အန္တရာယ်စိုးရိမ်ရကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ ကိုထက်ကို သောင် ကြီးနယ်မြေရဲစခန်းက ဘေးဖြစ် စေသောလက်နက်ဖြင့် အပြင်းအ ထန် နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စုံစမ်းနေသည်။