မုံရွာနှင့် ကလေးဝမြို့တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများထားရှိမည်

မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းရှိ ရေပြင်ကယ်ဆယ်ရေးစခန်းတွင် ကယ်ဆယ်ရေးယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

ချင်းတွင်းမြစ်ကမ်းဘေး ရှိ မုံရွာနှင့်  ကလေးဝမြို့တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ထားရှိမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှူး ဦးမင်းစမ်းအေးက ပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း စစ် ကိုင်းတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ၀ယ်ယူသော ရေပြင်ရှာ ဖွေကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို မုံရွာမြို့နှင့် ကလေးဝမြို့ရှိ ချင်းတွင်းဆိပ်ကမ်းတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ထားရှိ မည် ဖြစ်သည်။

ရေပြင် ရှာဖွေကယ်ဆယ် ရေးပစ္စည်းများသည် ရေငုပ်သမား သုံးဦး အသုံးပြုနိုင်သော အမေရိ ကန်နိုင်ငံထုတ် ရေငုပ်ကိရိယာ၊ မြစ်၊ ချောင်းများအတွင်း ရေ အောက်ရှာဖွေရေးကင်မရာ၊ လူ နှစ်ဆယ်ခန့်တင်ဆောင်နိုင်သော အရေးပေါ်လှေသုံးစီး  အသက် ကယ်ဘောကွင်း ၁၂ လုံး၊ အသက်ကယ်အင်္ကျီ ၃၅ ထည်နှင့် ကြိုးများ အပါအ၀င် စုစုပေါင်းရှာဖွေကယ် ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်း ၁၆ မျိုးဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘အသက်ကယ်လှေတွေ၊ ရေပြင်ကယ်ဆယ်ရေးပစ္စည်းတွေ ထားရှိတဲ့အတွက် အရေးပေါ်အ ခြေအနေမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေး ညီ ကူညီနိုင်မှာဖြစ်ပါတယ်။ ရေ အောက်ရှာဖွေကင်မရာလို ပစ္စည်း တွေ ရှိတဲ့အတွက် အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက် မှုဖြစ်စဉ်လို ဖြစ်ပွားခဲ့ရင် ရေငုပ် သမားတွေထိထိရောက်ရောက် ကူညီနိုင်မယ်’’ဟု မုံရွာမြို့နယ် မီး သတ်ဦးစီးစခန်းမှူး ဦးညီညီဇော် က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရသည် ယခုနှစ်အတွင်း ရေ ပြင်ရှာဖွေကယ်ဆယ်ရေး ပစ္စည်း များကို မုံရွာမြို့နှင့် ကလေးဝမြို့တွင်လည်းကောင်း၊ မြေပြင်ရှာ ဖွေကယ်ဆယ်ရေးပစ္စည်းများ ကို မုံရွာမြို့နှင့် ရွှေဘိုမြို့တို့တွင် လည်းကောင်း  ထားရှိရန်စီစဉ် ဆောင်ရွက်နေကြောင်း တိုင်းဒေ သကြီးမီးသတ် ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။