သထုံခရိုင် ဒီချုပ်ပါတီက ညောင်ထောက်ရွာတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်

ညောင်ထောက်ရွာခံများအား ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်နေစဉ်(ဓာတ်ပုံ − သားဗိုလ်)

 မွန်ပြည်နယ် သထုံခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီက ဘီးလင်းမြို့နယ် ညောင် ထောက်ကျေးရွာတွင် ကျန်းမာရေးအသိပညာပေး ဆေးကုသခြင်းကို ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့သည်။

သထုံခရိုင် ဒီချုပ်ပါတီအ လုပ်အမှုဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်အတွင်း မြို့နယ်များ နှင့် အလှမ်းကွာဝေးသည့် ကျေး ရွာများအရောက် ကွင်းဆင်းကာ ကျန်းမာရေးအသိပညာပေးခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကို ၂၀၁၇ သြဂုတ်က စတင်ဆောင်ရွက်နေသည်။


 ခရိုင်ဒီချုပ်ပါတီအလုပ်အ မှုဆောင်အဖွဲ့ဝင် ဒေါက်တာပြုံး ချို ဦးဆောင်သော ကွင်းဆင်းဆေး ကုသရေးအဖွဲ့သည် မြို့နယ်ကျန်း မာရေး၊ ပညာရေးဌာနများမှ တာ ၀န်ရှိသူများနှင့်အတူ ကျေးရွာနေ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာများ ဟောပြောဆွေး နွေးပြီးနောက် ဒေသခံပြည်သူ ၄၅၀ ခန့်အား အထွေထွေဆေး ပညာ၊ သွားဆေးပညာ၊ တိုင်းရင်း ဆေးပညာများဖြင့် အခမဲ့ကုသပေးပြီး ဆေးဝါးများ လှူဒါန်းခဲ့သည်။

‘‘ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် တွေကို ပါဝင်ဖြည့်ဆည်းရင်း ပြည်သူကို အလုပ်အကျွေးပြုပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အားလုံးပူးပေါင်းပါဝင်မှုနဲ့ စု ပေါင်းကူညီဆောင်ရွက်ရတာပါ’’ ဟု ခရိုင်အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့မှ ဦးဆောင်သူဒေါက်တာပြုံးချိုက ပြောသည်။

အထူးသဖြင့် ကျေးလက် ပြည်သူများတွင် သွားကျန်းမာရေး အသိပညာအားနည်းခြင်းကြောင့် အရွယ်မတိုင်မီ သွားပျက်စီးမှုများ ဖြစ်ပေါ်နေ၍ နေ့စဉ်စနစ်တကျ သွားတိုက်ရန်လိုအပ်ကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်ဒေါက် တာမင်းဇော်က ပြောသည်။

‘‘အခုလို ဆရာဝန်တွေရော၊ တိုင်းရင်းဆေးဆရာတွေရော စုစု စည်းစည်းနဲ့ လာရောက်ကုသပေး တာ ဒီရွာမှာ ပထမဆုံးအကြိမ်ပါ။ အရင်က ဒီလိုမျိုးလာတာ တစ်ခါ မှ မရှိခဲ့ပါဘူး။ သွားဆရာဝန်က လည်း ကျောင်းသားတွေရဲ့ သွား တွေကို စစ်ဆေးကုသပေးတော့ မိဘတွေအတွက် အရမ်းကိုအ ဆင်ပြေတာ။ အထူးပဲကျေးဇူး တင်ပါတယ်’’ဟု ညောင်ထောက် ကျေးရွာမှ အသက်(၅၅)နှစ်အ ရွယ် ဒေါ်တင်ရွှေက ပြောသည်။

ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် လေးမြို့နယ်၌ ၂၀၁၇  သြဂုတ်က စတင်ကာ ကျန်းမာရေးအသိပညာပေးဆေးကုသခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်များလှူဒါန်းခြင်း၊ အာဟာရများ ကျွေးမွေးခြင်းတို့ကို စေတနာရှင်ဆေးကုမ္ပဏီများ၏ ပံ့ပိုးကူညီမှုများဖြင့် ရွှေ့ပါရမီကျန်းမာရေးဖောင်ဒေးရှင်းနှင့် လက်တွဲ၍ လေးကြိမ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန သထုံတိုင်း ရင်းဆေးရုံနှင့် သုံးကြိမ် ဆောင်ရွက်ခဲ့သည်။

Top News