ထိုင်းနိုင်ငံသူထံမှ ဖုန်းလုပြေးသူ လှည့်ကင်းနှင့် တည့်တည့်တိုး၍ အဖမ်းခံရ

 ဟော့ပေါ့ဆိုင်မှ ထွက် လာသည့် ထိုင်းနိုင်ငံသူ အမျိုး သမီးတစ်ဦးထံမှ လက်ကိုင်ဖုန်း လုယူကာ စက်ဘီးဖြင့် ထွက်ပြေး သူ အမျိုးသားကို လှည့်ကင်းအ ဖွဲ့နှင့်တိုး၍ ဖမ်းမိခဲ့ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၅ ရက် ည ၉ နာရီတွင် မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် မင်းဓမ္မလမ်းရှိ THEME ဟော့ပေါ့ဆိုင်၌ ထိုင်းစကားပြန် ကိုနေမျိုးအောင်နှင့်အတူ ထိုင်း နိုင်ငံသူနှစ်ဦး စားသောက်ပြီးအ ပြန် အငှားယာဉ်ငှားရန် ဆိုင်ရှေ့ ရပ်စောင့်နေစဉ် ဖြစ်ပွားခဲ့ကြောင်း၎င်းက ရှင်းပြသည်။

ထိုသို့ ရပ်စောင့်နေစဉ် ထိုင်း နိုင်ငံသူ Ms.Preaw Phanpa လက်တွင် ကိုင်ထားသည့် SAM-SUNG GALAXY S7 အမျိုးအစား လက်ကိုင်ဖုန်းကို စက်ဘီးနင်းလာ သူ အမျိုးသားတစ်ဦးက လုယူကာ မင်းဓမ္မလမ်းအတိုင်း ပါရမီမီးပွိုင့် ဘက်သို့ ထွက်ပြေးခဲ့ကြောင်း မရမ်းကုန်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသူအမျိုးသမီး သည် ဖုန်းလုယက်ထွက်ပြေးသူ နောက်သို့ အော်ဟစ်အကူအညီ တောင်းရင်း ပြေးလိုက်စဉ် ဖုန်း လုယက်သူသည် မင်းဓမ္မမီးပွိုင့်အ ကျော် မသန်စွမ်းဆေးရုံရှေ့တွင် လှည့်ကင်းလှည့်နေသည့် ရဲတပ် ဖွဲ့နှင့်တိုးကာ ဖမ်းဆီးခံရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံသူထံမှ ဖုန်းလုယူ ထွက်ပြေးသူသည် လှိုင်မြို့နယ် (၁၂)ရပ်ကွက် ပညာရေးဝန်ထမ်းအိမ်ရာနေ (၂၃)နှစ်အရွယ် အောင် အောင်ဖြစ်ပြီး ပြင်ဆင်ပြီးမှ ကျူး လွန်သည့် ခိုးမှုပုဒ်မ ၃၈၂ ဖြင့် ဘုရင့်နောင် နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်။