(၄)နှစ်အရွယ် မိန်းကလေးငယ်ကို ဦးလေးအရင်းက အဓမ္မပြုကျင့်နေစဉ် ဖမ်းမိ

ဦးလေးအရင်းက အ သက်(၄)နှစ်အရွယ် မိန်းကလေး ငယ်ကို မိဘနေအိမ်မှ ခေါ်ဆောင် ကာ အဓမ္မပြုကျင့်ခဲ့သဖြင့် ရပ် ကွက်နေပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံအပ်နှံခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။ 

ပုဇွန်တောင်မြို့နယ် (၃)ရပ် ကွက်အတွင်းနေထိုင်သည့် အမျိုး သမီးတစ်ဦးသည် ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီခွဲက ရပ်ကွက် အတွင်း အဝတ်လိုက်လျှော်ရန် နေအိမ်မှ ထွက်သွားခဲ့ပြီး အသက် (၄)နှစ်အရွယ် သမီးငယ်ကို ဖခင်နှင့်နေအိမ်တွင် ထားခဲ့ကြောင်း တာမွေမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။ 

ထို့နောက် နေအိမ်သို့ မွန်းလွဲ၁ နာရီခန့်တွင် ပြန်ရောက်လာစဉ် သမီးငယ်ကို မတွေ့သဖြင့် ခင်ပွန်းကို မေးမြန်းရာ ၎င်း၏မောင်အရင်း အသက်(၃၃)နှစ်အရွယ် လူဇော်(ခ)ဆန်နီက လာခေါ်သွားသည် ဟုဆို၍ လိုက်လံရှာဖွေခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

ထိုသို့ရှာဖွေစဉ် တာမွေမြို့ နယ် မေတ္တာညွန့်ရပ်ကွက် သံလမ်း ဘေးရှိ ကျူတောအတွင်း လူဇော်(ခ)ဆန်နီက ကလေးငယ်ကို သားမယားပြုကျင့်နေသဖြင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီး 

ထားကြောင်း ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးမှ ဖုန်းဆက်အကြောင်း ကြားလာသဖြင့် လိုက်သွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင် ကလေးငယ်၏ခန္ဓာကိုယ်ကို စစ်ဆေးရာ အမျိုးသမီးအင်္ဂါ ရောင်ရမ်းနေခြင်း၊ အင်္ဂါအဝတွင် အရည်ကြည်များတွေ့ရှိခြင်း၊ ဝတ်ထားသည့် ဘောင်းဘီတွင်လည်း သွေးများစွန်းနေသည်ကို တွေ့ရှိ ၍ ကလေးငယ်ကို မေးမြန်းရာ ကြောက်လန့်နေသဖြင့် မေးမြန်း မရဖြစ်နေကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြော သည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူဇော်(ခ)ဆန်နီကို တာမွေမြို့ မရဲစခန်းက အဓမ္မပြုကျင့်မှုပုဒ်မ ၃၇၆၊ ကလေးသူငယ်ခိုးမှုပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်စစ်ဆေးနေ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၃ ရက်နံနက် အစောပိုင်းကလည်း စမ်း ချောင်းမြို့နယ် ဟုမ်းလမ်းဘူတာ ရပ်ကွက်အတွင်း နေထိုင်သည့် အသက်(၄)နှစ်အရွယ် မိန်းက လေးငယ်တစ်ဦး နေအိမ်အတွင်း အိပ်ပျော်နေစဉ် အမျိုးသားတစ်ဦးက ခေါ်ဆောင်သွားကာ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ပြီး တရားခံကိုမူ မဖမ်းမိသေးပေ။