ရုပ်ရှင်အကြိုခံစားခြင်း

ကောလိပ်ဂျပိုး

- ဒီနေ့ရုပ်ရှင်အညွန်း ကဏ္ဍမှာ  တက္ကသိုလ်နောက်ခံ လူငယ်အ ချစ်ဟာသ ကားလေးတစ်ကား  အကြောင်း ညွှန်းလိုက်ပါတယ်။

သိန်းဖေက နယ်ကတက်လာ ပြီး ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရတာကြောင့် ပျော်ရွှင်နေခဲ့ပါတယ်။ ဒါပေမဲ့ သိန်းဖေရဲ့ပုံစံကတက္ကသိုလ်လာတက်တဲ့သူတွေကြားထဲမှာ ရယ်စရာပုံစံပါ။ နှစ်ထပ်မျက်မှန်နဲ့ တိုက်ပုံအင်္ကျီ တွေ ဝတ်ဆင်လေ့ရှိတဲ့ သိန်းဖေက အမြင်နဲ့တင် တခြားလူတွေစနောက် ဖို့ကောင်းတဲ့ပုံစံဖြစ်နေပါတယ်။

နောက်ပြီး ကျောင်းတက်ဖို့လာတဲ့နေ့ အဆောင်ရှာတဲ့အ ချိန် နှစ်ကြီးကျောင်းသားတွေက သိန်းဖေကို အဆောင်နေရာ မဟုတ်ဘဲ ချောက်တွန်းတာ ကြုံခဲ့ရပါတယ်။

အဲဒီလိုနဲ့ သိန်းဖေအဆောင်ကိုရောက်သွားခဲ့ပါတယ်။ သိန်းဖေက လူပုံစံတင်မဟုတ်ပါဘူး။ စိတ်ကလည်းတော် တော်ရိုးပါတယ်။ နောက်တစ်ရက်ကျောင်းထဲကိုသွားတဲ့အချိန် သူ့ကိုချောက် တွန်းခဲ့တဲ့လူတွေနဲ့ ထပ်တွေ့ခဲ့ပါ တယ်။ အဲဒီ့အချိန်မှာ vအဲဒီ့ကျောင်းသားတွေကဆရာတစ်ဦးနဲ့ စကားပြောနေတာပါ။ အဲဒါကို သိန်းဖေနဲ့တွေ့တော့ ဆရာနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ သိန်းဖေက တစ်ခါခံထားရတော့ ဒီတစ်ကြိမ်မှာ အဲဒီ့ကျောင်းသားတွေကို မယုံတော့ပါဘူး။ အဲဒီ့ဆရာကို သိန်းဖေက ဗယာကြော်သည် ကုလားလို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဆရာကစိတ်ဆိုးပြီး ပါမောက္ခချုပ်ရုံးခန်းကို သွားမယ်ဆိုတဲ့အချိန်မှ သိန်းဖေသူမှားမှန်းသိပြီး တောင်းပန်ခဲ့ရပါတယ်။

        အဲဒီ့ကိစ္စတွေကြောင့်ကျောင်းထဲမှာ သိန်းဖေနာမည်ကြီးသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဘသန်းဆိုတဲ့ ကျောင်းသားက သိန်းဖေကို နာမည်ကြီးနေတယ်လို့ မြှောက်ပြောပြီး ပိုက်ဆံချေးပါတယ်။ ဒါပေမဲ့ သိန်းဖေက မချေးနိုင်ဘူးလို့ငြင်းပြီး ထွက်လာတဲ့အချိန် ကောင်မလေး တစ် ယောက်ကို မြင်သွားခဲ့ပါတယ်။ ကောင်မလေးကို မြင်မြင်ချင်း သိန်းဖေစိတ်ဝင်စား သွားတာကြောင့် သူ့အနားမှာရှိနေတဲ့ ဘသန်းကို အဲဒီ့ကောင်မလေးအကြောင်း သိရရင် ပိုက်ဆံချေးမယ်လို့ ပြောပါတယ်။

 အဲဒီ့အချိန်မှာပဲ ဘသန်းက ကောင်မလေးကိုလှမ်းခေါ်ခဲ့ပါတယ်။ ကောင်မလေးနာမည်က အေးစိန်ပါ။ တကယ်တော့ အေးစိန်က ဘသန်းရဲ့ ညီမအရင်းပါ။ အဲဒါကြောင့် သူတို့နားကိုရောက်လာပါတယ်။ နောက်ပြီး ဘသန်းက အေးစိန်ကို သိန်းဖေက ကြိုက်နေတယ်လို့ ပြောခိုင်းလို့ဆိုပြီး ပြောခဲ့ပါတယ်။ အေးစိန်ကို ကြိုက်နေပေမယ့်ပေါ်တင်ကြီး ပြောလိုက်တာကြောင့် သိန်းဖေက ရှက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။

       နယ်ကနေကျောင်းလာတက်တဲ့သိန်းဖေ သူကြိုက်နေတဲ့ အေးစိန်နဲ့ အဆင်ပြေနိုင်မှာလား။ အစအနောက်ကြမ်းတဲ့သူငယ်ချင်းတွေနဲ့နေရတဲ့ သိန်းဖေဘယ်လိုတွေ ချောက်တွန်းခံရဦးမလဲ။ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးထားပြီး ဖေဖော်ဝါရီ ၉ ရက်ကစကာ ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ့် ကောလိပ်ဂျပိုးဆို တဲ့ ဇာတ်ကားလေးမှာ ဆက်လက် ရှုစားပေးပါ။

 ဒီဇာတ်ကားမှာ သိန်းဖေ အဖြစ် မြင့်မြတ်၊ အေးစိန်အဖြစ် ဝတ်မှုံရွှေရည်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး  ဇဝနရဲ့ဝတ္ထုကို အောင်နိုင် ဇာတ်ညွှန်းရေးပေးထားကာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူးပုံဖော် ထားပါတယ်။