ထိုင်းလိဂ်-၁ ကလပ်အသင်းနှစ်သင်း၏ ကမ်းလှမ်းမှုကို စည်သူအောင် ငြင်းပယ်

ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင်ကို ထိုင်းလိဂ်-၁ ကလပ်အသင်းနှစ်သင်းက ကမ်း လှမ်းသော်လည်း ကစားသမား က ငြင်းပယ်ခဲ့ကြေင်း ရတနာပုံအ သင်းအထွေထွေအတွင်းရေးမှူး ဦးအောင်ဟိန်းခိုင်က ပြောသည်။


ထိုင်းလိဂ်-၁ အသင်းနှစ် သင်းက ကစားသမားအေးဂျင့်မှတစ်ဆင့် လက်ရွေးစင်ကစားသ မားစည်သူအောင်ကို ကမ်းလှမ်း ခဲ့ပြီး ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ခွင့်ပြုသော်လည်း စည်သူအောင်ကရတနာပုံအသင်း၌သာ ကစားလိုကြောင်း ဖေဖော်ဝါရီ ၅ ရက်က အသင်းတာဝန်ရှိသူများထံ ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘စည်သူအောင်ကို ထိုင်း လိဂ်-၁ ကလပ်အသင်းနှစ်သင်း ကမ်းလှမ်းတယ်ဆိုတာ ဟုတ်ပါ တယ်။ အသင်းပိုင်ရှင်ကလည်း သွားကစားဖို့အတွက် ခွင့်ပြုတယ်။ ဒါပေမဲ့ စည်သူအောင်ကိုယ်တိုင် က မသွားချင်ဘူး။ ရတနာပုံမှာပဲ ကစားချင်တယ်ဆိုပြီး ပြောတဲ့အ တွက် အပြောင်းအရွှေ့က အဆုံး သတ်သွားပါပြီ’’ဟု ဦးအောင်ဟိန်း ခိုင်က ပြောသည်။

ထိုင်းလိဂ်-၁ ကလပ်အသင်း နှစ်သင်းက ရတနာပုံအသင်းတာ ၀န်ရှိသူများကို ဆက်သွယ်ခြင်း မဟုတ်ဘဲ ကစားသမားကို တိုက်ရိုက်ဆက်သွယ်ခြင်းကြောင့် အသင်းအမည်ကို သိရှိခြင်းမရှိ ကြောင်း ၎င်းကဆိုသည်။ ထိုင်းလိဂ်-၁ အသင်းများက ကမ်းလှမ်းခြင်းနှင့်ပတ်သက်၍ စည်သူအောင်ကို 7Day News ဂျာနယ်က ဆက်သွယ်သော်လည်း မရခဲ့ပေ။

 ရတနာပုံကစားသမား စည် သူအောင်သည် ယခုနှစ်ဘောလုံး ရာသီတွင် ခြေစွမ်းပြကစားနိုင်ပြီး မြန်မာလိဂ်ပွဲစဉ်(၄)အပြီး၌ သွင်း ဂိုး ငါးဂိုးဖြင့် ဂိုးသွင်းအများဆုံး စာရင်းတွင် ထိပ်ဆုံး၌ဦးဆောင်ထား သည်။ ထို့အပြင် စည်သူအောင် သည် ဇန်န၀ါရီအတွက် မြန်မာ လိဂ်အကောင်းဆုံးကစားသမား ဆုကို ရရှိထားသည်။

ယခုနှစ်ရာသီတွင် ရတနာပုံ အသင်းသည် တိုက်စစ်မှူး  အောင် သူကို ထိုင်းလိဂ် - ၁ ကလပ် Police Tero အသင်းသို့ လစာ ကန်ဒေါ်လာ ၇,၀၀၀ ဖြင့် တစ်ရာ သီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခွင့်ပြုထားသည်။

၂၀၁၈ ဘောလုံးရာသီတွင် မြန်မာကစားသမားအချို့ ထိုင်း လိဂ်အသင်းများ၌ ကစားမည်ဖြစ် သည်။ ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းတွင် အောင်သူ၊  ချင်းရွိုင်အသင်း၌ ကျော်ကိုကို၊ပရာချွတ်အသင်းတွင် နန္ဒလင်းကျော်ချစ်၊လိဂ်-၂ ကလပ် ဆာမက်ဆာခွန် အသင်းတွင် ကောင်းဆက်နိုင်၊ လိဂ် -၃ ကလပ် ရနောင်း၌၀င်းလှိုင်ဦး၊ ဖူးခက်အသင်းတွင် ကျော်ဖြိုးဝေ၊ မောက်ကန်အသင်း ၌ ထွန်းထွန်းဝင်းနှင့် ဂျက်စောသဲတို့ ကစားမည်ဖြစ်သည်။