ကာဂျစ္စတန်နှင့် မြန်မာပြန်ကန်ပွဲ အိမ်ရှင်နိုင်ငံမသိရသေး

အေအက်ဖ်စီက တောင်ကိုရီးယားတွင် စီစဉ်မှုကို မြန်မာငြင်းပယ်

ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲပြန်ကန်ပွဲကို တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပရန် အာရှဘောလုံးအဖွဲ့ချုပ်(အေအက်ဖ်စီ)က စီစဉ်သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ငြင်းပယ်ခဲ့ကြောင်း အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ပြောသည်။


  ကာဂျစ္စတန်နှင့်မြန်မာအ သင်းတို့အာရှဖလားခြေစစ်ပွဲပြန် ကန်ပွဲကစားမည့်နိုင်ငံကို နှစ်ဖက် ဘောလုံးအဖွဲ့ချုပ်ညှိနှိုင်းမှုအဆင် မပြေသဖြင့် အေအက်ဖ်စီကကြား ၀င်ဆုံးဖြတ်ပေးရမည်ဖြစ်သည်။

ယင်းပွဲကို တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပရန် အေအက်ဖ် စီက အကြောင်းကြားသော်လည်း တောင်ကိုရီးယားရာသီဥတုနှင့် မြန်မာကစားသမားများ အခက် တွေ့နိုင်သဖြင့် ငြင်းပယ်ခဲ့ ကြောင်း ဦးကိုကိုသိန်းကဆိုသည်။

‘‘တောင်ကိုရီးယားမှာ ပြန် ကန်မလားဆိုပြီး အေအက်ဖ်စီက မေးတယ်။ တောင်ကိုရီးယားက အရမ်းအေးတဲ့အတွက် ကျွန်တော် တို့ကစားသမားတွေ ကစားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ငြင်းလိုက် တယ်။ ဒီရက်ပိုင်းထဲမှာပဲ အေ အက်ဖ်စီက ပြန်ပြီးအကြောင်း ကြားဖို့ရှိတယ်’’ ဟု ဦးကိုကိုသိန်း က ပြောသည်။

 အဆိုပါပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထိုင်း (သို့ မဟုတ်) ဗီယက်နမ်နိုင်ငံ၌ကစား ခွင့်ရရန်ဆန္ဒရှိပြီး ကာဂျစ္စတန် ဘောလုံးအဖွဲ့ချုပ်က ကာဇက်စ တန်(သို့မဟုတ်)ဥဇဘက်ကစ္စ တန်နိုင်ငံ၌ ကစားခွင့်ရရန်တောင်း ဆိုထားသည်။

မြန်မာအသင်းသည် ကာဂျစ္စ တန်အသင်းနှင့် ပွဲအပြီးငါးရက်အ ကြာတွင် မကာအိုအသင်းနှင့်ထပ် မံယှဉ်ပြိုင်ရမည်ဖြစ်ခြင်းကြောင့် ကစားသမားများ ခရီးပန်းမှုဒဏ် မခံရစေရန်ပြန်ကန်ပွဲကို အိမ်နီး ချင်းနိုင်ငံများ၌သာ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးကိုကိုသိန်းကဆို သည်။

အေအက်ဖ်စီကဆုံးဖြတ်ပေး သည့်နိုင်ငံသည် မြန်မာနှင့်အိမ်နီး ချင်းနိုင်ငံမဖြစ်ပါက ကန့်ကွက် မည်ဖြစ်ကြောင်း ဦးကိုကိုသိန်းက ဆိုသည်။

၂၀၁၇ စက်တင်ဘာ ၅ ရက် က လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်အ သင်းနှင့်မြန်မာအသင်းတို့၏ အာ ရှဖလားခြေစစ်ပွဲကို ၂၀၁၈ မတ် လ ၂၂ ရက်တွင် ကြားကွင်း၌ယှဉ် ပြိုင်ရန် အေအက်ဖ်စီကဆုံးဖြတ် ထားသည်။

ယင်းဆုံးဖြတ်ချက်အရ မြန် မာအသင်း၏ ယင်းပွဲအတွက် ကုန် ကျစရိတ်နှင့် ပွဲကျင်းပရန်ကုန်ကျ စရိတ်အားလုံးကို ကာဂျစ္စတန် ဘောလုံးအဖွဲ့ချုပ်က ကျခံရမည် ဖြစ်သည်။

မြန်မာအသင်းပါဝင်သည့် ၂၀၁၉ အာရှဖလားတတိယအ ဆင့်ခြေစစ်ပွဲအုပ်စု(က)တွင် အိန္ဒိ ယအသင်းက ခြေစစ်ပွဲအောင်မြင် ခဲ့ပြီး လက်ကျန်ခြေစစ်ပွဲအောင် တစ်နေရာအတွက် ကာဂျစ္စတန် နှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ရ မည်ဖြစ်သည်။