International Gateway လုပ်ကိုင်ခွင့် Global Technology ကုမ္ပဏီကို ခွင့်ပြု

အပြည်ပြည်ဆိုင်ရာ အင်တာနက် စနစ်ဝင်ပေါက်၊ ထွက်ပေါက်ဝန် ဆောင်မှု (International Gate- way) လုပ်ကိုင်ဆောင်ရွက်ရန် ၂၀၁၈ ဇန်န၀ါရီတွင် ပြည်တွင်း ကုမ္ပဏီ Global Technology ကို စစ်ဆေးပြီး လုပ်ကိုင်ခွင့်ပြုခဲ့ ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေကပြောကြား သည်။

ဆက်သွယ်ရေးကုမ္ပဏီ ၁၀ ခုနှင့်အထက်ကို Gateway လိုင် စင်ချထားပေးပြီးဖြစ်ကာ ဆက် သွယ်မည့် Gateway တည် ဆောက်မှုပြီးစီးကြောင်းနှင့် စစ် ဆေးမှုခံယူရန် လာရောက်တင်ပြ ထားသည့် ကုမ္ပဏီအရေအတွက် လေးခုရှိကြောင်း ဦးမျိုးဆွေက ပြောသည်။

‘‘လိုင်စင်ရတာနဲ့ လုပ်လို့ရ တာတော့မဟုတ်ဘူး။ စစ်ဆေးလို့ တကယ်မှန်ကန်မှုရှိတယ်ဆိုမှ စ လုပ်လို့ရတာပါ’’ ဟု ၎င်းကပြော သည်။

ထို့အပြင် ယခုလအတွင်း ကုမ္ပဏီနောက်တစ်ခုကို ထပ်မံစစ် ဆေးကာ ခွင့်ပြုရန်ရှိသည်ဟု ဦးမျိုးဆွေက ပြောသည်။

ယခင်က Gateway ၀န် ဆောင်မှုကို အော်ပရေတာသုံးခု ကသာ လုပ်ကိုင်ခွင့်ရှိသော်လည်း  ဈေးကွက်ပြိုင်ဆိုင်မှုကြောင့် အ ရည်အသွေးတိုးတက်မှုနှင့် ဈေး နှုန်းကျဆင်းလာစေရန် ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက လိုင်စင်ထပ်မံထုတ်ပေးခြင်းဖြစ် ကြောင်း ကြေညာသည်။

‘‘၂၀၁၃ ကို ပြန်ကြည့်ရင် 1Mbps ကို ဒေါ်လာသုံးရာလောက် နဲ့ဝယ်ရတယ်။ အခု 1Mbps ကို ရှစ်ဒေါ်လာပဲကျတော့တယ်။ Ga-teway ကုမ္ပဏီတွေပိုများလာခဲ့ မယ်ဆိုရင် ဈေးနှုန်းကဒီထက်ပို သက်သာလာမယ်’’ ဟု Global Technology Group စီအီးအို ဦးသိန်းသန်းတိုးက ပြောသည်။

Gateway ကုမ္ပဏီများသည် ကတိအာမခံချက်အဖြစ် ကန်ဒေါ် လာ တစ်သန်းပေးသွင်း၍ ၂၀၁၇ ဇူလိုင်ကစတင်၍ လိုင်စင်ရယူ သည်။

လိုင်စင်ရရှိသည့်ကုမ္ပဏီများ တွင် Elite Telecom အများပိုင် ကုမ္ပဏီ၊ Golden TMH Telecom ကုမ္ပဏီ၊ Frontiir ကုမ္ပဏီလီမိ တက်၊ Global Technology ကုမ္ပဏီ၊ Campana ကုမ္ပဏီနှင့် အခြားသော နည်းပညာကုမ္ပဏီ များပါဝင်သည်။

အပြည်ပြည်ဆိုင်ရာ Gate-way ဆိုသည်မှာ နိုင်ငံတကာရှိ အင်တာနက်ဆက်ကြောင်းများနှင့် ချိတ်ဆက်၍ ပြည်တွင်း၌ အင်တာ နက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အင်တာနက် Bandwidth များပြန် လည်ရောင်းချခွင့်ရှိသည့် လုပ်ငန်း ကို ဆိုလိုသည်။