MNA လေကြောင်းလိုင်း ရန်ကုန်-ဖူးခက် ခရီးစဉ်သစ် တိုးချဲ့ပြေးဆွဲမည်

နိုင်ငံပိုင်လေကြောင်း လိုင်းတစ်ခုဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် မတ်လ ၂၅ ရက်က စတင်ကာ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ လေကြောင်းခရီး စဉ်သစ် တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။


‘‘ဒါက ငါးခုမြောက် နိုင်ငံ တကာ ခရီးစဉ်အနေနဲ့ စတင်ပျံ သန်းဖို့အတွက် အကောင်အ ထည်ဖော်လိုက်တာဖြစ်ပါတယ်။ မြန်မာအမျိုးသားလေကြောင်း လိုင်းနေနဲ့ ဈေးကွက်လိုအပ်ချက်အပေါ် မူတည်ပြီး ခရီးစဉ်သစ် တွေကို တိုးချဲ့ပျံသန်းပေးနေတာ ဖြစ်ပါတယ်’’ဟု MNA  လေယာဉ်မှူးကြီး ဦးသန်းထွေးက ပြောကြားသည်။

ရန်ကုန်-ဖူးခက်-ရန်ကုန် ခရီးစဉ်သစ်ကို ဘိုးရင်း 737- 800 လေယာဉ်များဖြင့် တစ်ပတ် လျှင်နှစ်ကြိမ် သောကြာနှင့် တနင်္လာနေ့တွင် ပျံသန်းမည်ဖြစ်ပြီး အသွားအပြန် လေယာဉ်ခ အမေရိကန်ဒေါ်လာ ၂၅၀ မှ စတင်သတ်မှတ်ထားကြောင်း ဆိုသည်။

 ‘‘လောလောဆယ်တော့ ဖူးခက်ခရီးစဉ်ကို ရန်ကုန်ကနေပဲ ပြေးဆွဲပေးဦးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မန္တလေးဘက်က နေ ထပ်ပြီးတိုးချဲ့ပေးဖို့ တောင်း ဆိုလာရင်တော့ ခရီးစဉ်ကိုထပ် ပြီး တိုးချဲ့ပေးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးသန်းထွေးက ဆက်လက် ပြောကြားသည်။

 မြန်မာအမျိုးသား လေ ကြောင်းလိုင်းသည် ၂၀၁၅ က စတင်ကာ နိုင်ငံတကာခရီးစဉ် များ ပျံသန်းပြေးဆွဲခဲ့ပြီး ရန်ကုန် -စင်ကာပူ၊ ရန်ကုန်-ဟောင် ကောင်၊ ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်များ ပျံ သန်းပြေးဆွဲနေသည်။