ခန္ဓာရှုမြင် တရားခွင် (ဘဒ္ဒန္တ ကုမာရ)

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာ လမ်း စတုဘုမ္မိကမဟာသတိပဋ္ဌာန်ကျောင်းတိုက် ပဓာနနာယက ပြည်သာယာဆရာတော် ဘဒ္ဒန္တကုမာ ရ၏ စာအုပ်ဖြစ်သည်။ ဆရာတော်သည် သာသနဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူဘွဲ့နှင့် ကမ္မဌာနာစရိယဘွဲ့ကို ဆက်ကပ်ချီးမြှင့်ခံထားရသော ပရိယတ္တိ၊ ပဋိပတ္တိနှစ်ဖြာ ဖြန့်ဝေပေးနေသော သူတော်စင်မြတ်တစ်ပါး လည်းဖြစ်ပါသည်။


ဆရာတော် ရေးသားပြုစုသော ‘ခန္ဓာရှုမြင် တရားခွင်’ တရားတော်သည် သတ္တ၀ါအပေါင်း၌ ရှိ အပ်သော (၃၂)ကောဋ္ဌာသကို အသေးစိတ်ရှုမြင်ရေး ထားသော စာအုပ်ဖြစ်သည်။ ဆံပင်၊ မွေးညင်း၊ ခြေ သည်း၊ လက်သည်း၊ သွား၊ အရေထူအရေပါး၊ အ သား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ (ကျောက်ကပ်)၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်တို့၏ အတွင်းသရုပ်လက္ခဏာများကို မှတ် သားလွယ်အောင် ကဗျာ၊ စကားပြေ၊ ပါဠိ၊ ဘုရား ဟောအဋ္ဌကထာတို့မှ ထုတ်နုတ်ကောက်ယူ၍ ရောင် စုံဓာတ်ပုံများနှင့်အတူ ရှင်းလင်းရေးထားသည်။ သတ္တ၀ါတို့တွင် ရှိအပ်သော ထို(၃၂)ကောဋ္ဌာသနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းထားသဖြင့် ခန္ဓာ ကိုယ်တည်းဟူသော အညစ်အကြေးအစုအဝေးကို ရှုမြင်သဘောပေါက်စေပါသည်။ ထိုမှတစ်ဆင့် ယခု စာအုပ်ဖတ်သူသည် ထိုမတည်မြဲသောအစုအဝေးတို့ ၏ ရွံရှာဖွယ်အင်္ဂါအစိတ်အပိုင်းများကို ပြက်ပြက်ထင် ထင် ရှုမြင်ကာ သင်္ခါရတရားကို နှလုံးသွင်းနိုင်ပါမည်။

ယခုစာအုပ် ရေးသားပြုစုခြင်းနှင့် စပ်လျဉ်း၍ ဆရာတော်ဘဒ္ဒန္တကုမာရ၏စာလိုက်ဖက် စစ်ကိုင်းမြို့ မြစကြာကျောင်းတိုက် မဟာနာယကဆရာတော် အ ရှင်ဣန္ဒကာဘိဝံသက ‘ကမ္မဋ္ဌာန်းမပွားများမီတုန်းက အမှန်ထင်ရှားရှိနေတဲ့ ခန္ဓာငါးပါးရုပ်နာမ်တရားကို ‘ငါ၊ သူ၊ ယောက်ျား၊ မိန်းမ၊ လူ၊ နတ်’စသဖြင့် ထင် မြင်ယူဆတဲ့အတွက် သက္ကာယဒိဋ္ဌိအစွဲတွေ ပြင်းထန် ပြီး အချိန်ပြည့်ဖြစ်နေပါတယ်။ ကာယဂတာသတိ ကမ္မဋ္ဌာန်းအားထုတ်နေတဲ့အချိန်တွေမှာ ‘‘ငါဆိုတာ မရှိပါလား၊ သား၊ သမီး၊ ယောက်ျား၊ မိန်းမဆိုတာ တကယ်မရှိပါလား။ စင်စစ်တော့ ဆံပင်အစု၊မွေးညင်း အစု၊ခြေသည်း၊ လက်သည်းအစု၊ သွားအစု၊ အရေ ထူအရေပါးအစုသာရှိတာပါလား’’ စသဖြင့် နှုတ်က တော့ ထုတ်ဖော်မပြောပါဘူး။ ဒါပေမဲ့ ဉာဏ်ပညာနဲ့ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းပီပြင်စွာ သိမြင်လာပါ၏။ ဒီလိုသိမြင်လာတဲ့အခါ ငါသူတစ်ပါး ယောက်ျားမိန်းမလို့ ထင်မြင်ယူဆတဲ့ သက္ကာယဒိဋ္ဌိအစွဲတွေ တ ဖြည်းဖြည်း နည်းပါးလာပါတယ်။ ဒီလိုအချိန်မျိုးမှာ ၀ိပဿနာရှုနည်းဘက်ကူးပြီး ရှုမှတ်ပွားများခဲ့ရင် သက္ကာယဒိဋ္ဌိအစွဲတွေ လုံးဝကင်းစင်သွားမှာပါ’ ဟု မိန့်ကြားထားပါသည်။

ယခုစာအုပ်နှင့်ပတ်သက်၍လည်း ‘‘ဆရာတော် အရှင်ကုမာရဟာ ကာယဂတာသတိကမ္မဋ္ဌာန်းရဲ့ အ ကျိုးကျေးဇူးတွေကို အတိုင်းအတာတစ်ခုအထိ သိရှိ ခံစားနေရလိမ့်မယ်လို့ ယူဆပါတယ်။ ကိုယ်တိုင်သိရှိ ခံစားရသလို တပည့်ယောဂီတွေကိုလည်း လက်ဆင့် ကမ်း မျှဝေခံစားချင်တဲ့ဆန္ဒ ပြင်းပြနေမှာပါ။ စား ကောင်းသောက်ဖွယ်ကို စားရတဲ့အခါ ကိုယ်ချစ်မြတ် နိုးတဲ့သူကို အောက်မေ့သတိရသလိုမျိုးပေါ့။ ဒီလို ပြင်းပြတဲ့ဆန္ဒကြောင့်ပဲ ‘ခန္ဓာရှုမြင်တရားခွင်’ ဆိုတဲ့ ကျမ်းစာကို အပင်ပန်းခံရေးသားခဲ့တာပါ။ ဆရာတော် အရှင်ကုမာရရဲ့ ပြင်းပြထက်သန်လှတဲ့ဆန္ဒကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လေ့လာဖတ်ရှုပြီး ကျင့်ကြံ ကြိုးကုတ်ပွားများအားထုတ်နိုင်ကြပါစေလို့ စာရေးသူက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်’’ဟု ရေးထား ပါသည်။ ယခုစာအုပ်ကို မြန်မာမြင့်စာပေက တန်ဖိုး ၅,၀၀၀ ကျပ်ဖြင့် ထုတ်ဝေဖြန့်ချိသည်။