မြေပြင်နှင့် စာရွက်အဖြေထွက်ဖို့ ခပ်ခက်ခက်

‘‘ပညာရေးဝန်ကြီးဌာနက Quality Education ကိုအကောင် အထည်ဖော်ဖို့အတွက် သတင်းအ ချက်အလက်တွေသည် တိကျဖို့ လိုတယ်။ မှန်ကန်ဖို့လိုတယ်။ ပြည့်စုံဖို့အရေးကြီးတယ်။ မမှန် မကန်၊ မပြည့်စုံဘဲ လုပ်နေလို့ မရ ပါဘူး။ ပညာရေးဝန်ကြီးဌာနကို တင်ဖို့အတွက် အမှားပုံစံကတစ် မျိုး၊ လက်ထဲမှာ ကိုင်ထားဖို့ပုံစံ အမှန်က တစ်မျိုးနဲ့လုပ်နေသရွေ့ ကတော့ ကျွန်တော်တို့ပညာရေး သည် အရည်အသွေးတိုးတက် အောင်လုပ်ဖို့ အကောင်အထည် ဖော်ဆောင်ရွက်လို့ရမှာမဟုတ် ဘူး’’တဲ့။

ဇန်န၀ါရီ ၂၈ ရက်က ရန် ကုန်တိုင်းဒေသကြီး အထက(၄) အလုံတွင် ကျင်းပသည့်ပညာရေး ၀န်ထမ်းများအတွက် Effective Education Management ဟော ပြောပွဲအဖွင့်အမှာစကားအဖြစ် ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး က ယင်းသို့ထည့်သွင်းပြောကြား ခဲ့တာလို့ဆိုပါတယ်။ ‘‘ယနေ့ ကျောင်းတွေတော်တော်များများ မှာ ကျောင်းအုပ်ကြီးရုံးခန်းမရှိပါ ဘူး။ ဆရာ၊ ဆရာမအိမ်ရာမရှိပါ ဘူး။ ဒါကြောင့် ကျောင်းဆောင်လို့ ပြောလို့ရှိရင် ကျောင်းအုပ်ကြီးက လည်း ရုံးခန်းအတွက်ယူထား တယ်။ သူနေဖို့အတွက် အိမ်ခန်း ကလည်း ယူထားတယ်။ ဆရာ၊ ဆရာမကလည်း နေစရာအိမ်ရာ မရှိတဲ့အတွက် အိမ်ခန်းတွေယူ ထားတဲ့အခါကျတော့ စာရွက်ပေါ် က ကျောင်းဆောင်နဲ့၊ စာသင်ခန်း အရေအတွက်နဲ့ လက်တွေ့မြေပြင် ပေါ်က အခြေအနေနဲ့လည်း မတူ ဘူး’’ တဲ့။

7Day Daily သတင်းစာမှာ အဲဒီသတင်းပါတဲ့ ဇန်န၀ါရီ ၂၉ ရက်မတိုင်ခင် သုံးလေးရက်ခန့်အ လိုပေါ့ဗျာ။ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ။ တက္ကသိုလ်ကြီးတစ်ခုက နယ်မြေကြီးကြပ်မှုဆိုင်ရာ ၀န် ထမ်းမိတ်ဆွေနှစ်ယောက်နဲ့ စ ကားလက်ဆုံကျခဲ့ရတယ်ဗျ။ တက္ကသိုလ်စာသင်ဆောင်တွေမှာ စာသင်ခန်းဘယ်နှခန်း၊ ရုံးခန်း၊ ဆရာ၊ဆရာမနားနေခန်းအဖြစ် အသုံးပြုတာဘယ်နှခန်း၊ ပစ္စည်း ဂိုဒေါင်ဘယ်နှခန်း စသည်ဖြင့် ကျောင်းဆောင်ကျောင်းခန်းတွေ အသုံးပြုမှုကို တောင်းခံတာ ကြောင့် လုပ်ပေးခဲ့ရကြောင်း၊ သို့ သော်ငြားလည်း အခန်းစေ့သွား မနေတော့ဘဲ ထင်မြင်ယူဆနား လည်မှုနဲ့ ဘာကဘယ်နှခန်း၊ ဘယ်ဟာက ဘယ်နှခန်းဆိုပြီး လို တိုးပိုလျှော့စာရင်းရေးသွင်းတင်ပြ ခဲ့ကြောင်း ဆိုပါတယ်။

သူတို့လုပ်ခဲ့တာနဲ့ ၀န်ကြီးရဲ့ ပြောစကားကို ကြားရ၊ဖတ်ရတဲ့အ ခါ ကျုပ်တို့ရဲ့အခြေအနေဟာ မမှန်သေးဘူး၊ မဟန်သေးဘူးဆို တာအသေအချာပဲဗျ။ အကျင့်ပါ နေလို့လား၊ လုပ်ရည်ကိုင်ရည်ကို မပြောင်းလဲနိုင်သေးတာကြောင့် လား၊ မှန်မှန်ကန်ကန်လုပ်ချင် ကိုင်ချင်စိတ်မရှိတော့တာကြောင့် လား၊ အစိုးရဘာလုပ်လုပ်၊ ဘာ ခိုင်းခိုင်းမယုံကြည်နိုင်တော့တာ ကြောင့်လား အဖြေရှာဖို့တော့ လိုတာအသေအချာပဲဗျ။ ဒီအ တိုင်းသာ ရှေ့ဆက်သွားနေရင် တိုးတက်မှုဆိုတာ ဝေးနေဦးမှာပဲ။

ဘယ်သူကမှားလဲ၊ ဘယ်သူ ကမှန်လဲ၊ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်သို့ဘယ်ပုံချဉ်းကပ်ကြမလဲ၊ ဘယ်နည်းလမ်းကို သုံးမှရမှာတုံး၊ အချိန်ဘယ်လောက်ယူရမှာတုံး၊  ပြောင်းလဲချင်တဲ့ပန်းတိုင်ကိုကော ရောက်ပါ့မလား၊ ဤပုံနဲ့ပဲ မိုးချုပ် ခံမှာလား၊ သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့တစ် ပြိုင်တည်း၊ တညီတည်းပြောင်း လဲကြမလား၊ ထက်သန်မှုနဲ့ ယုံ ကြည်မှုရှိရင်ဖြင့် ရနိုင်တယ်လို့ ဆိုချင်သဗျ။ စာရင်းဇယားတွေ လွဲမှားနေသမျှရလဒ်တွေကလည်း ကပြောင်းကပြန် ဖြစ်နေဦးမှာ မဟုတ်ပါလား။

စီမံကိန်းတွေ၊ လုပ်ငန်းစဉ် တွေ၊ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ၊ ပြီးစီးမှုအစီရင် ခံစာတွေမှာ တင်ပြချက်တွေဟာ ခိုင်မာကိုးစားရမှု ရာခိုင်နှုန်းနည်း နေမယ်ဆိုရင် ဘယ်ခေတ်၊ ဘယ် စနစ်၊ ဘယ်အစိုးရတက်တက် ကောင်းတဲ့ဘက်ကို ဦးတည်ဖို့ခက် နေဦးမှာပါပဲ။ ကိန်းဂဏန်းအ ချက်အလက်တွေကို လုပ်ကြံဖန် တီးတာဟာ အနာဂတ်ကိုေ၀၀ါး စေတာနဲ့တူပါတယ်။ အဓိကက တော့ ကျုပ်တို့ရဲ့အကျင့်တွေကို ကျုပ်တို့ကိုယ်တိုင် ပြင်ကြရမှာပါ။ ဗိုလ်ချုပ်ပြောတဲ့ ‘သောက်ကျင့်’ တွေပေါ့ဗျာ။

အရင်တုန်းကတော့ ‘တိုင်း ပြည်ကနုနု မုန်တိုင်းကထန်ထန်’ လို့ဆိုခဲ့ကြသဗျ။ အခုတော့ ‘တိုင်း ပြည်ကရင့်ရင့် မုန်တိုင်းက ကြမ်း ကြမ်း’ဆိုနေရဦးမယ်ထင်ပါရဲ့။ လိုအပ်မှုက ကဏ္ဍတိုင်း၊ နေရာ ဒေသတိုင်းမှာ အများကြီးပဲလေ။ တိုင်းပြည်ရဲ့ ရှေရည်ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာအထောက်အပံ့ဖြစ် စေမယ့် လုပ်ဆောင်ချက်တိုင်း၊ အစီရင်ခံတင်ပြမှုတိုင်းဟာ နိုင်ငံ ရေးအတွက်လည်း ခွန်အားကိုဖြစ် စေမှာပါ။ ခွန်အားအပြည့်နဲ့လိုက် ရင်တောင် သူများကိုမီအောင် မနည်းကြိုးပမ်းကြရဦးမှာလေ။

အရင်အတိုင်းသွားမလား၊ အတိတ်ကို သင်ခန်းစာယူပြီးတကယ်လုပ်ကြမလားဆိုတာ စဉ်း စားနေရမယ့်အချိန်တောင်မဟုတ် တော့ပါဘူး။ ဌာနဆိုင်ရာသတင်း အချက်အလက်တွေက ပြည်သူတွေ အတွက် အသက်ပါပဲ။ အထက်ရော၊ အောက်ရောအပြန်အလှန် လေးစားမှုရှိနေရပါမယ်။ အမှန်အတိုင်း လုပ်နိုင်ကိုင်နိုင်အောင်၊ လုပ်ရဲကိုင်ရဲအောင်၊ လုပ်တတ်ကိုင်တတ်အောင် သင်ပြလမ်းညွှန်ကြရပါမယ်။ လုပ်ချင်ကိုင်ချင်စိတ်ကိန်းအောင်း တက်ကြွလာအောင် စေ့ဆော်ပံ့ပိုးပေးရပါမယ်။ မထူးတော့ပါဘူး၊ မရတော့ပါဘူး၊ မဖြစ်နိုင်တော့ပါဘူးလို့ ဘူးခံနေသူများနေဦးမယ်ဆိုရင်ဖြင့် အနာဂတ်ဟာ ရင်လေး စရာဖြစ်နေဦးမှာပါ။

ဘယ်လိုလုပ်ကြမတုံး၊ ဘယ် အခါကျမှ အမှန်အတိုင်းလုပ်ကြ မှာတုံး။ မညီမျှမှုတွေ၊ အဟန့်အ တားတွေ ဘာများရှိနေတုံး၊ မူ ကြောင့်လား၊ လူကြောင့်လား၊ဘာ ကြောင့်များတုန်း။ ရတဲ့သူကရ၊ ချောင်တဲ့သူကချောင်၊ လက်သင့် ရာ စားတော်ခေါ်၊ ပေးမှကမ်းမှ၊ အချိတ်အဆက်ရှိမှ ခွင်တည့်တဲ့အ ခြေအနေတွေက တည်မြဲကျန်ရစ် နေတုန်းလား။

စာရင်းတစ်မျိုး၊ လက်တွေ့ တစ်မျိုး၊ အလွဲအမှားတွေနဲ့ ရှေ့ ဆက်ဖို့ မရေမရာဖြစ်နေချိန်မှာ နိုင်ငံတကာမှာတော့ နည်းပညာ ကို မြှင့်သည်ထက်မြှင့်လို့ အချက် အလက်တွေကို အချိန်နဲ့အမျှတိတိ ကျကျဖြစ်ဖို့ အားထုတ်နေကြပါ တယ်။ သူတို့ဘယ်လိုလုပ်သလဲဆို တာ လေ့လာအတုယူကြရမှာပါ။ ထိထိရောက်ရောက်လုပ်နိုင်စွမ်း မရှိဘဲ ပြင်နေညာနေကြဦးမယ်၊  ဟန်ပြလုပ်နေကြဦးမယ်ဆိုပါက ပစ္စုပ္ပန်သမိုင်းက အနာဂတ်မှာ လှ လာမှာမဟုတ်ပါဘူး။

အောက်ရော၊ အထက်ရော မှန်မှန်ကန်ကန်ဖြစ်အောင် လုပ် နိုင်ရပါမယ်။ အဆင့်အလိုက်၊ ရာ ထူးအလိုက်တာဝန်ယူမှုရှိရပါ မယ်။ အပြန်အလှန်ယုံကြည်စိတ် ချရတဲ့ပုဂ္ဂိုလ်တွေဖြစ်နေရပါမယ်။ နိုင်ငံရေးဝိ၀ါဒတွေ၊ အဂတိတရား တွေ၊ အသိအမြင်ကျဉ်းမြောင်း တာတွေရှိမနေသင့်တော့ပါဘူး ဗျာ။ လိုအပ်တဲ့အချက်အလက် တွေကို ကောက်ယူတင်ပြနေကြရ တဲ့ ဌာနဆိုင်ရာတွေအနေနဲ့လည်း အခြေခံအဆောက်အအုံ၊ လျှပ်စစ် စွမ်းအင်၊ နည်းပညာနဲ့ စရိတ်စက တွေကအစ ချို့တဲ့မှုမရှိရအောင် ဖြစ်နေရပါမယ်။

ဖြစ်ကတတ်ဆန်း ရေးသွင်း မှတ်တမ်းတင်နေကြဦးမယ်၊ အဲဒီ လိုလုပ်တာကို လက်ခံနေကြဦး မယ်ဆိုရင် ဆုံးရှုံးနစ်နာမှုတွေက ရှေ့ဆက်ပြီးများနေဦးမှာပါ။ မင် တွေ၊ စာရွက်တွေ၊ ငွေတွေ၊ အ ချိန်တွေအလဟဿဖြစ်နေဦးမှာ ပါ။ အမြော်အမြင်ရှိသူတွေက မင် တွေ၊ စာရွက်တွေ၊ ငွေတွေ၊ အ ချိန်တွေကို အတတ်နိုင်ဆုံးချွေတာ နေကြပါပြီ။ အမှားမခံဘူး။ အလွဲ မခံဘူး။ နှစ်ခါပြန်လုပ်ဖို့အခွင့် မပေးဘူး။ ဖြောင့်ဖြောင့်မတ်မတ်၊ သွက်သွက်လက်လက်ချီတက်နိုင် မှ ကမ္ဘာကိုအမီလိုက်နိုင်မှာမဟုတ် လား။ ခင်ဗျားတို့၊ ကျုပ်တို့ဘယ်လို အလုပ်လုပ်ကြမတုံးဆိုတာ အ လျင်အမြန်ဆုံးဖြတ်ပါ။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)