Mytel ၏ ဆင်းမ်ကတ်များ မတ်လအတွင်း စတင်ရောင်းချရန် စီစဉ်

 စတုတ္ထမြောက်အော်ပ ရေတာ Mytel ၏ ဆင်းမ်ကတ်များ ကို လာမည့် မတ်လတွင် စတင် ရောင်းချရန် စီစဉ်ထားကြောင်း အော်ပရေတာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းဦးက ပြောသည်။

Mytel ၏ ပထမဦးဆုံးသော စမ်းသပ်ခေါ်ဆိုမှုကို ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်၌ ပြု လုပ်မည်ဖြစ်သည်။

Mytel သည် တိုင်းဒေသကြီး၊ပြည်နယ်အနှံ့ တာဝါတိုင် ငါး ထောင်ခန့်ပိုင်ဆိုင်ထားသည်။


‘‘တချို့တိုင်တွေက ကိုယ်ပိုင်တည်ဆောက်ထားတာ။ တချို့က တော့ ငှားထားတာ’’ဟု ဦးဇော် မင်းဦးက ပြောသည်။

ပြည်ပမှ ၀င်ရောက်လာ သည့် တယ်လီနောနှင့် အူရီးဒူး သည် မြို့တစ်မြို့ချင်းစီအလိုက် ဆက်သွယ်ရေးကွန်ရက်ကို တည် ဆောက်မိတ်ဆက်ခဲ့သော်လည်း Mytel သည် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကွန်ရက်စတင်မိတ်ဆက်မည်ဟု ကြေညာသည်။

‘‘ကွန်ရက်က တစ်နိုင်ငံလုံး မှာရနေပြီ။ ဒါပေမဲ့ ကွက်တိကွက် ကျားဖြစ်နေတုန်းပဲ။ ကျွန်တော်တို့ လိုချင်တဲ့အတိုင်းအတာတော့ မ ရောက်သေးဘူး’’ဟု ဦးဇော်မင်း ဦးက ပြောကြားသည်။

Mytel သည် ကျေးလက်ဒေ သ၏ ဆက်သွယ်ရေးကွန်ရက်ကို ဖြည့်ဆည်းပေးမည်ဟု လိုင်စင်ရ ယူစဉ်က ကတိပြုထားသည့် အော်ပရေတာဖြစ်သည်။

Mytel သည် ၁၅ နှစ်အတွင်း ကန်ဒေါ်လာနှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ဗီယက်နမ်အစိုးရပိုင် Viettel ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းပါဝင်သည်။

ယင်းအော်ပရေတာတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Star High ကုမ္ပဏီက အစုရှယ်ယာ၂၈ ရာခိုင်နှုန်းထည့်ဝင်ပြီး ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုပူးပေါင်းထားသည့် Myanmar National Telecom Holding Public က အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းထည့်ဝင်ထားသည်။ Mytelသည်မိုဘိုင်းအင်တာနက်အမြန်နှုန်းကို အနိမ့်ဆုံး 3MB အထိရရှိအောင်ဆောင်ရွက်ပြီး ပညာရေးကဏ္ဍအတွက် ကန်ဒေါ်လာ ၈၀ ကူညီမည်ဟု ကတိပြုထားသည်။