အကျဉ်းထောင်များအတွင်း အကျဉ်းသားများ စိစစ်လျှော့ချရေး လူ့အခွင့်အရေးကော်မရှင်က လွှတ်တော်သို့ အကြံပြုတင်ပြမည်

ဖေဖော်ဝါရီ ၁ ရက်က ဆားလင်းကြီးမြို့မရဲစခန်းအချုပ်ခန်းနှင့် မြို့နယ်တရားရုံးအချုပ်ခန်းမှ အကျဉ်းသားများကို ကော်မရှင်က တွေ့ဆုံမေးမြန်းစဉ် (ဓာတ်ပုံ − MNHRC (FB))

အကျဉ်းသားဦးရေ လျှော့ချနိုင်ရး ဆောင်ရွက်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်က ပြည်ထောင် စု လွှတ်တော်သို့ တင်သွင်းမည့် အစီရင်ခံစာတွင် ထည့်သွင်းထား ကြောင်း ကော်မရှင် ပြောရေးဆို ခွင့်ရှိသူ ဦးယုလွင်အောင်က ပြောသည်။


မြန်မာနိုင်ငံတွင် အကျဉ်း ထောင် ၄၆ ခု၊ အကျဉ်းစခန်း ၅၀ ခန့်ရှိသည့်အနက် လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အကျဉ်း ထောင်နှင့် အကျဉ်းစခန်းများကို အကြိမ် ၃၀ ခန့် စစ်ဆေးရာ အကျဉ်းထောင် အများစုတွင် အ ကျဉ်းသားဦးရေ အလွန်များပြား နေသည်ကို တွေ့ ရှိရကြောင်း ဦး ယုလွင်အောင်က ပြောသည်။

‘‘ အကျဉ်းထောင်မှာ အကျဉ်းသားတွေက ငါးသောင်းကျော် လောက်ရှိနေတယ်။ ဒါတွေကို လျှော့ချနိုင်ဖို့ တင်ပြမှာဖြစ်ပါ တယ်။ အငြိမ်းစားတရားသူကြီး၊ အငြိမ်းစားရှေ့နေကြီးတွေ၊ အ ငြိမ်းစားရဲအရာရှိကြီးတွေ၊ စိတ် ပညာရှင်ဆရာကြီးတွေနဲ့ ဖွဲ့စည်း ပြီး သမာသမတ်ကျကျ စိစစ်ပြီး တော့ ဆောင်ရွက်သင့်တယ်ဆို တာကို အကြံပြုတင်ပြပါမယ်’’ ဟု အကျဉ်းသားဦးရေ လျှော့ချ မည့် အစီအစဉ်နှင့် ပတ်သက်၍ အကြံပြုသည်။

အကျဉ်းသားများ လျှော့ချရာ တွင် မကောင်းမှု ဒုစရိုက်နှင့် ရာ ဇဝတ်မှု ကျူးလွန်သူများကို လွှတ် ပေးခြင်းမျိုး မဟုတ်ဘဲ အသေအ ချာ စိစစ်ပြီး ပြန်လည်လွှတ်ပေး ရန် လူ့အခွင့်အရေး ကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင် ပြမည်ဖြစ်သည်။

‘‘အကျဉ်းထောင်တွေထဲမှာ မူးယစ်ဆေးဝါးအမှုနဲ့ ကျနေတာ တစ်ဝက်လောက်ရှိတယ်။ ဒီအမှု တွေထဲမှာ ဆေးပြားတစ်ပြား သုံး တာတွေ၊ သူငယ်ချင်းသုံးတာကို ထိုင်ကြည့်ရင်း ဖမ်းခံရလို့ပါသွား တာတွေလည်း ရှိတယ်။ ဒါတွေ ကို စိစစ်ပြီးတော့ ပြန်လည်လွှတ် ပေးဖို့ကိုလည်း အကြံပြုမယ်’’ ဟု ဦးယုလွင်အောင်က ပြောသည်။

ထို့အပြင် အသက် (၇၀) နှင့် အထက် လူကြီးများနှင့် ကျန်းမာ ရေး မကောင်းသောကြောင့် ဂိလာနဖြစ်နေသူများကိုလည်း ပြန် လည်လွှတ်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့်  အစီရင်ခံစာတွင် ထည့်သွင်းရေး သားထားသည်။

 ‘‘လွှတ်တယ်ဆိုတာက လည်း ခံဝန်ချက်နဲ့ လွှတ်တာပေါ့။ သူတို့ပြစ်မှုတစ်ခုခု ပြန်လည်ကျူး လွန်တယ်ဆိုရင်လည်း ဒီခံဝန်ချက်ပါ တစ်ပါတည်းပေါင်းပြီး ကျခံ စေပေါ့။ ဒီလိုမျိုးအချက်တွေပါ အစီရင်ခံစာမှာ ထည့်ရေးထား တယ်’’ ဟု ဦးယုလွင်အောင်က ပြောသည်။

အဆိုပါအစီရင်ခံစာကို လာ မည့်မတ်လဆန်းတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည်ဖြစ် သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့က အကျဉ်းထောင်အတွင်း အကျဉ်းသားများ လျှော့ချပေးရန် သမ္မတထံသို့ လူ့အခွင့်အရေး ကော်မရှင်က တင်ပြထားသည်။