အမျိုးသမီးလိဂ်တွင် သစ္စာအားမာန်က တက္ကသိုလ်အသင်းကို ဂိုးပြတ်နိုင်

အမျိုးသမီးလိဂ်တွင် တက္ကသိုလ်နှင့် သစ္စာအားမာန်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

အမျိုးသမီးလိဂ်ပွဲစဉ် (၇)ဒုတိယရက်တွင် သစ္စာအား မာန်အသင်းက တက္ကသိုလ်အ သင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်  ရခဲ့သည်။


ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲတွင် သစ္စာအားမာန်အသင်းက တက္က သိုလ်အသင်းကို ဖိအားပေးကာ ပထမပိုင်း၌ လေးဂိုး၊ ဒုတိယပိုင်း ၌ နှစ်ဂိုးသွင်းယူကာ ဂိုးပြတ်အနိုင် ယူခဲ့သည်။

သစ္စာအားမာန်အသင်းအ တွက် နီလာဝင်းက ဟက်ထရစ် သွင်းယူကာ နော်အားလိုဝါးဖော၊ ခင်မိုမိုထွန်းနှင့် ဂျူလိုင်ကျော်တို့ က တစ်ဂိုးစီသွင်းယူခဲ့သည်။ ယင်းပွဲစဉ်၏ အကောင်းဆုံးသမားဆု ကို သစ္စာအားမာန်အသင်း တိုက် စစ်မှူး နီလာဝင်းက ရရှိခဲ့သည်။

တိုက်စစ်မှူးနီလာဝင်းသည် အသင်းအတွက် သုံးဂိုးသွင်းယူနိုင် သည့်အပြင် အသင်းတိုက်စစ်ကို လည်းအကောင်းဆုံး ဦးဆောင် ပြီး အသင်းဖော်များအတွက်အခွင့်အ ရေးများ ဖန်တီးပေးခြင်းကြောင့် အကောင်းဆုံး ကစားသမားဆု ရရှိခြင်းဖြစ်သည်။

၂၀၁၇-၁၈ ရာသီကမ္ဘောဇ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၇)ဒုတိယ ရက်အပြီးတွင်သစ္စာအား မာန်အသင်းက ရမှတ် ၁၉ မှတ်ဖြင့်အမှတ်ပေးဇယားကို ဦးဆောင် ထားသည်။

အမျိုးသမီးလိဂ်ပွဲစဉ် (၇) လက်ကျန်ပွဲများအဖြစ် ဖေဖော်ဝါရီ ၈ ရက်တွင် မြ၀တီနှင့် ဂန္ဓမာ၊ဖေဖော်ဝါရီ ၉ ရက်တွင် ဇွဲကပင်နှင့် အားကာသိပ္ပံအသင်းတို့ ယှဉ် ပြိုင်မည်ဖြစ်သည်။