ချစ်သူများနေ့မှာ လက်ဆောင်ပေးသင့်တဲ့ စမတ် Gadget လေးများ

နိုင်ငံတကာမှာ ချစ်သူများနေ့အဖြစ် ရည်ညွှန်းတဲ့ ဗယ်လင်တိုင်းမ် နေ့က တရွေ့ရွေ့နီးကပ်လာပြန်ပါပြီ။ သတ်မှတ်ချက်အမျိုးမျိုးနဲ့ ဝိဝါဒကွဲပြားမှုအဖုံဖုံ ရှိနေမယ်ဆိုရင်တောင် ချစ်သူစုံတွဲတွေအတွက်ကတော့ ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုတဲ့ နေ့တစ်နေ့အဖြစ် ဖေဖော်ဝါရီ ၁၄ ရက်ကို သတ်မှတ်ကြိုဆိုကြပါတယ်။ ပြီးတော့ ချစ်သူတွေအချင်းချင်း အပြန်အလှန် လက်ဆောင်တွေ ပေးတတ်ကြတာကလည်း ဒီနေ့ရဲ့ ထူးခြား တဲ့ ထုံးစံလေးတစ်ခုပါပဲ။

အခု ဆောင်းပါးမှာတော့ ချစ်သူများနေ့အတွက် လက်ဆောင်ပေးဖို့ အဆင်ပြေစေမယ့် နည်းပညာ Gadgetလေး တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။


အသည်းပုံ မီးအလင်း Projector

အိပ်ခန်းနဲ့ နေအိမ်အတွင်းပိုင်းကို အလှဆင်ဖို့ ဖန်တီးထားတဲ့ LED မီးစနစ်တော်တော်များများ ရှိပါတယ်။ အသည်းပုံ ရောင်စုံမီးပွင့် လေးတွေ ပြေးလွှားနေတဲ့ အမျိုးအစားကတော့ ဗယ်လင်တိုင်းမ်နဲ့ အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ အသည်းပုံဆိုတာက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ သင်္ကေတ မဟုတ်လား။ နှစ်ဦးအတူ ကြည်နူးစရာ ဗယ်လင်တိုင်းမ် ညစာစားတဲ့အခါ ဒီလိုမီးရောင် လေးတွေနဲ့ အလှဆင်ထားမယ် ဆိုရင်လည်း ပိုပြီးတောင် ရိုမန်တစ် ဆန်နေဦးမှာ သေချာပါတယ်။


စမတ်လက်ပတ်နာရီဆင်တူ

လက်ပတ်နာရီလေးတွေ ယောက်ျားလေးဝတ်နဲ့ မိန်းက လေးဝတ် ဆင်တူထုတ်ပြီး ရောင်း နေတာမျိုးကို ဗယ်လင်တိုင်းမ်ကာ လ ဈေးဆိုင်တွေမှာ အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။ စမတ်လက် ပတ်နာရီတွေ ခေတ်စားလာချိန် မှာ စုံတွဲတွေအတွက်လည်း ထုတ် လုပ်လာကြပါပြီ။ အွန်လိုင်းစတိုး တွေမှာတော့ ဒီလို စုံတွဲ စမတ် လက်ပတ်နာရီလေးတွေ ရောင်း နေကြပါတယ်။ ဒီဇိုင်းတူပြီး အ ရောင်ကွဲတဲ့ ပုံစံမျိုးတွေလည်း တွဲဖက်ပေးထားလေ့ ရှိပါတယ်။ စမတ်လက်ပတ်နာရီ ဆင်တူလေး တွေနဲ့ဆိုရင် နည်းပညာနဲ့ အကျွမ်းတဝင်ရှိတဲ့ ခေတ်သစ် လူငယ်စုံတွဲ တွေရဲ့ အငွေ့အသက်ကို ပိုမို ပေါ်လွင်စေမှာ သေချာပါတယ်။


LED စုံတွဲတီရှပ်

တီရှပ်ရဲ့ စတစ်ကာနေရာမှာ လှပပြီး စိတ်ကူးဆန်းသစ်တဲ့ LED မီးအလှဆင်မှုတွေ ထည့်သွင်း ထားတာမျိုး Amazon လို အွန်လိုင်းစတိုးတွေမှာ တွေ့နိုင်ပါ တယ်။ စုံတွဲ ဆင်တူ ဝတ်ဆင်နိုင်တဲ့ တီရှပ်လေးတွေနဲ့ဆိုရင် ဗယ်လင် တိုင်းမ်ဖြတ်သန်းမှုက ပိုပြီး ခေတ်ဆန်လှပသွားမှာ ဖြစ်ပါတယ်။ တချို့စမတ်တီရှပ်တွေမှာ ကွန်ရက်ချိတ်ဆက်မှု အထောက်အပံ့ လည်း ပါဝင်ပြီး တီရှပ်ဝတ်ဆင် ထားသူနှစ်ဦး ဝေးနေတဲ့အချိန် မီး

အလင်းရောင်ဖျော့သွားတာမျိုး၊ မီးလင်းတဲ့ အသည်းပုံလေးတွေ အရေအတွက် လျော့သွားတာမျိုး ဖြစ်အောင် တီထွင်ထားပါသေး တယ်။


စမတ်လေသန့်သေတ္တာ

ရေမွှေးနံ့သင်းသင်းနဲ့ လေ သန့်ဘူးလေးတွေက စိတ်လက် ကြည်လင်စေဖို့ အမှန်တကယ် အထောက်အကူဖြစ်စေပါတယ်။ Moodo ကတော့ ဒီလေသန့်ဆေး ဘူးလေးတွေကို စမတ် Gadget တစ်ခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ကွဲပြားတဲ့ ရေမွှေးနံ့လေးခုကို ဒီ လေသန့် သေတ္တာလေးထဲမှာ ထည့်သွင်းထားနိုင်ပြီး စမတ်ဖုန်း အသုံးချ App တစ်ခုနဲ့ လိုသလို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ လေသန့်သေတ္တာလေးကို ၂၀၁၈ CES ပြပွဲမှာ မိတ်ဆက်ပြီး လူကြိုက်လည်း များခဲ့တယ်။ ဗယ်လင်တိုင်းမ်နေ့မှာ ရေမွှေးလက် ဆောင်ပေးတဲ့ စိတ်ကူးကို နည်း ပညာရှုထောင့်ကနေ ဆန်းသစ် ချင်ရင်တော့ တကယ်အဆင်ပြေ တဲ့ ထုတ်ကုန်မျိုးပါပဲ။


LED စမတ်ပန်းစည်း

ဗယ်လင်တိုမ်းနဲ့ ပန်းစည်း ဆိုတာ တကယ့်မိတ်ဖက်ပါ။ သမားရိုးကျ ပန်းစည်းတွေအစား LED မီးပွင့်တွေနဲ့ ထည့်သွင်း အလှဆင်ထားတဲ့ စမတ်ပန်းစည်းမျိုး လက်ဆောင်ပေးမယ်ဆိုရင်တော့ ကိုယ့်စိတ်ကူးက ပိုပြီး အထင်ကြီး

စရာ ဖြစ်သွားနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေကြားမှာ မီးရောင်တွေ အမျိုးမျိုး ပြောင်းလဲနိုင်အောင် စမတ်ဖုန်း အသုံးပြု App တွေနဲ့ ထိန်းချုပ်နိုင်တဲ့ ပန်းစည်းမျိုးတွေ ရှိပါတယ်။ ပန်းစည်းလက်ဆောင် ပေးတာချင်းတူတူ ကိုယ့်ရဲ့ ပန်း စည်းက ပိုပြီး ထင်ထင်ရှားရှား၊ တောက်တောက်ပပ ဖြစ်ချင်ရင် တော့ ဒီနည်းလမ်းကို ထည့်စဉ်း စားဖို့ လိုမှာပါ။


မီးမဲ့ဖယောင်းတိုင်

   အလင်းဖျော့ဖျော့မှာ ဖယောင်းတိုင်မီးရောင်လေး ထွန်း ထားတဲ့ ပတ်ဝန်းကျင်ဟာ ဘယ် လောက် ကဗျာဆန်သလဲဆိုတာ ကို မြင်ယောင်ကြည့်လို့ ရပါတယ်။ အိပ်ခန်းထဲမှာ၊ ထမင်းစားခန်း မှာ၊ ရေချိုးခန်းမှာ ထားရှိအသုံး ပြုနိုင်တဲ့ ဒီအဝေးထိန်း မီးမဲ့ ဖယောင်းတိုင်လေးတွေကို eBay လို ဝက်ဘ်ဆိုက်တွေကနေ မှာယူ နိုင်ပါတယ်။ တကယ့် မီးတောက် အစစ်မဟုတ်တဲ့အတွက် မီးဘေးအန္တရာယ်လည်း ကင်းပါတယ်။ မီးရောင်အမှိန်အဖျော့ကိုလည်း အဝေးထိန်း စနစ်နဲ့ အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။


Sony Aibo ခွေးစက်ရုပ်

ချစ်သူကို အိမ်မွေးတိရစ္ဆာန် လေးတစ်ကောင် လက်ဆောင် ပေးတာဟာ လှပတဲ့ စိတ်ကူးမျိုး ပါ။ ဒါပေမဲ့ လက်တွေ့ လူနေမှု ဘဝမှာ ခွေးလေး၊ ကြောင်လေး တွေ မွေးဖို့က ကရိကထ များတာ တွေ၊ ကန့်သတ်ချက်တွေ ကြုံရ တတ်ပါတယ်။ Sony က Aibo ခွေးစက်ရုပ်လေးတွေကို ၂၀၁၈ ဗားရှင်းအဖြစ် မျိုးဆက်အဆင့် မြှင့်တင်ထုတ်လုပ်ခဲ့ပြီး ဉာဏ်ရည် တု အထောက်အပံ့တွေ ပါဝင်လာ ပါတယ်။ ခွေးအစစ်လေးနဲ့ ပိုတူ လာသလို ပတ်ဝန်းကျင် လှုံ့ဆော်မှုတွေကိုလည်း တုံ့ပြန်နိုင်စွမ်း ပိုအားကောင်းလာတယ်။ ချစ်သူများနေ့မှာ ဒီလို လက်ဆောင်မျိုး လေး ရလိုက်လို့ ပျော်ရွှင်မသွား တဲ့သူ မရှိနိုင်ပါဘူး။