ဗိုလ်လက်ျာ၏သား အယောင်ဆောင်ကာ ပြည်ခိုင်ဖြိုးပါတီဝင်ခဲ့သူ မိသားစုကို တောင်းပန်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သားဟု ဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် လျှောက်ထား ခဲ့သူက ၎င်း၏ လုပ်ရပ်မှားယွင်းကြောင်း ပြန်လည် တောင်း ပန်ခဲ့သည်ဟု ဗိုလ်လက်ျာမိသားစုဝင်များ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးဇော်မင်းစိန်က 7Day Daily သတင်းစာအား ပြောသည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ် လက်ျာနှင့် မသက်ဆိုင်သူတစ်ဦး က မမှန်မကန်နည်းလမ်းဖြင့် ဗိုလ် လက်ျာ၏ သားအငယ်ဆုံးအဖြစ် အယောင်ဆောင်၍ ပါတီတစ်ခု သို့ ပါတီဝင်အဖြစ် ဝင်ရောက်ရန် ဆက်သွယ်နေကြောင်း ကြေညာ ချက်ထုတ်ပြန်သည့် ဖေဖော်ဝါရီ ၇ ရက်တွင်ပင် ထိုသို့ ပြန်လည် တောင်းပန်ခဲ့သည်။

ဗိုလ်လက်ျာ၏ သားဖြစ် ကြောင်း ပြောဆိုသူ ဦးအောင်ချို က ဗိုလ်လက်ျာ၏ သမီးများဖြစ် သည့် ဒေါက်တာ ဒေါ်ခင်လက်ျာ နှင့် ဒေါ်ယုလက်ျာတို့ထံ ပြန်လည် တောင်းပန်ခဲ့ပြီး ကာယကံရှင်များ က ကျေအေးခဲ့၍ ၎င်းအပေါ် ဆက်လက်အရေးယူဆောင်ရွက်ရန်မရှိ တော့ကြောင်း ဦးဇော်မင်းစိန်က ပြောသည်။

‘‘သူက အဲဒီမှာဝင်ရင်းနဲ့ စိတ်ထဲက ပြောချင်စိတ်ရှိလို့ ပြော လိုက်တာတဲ့။ အဲဒီလိုပဲပြော တယ်။ ကျွန်တော်တို့လည်း အဲဒီ လောက်နဲ့ပဲ လက်ခံလိုက်ပါ တယ်။ အကျယ်အကျယ်လည်း မလုပ်ချင်လို့ပါ’’ဟု ၎င်းက ရှင်းပြ သည်။ ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီစားသောက်ဆိုင်၌ ယမန် နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲသို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သမီးနှစ်ဦးဖြစ်သည့် ဒေါက်တာ ဒေါ်ခင်လက်ျာနှင့် ဒေါ်ယုလက်ျာ တို့အပါအဝင် ရဲဘော်သုံးကျိပ်ဝင် မိသားစုများ၏ သာရေးနာရေးအ ဖွဲ့ဝင်အချို့နှင့် တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လဲ့လဲ့ဝင်း ဆွေတို့ တက်ရောက်ခဲ့သည်။

‘‘သူ့ဘက်က ဝန်ခံရင်ပြီး ရော။ ဝန်မခံဘူးဆိုရင်တော့ ကျွန် တော်တို့က သေသေချာချာလုပ်ရမှာပေါ့။ သူ တောင်းပန်တာကို လည်း သတင်းစာထဲမှာ ပြန်ထည့် ပေးဖို့ ကတိပေးသွားပါတယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော် မင်းစိန်က ပြောသည်။

ပါတီသို့ လာရောက်၍ ပါတီ ဝင်အဖြစ် လျှောက်ထားသူ ကာ ယကံရှင်၏ ပြောကြားချက်အရ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ၏သားဟု ယုံကြည်လက်ခံခဲ့ ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့ သည့် ဒေါ်လဲ့လဲ့ဝင်းဆွေက ရှင်းပြ သည်။

အဆိုပါဖြစ်ရပ်ကြောင့် ပြည် ခိုင်ဖြိုးပါတီ၏ ပုံရိပ်ကို မထိခိုက်နိုင်ကြောင်း ပါတီပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ ‘‘ပါတီလာဝင်တယ်။ သူတို့ပြောတဲ့အတိုင်း မြို့နယ် ပါတီကလည်း လက်ခံပေးလိုက်တယ်။ မဟုတ်ဘူးဆိုတဲ့အခါကျ တော့လည်း မဟုတ်ဘူးပေါ့။အဓိကက နိုင်ငံသားမှတ်ပုံတင်ပါ တယ်၊ နိုင်ငံသားဖြစ်တယ်ဆိုရင် ပါတီဝင်အဖြစ် လက်ခံတာပဲ’’ဟု ၎င်းက ဆိုသည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ် လက်ျာ၏သား မိသားစုသည် ဇန်နဝါရီ ၂၇ ရက်က ပြည်ခိုင်ဖြိုး ပါတီသို့ ဝင်ရောက်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများကို ကိုးကား ၍ ပြည်တွင်းသတင်းဌာနတစ်ခုက ရေးသားဖော်ပြခဲ့ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာအချို့ တွင်လည်း ပျံ့နှံ့ခဲ့သည်။

သို့သော် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာတွင် ဇနီးအဖြစ် ဒေါ်လှလှမြင့် တစ်ဦးတည်းသာရှိပြီး ဦးအောင်လက်ျာ (ကွယ်လွန်)၊ ဒေါက်တာ ဒေါ်ခင်လက်ျာနှင့် ဒေါ်ယုလက်ျာဟူ၍ သားသမီးသုံး ဦးသာ ထွန်းကားကြောင်း ကျန် ရစ်သူမိသားစုများက ဖေဖော်ဝါရီ ၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ် ပြန်ကြေညာခဲ့သည်။

ဗိုလ်လက်ျာသည် အမည် ရင်း ဦးလှဖေဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ယုံကြည်အားကိုး ခြင်းခံရသော မိသားစုလိုက် ခင် မင်ရင်းနှီးသူအဖြစ် ထင်ရှားသည်။တို့ပမာအစည်းအရုံး ဖွဲ့စည်းတည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် များ၏ ဂျပန်နိုင်ငံစစ်ပညာသင် ခရီး ပထမအသုတ် စတင်ထွက် ခွာသူများတွင် ဗိုလ်တေဇ (ဗိုလ် ချုပ်အောင်ဆန်း) နှင့်အတူပါဝင်ကာ ဗိုလ်လက်ျာဟု အမည်တွင် လာခြင်းဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်း စစ်သေနာပတိအဖြစ် တာဝန်ယူခဲ့သည့် ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်) တွင် ဗိုလ်လက်ျာသည် ဒုတိယ စစ်သေနာပတိဖြစ်လာပြီး ဘီအိုင် အေကို ဖျက်သိမ်း၍ ပြန်လည်ဖွဲ့ စည်းသည့် ဘီဒီအေ (ဗမာ့ကာ ကွယ်ရေးတပ်မတော်)တွင် ဒုတိ ယဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဦးစီး တာဝန်ထမ်းဆောင်ခဲ့သည်။

Top News