ကျွန်းစုမြို့နယ်တွင် နေအိမ်ပေါ် သစ်ပင်လဲကျရာမှ မိသားစုဝင်သုံးဦး သေဆုံး

တနင်္သာရီတိုင်းဒေသ ကြီး ကျွန်းစုမြို့နယ် ပသုတ်ကျွန်း ကျေးရွာတွင် နှစ် ၁၀၀ ခန့် သက် တမ်းရှိ ညောင်ပင်ကြီး လူနေအိမ် ပေါ်လဲကျရာ အိမ်အတွင်း အိပ် ပျော်နေသည့် အသက်(၄)နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် သုံးဦးသေဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက် ည ၁၁ နာရီခွဲခန့်က မိသားစုဝင်ခုနစ်ဦးအိပ်ပျော်နေစဉ် နေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲခြင်းဖြစ်ပြီး လေးဦးဒဏ်ရာရကာ အသက်(၅၂)နှစ်အရွယ် အိမ်ရှင်အမျိုးသား၊ သမက်ဖြစ်သူ ရဲတပ်ကြပ်နှင့် မြေးဖြစ်သူ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ကိုယ်တိုင်သွားရောက်ကယ်ဆယ်ခဲ့သည့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဇော်ဦးကပြောသည်။


‘‘ညောင်ပင်မလဲခင် တစ် ပတ်အလိုမှာ အဲဒီအပင်က ကျွီကျွီ မြည်သံ ထွက်နေတယ်လို့ ဒေသ ခံတွေက ကျွန်တော်တို့ရောက် တော့ ပြောပြတယ်။ ဒေသခံတွေ က အိမ်ရှင်ဖြစ်တဲ့ ဦးအင်ပိုကို လည်း ပြောခဲ့တယ်တဲ့။ မင်းတို့ အန္တရာယ်ရှိတယ်။ ညမအိပ်နဲ့ ပြောင်းဆိုပြီး ပြောသေးတယ်လို့ ကျွန်တော်တို့ကိုပြန်ပြောပြတယ်’’ ဟု ၎င်းကရှင်းပြသည်။

နေအိမ်ပေါ် ပြိုလဲခဲ့သည့် သစ်ပင်သည် လုံးပတ် ပေ ၁၄၀၊ အမြင့်ပေ ၈၀ ခန့်ရှိပြီး ယင်းကျေး ရွာအလယ်ပိုင်း ဘုန်းကြီးကျောင်း တောင်စောင်းတွင် တည်ရှိသည်။ အပင်အောက်ခြေ  ဆွေးမြည့်၍ပြိုလဲခြင်းဖြစ်ပြီး  ပေ ၂၀ ခန့်အကွာရှိ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်ပေါ် လဲကျခြင်းဖြစ်ကြောင်း ဦးအောင်ဇော်ဦးကပြောသည်။

လက်ရှိတွင် ဒဏ်ရာရသူ လေးဦးသည် မစိုးရိမ်ရဘဲ သုံးဦး မှာ ကျွန်းစုမြို့နယ်ဆေးရုံ၌ ဆေး ကုသမှု ခံယူနေပြီး သေဆုံးသူ ရဲတပ်ကြပ်၏ဇနီးသည် လက်ကျိုး ၍ မြိတ်မြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း ၎င်းက ဆက် လက်ပြောသည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လည်း အဆိုပါ ညောင်ပင်ကြီး၏ သစ်ကိုင်းတစ်ကိုင်း လဲကျမှု ကြောင့် ရှစ်လအရွယ် ကလေး တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောကြောင်း ဦးအောင် ဇော်ဦးကဆိုသည်။

More in News Section