CANAL+ ရုပ်သံလိုင်းအသစ် မကြည့်ရှုလိုပါက ငွေပြန်အမ်းမည်ဟု Forever Group ဥက္ကဋ္ဌပြော

 4TV ကြည့်ရှုသူများအ နေဖြင့် CANAL + ရုပ်သံလိုင်းအ သစ် မကြည့်ရှုလိုပါက ငွေပြန် အမ်းမည်ဖြစ်ကြောင်း FOREVER GROUP ဥက္ကဋ္ဌ ဦးဝင်းမော်က ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ပြုလုပ်သည့် CANAL + ရုပ်သံလိုင်းသစ်မိတ်ဆက်ပွဲတွင် အထက်ပါအတိုင်း ပြောကြားသည်။

‘‘ကြည့်ရှုခ သွင်းထားတဲ့လူ တွေကို ပြန်အမ်းနေပါတယ်။ အ သုံးပြုသူတွေရဲ့ ပြဿနာတွေကို နားထောင်ပြီး တတ်နိုင်သမျှ ရှင်း ပြတယ်။ နောက် ငွေပြန်ပေး တယ်’’ ဟု ဦးဝင်းမော်က ပြော သည်။

ပြည်တွင်း ရုပ်သံလိုင်းဖြစ် သည့် 4TV နှင့် 5 Plus ရုပ်သံလိုင်းမှ ပုံမှန်ထုတ်လွှင့်နေသည့် အစီ အစဉ်များ ရပ်ဆိုင်းပြီး CANAL + Myanmar အဖြစ် ဇန်နဝါရီ ၂၉ ရက်ကစ၍ ပြောင်းလဲထုတ် လွှင့်ခဲ့သည်။

‘‘ဇန်နဝါရီ ၂၅ ရက်ကစပြီး ကြေညာပါတယ်။ ၂၉ ရက်မှာ သက်တမ်းရှိတဲ့လူရော၊ မရှိတဲ့လူ ရော ကြည့်လို့ရအောင် လုပ်ထား ပါတယ်။ ဒီနေ့ထိလည်း ကြည့်လို့ ရပါတယ်။ အဲဒီမှာ မကြိုက်တဲ့လူ က ၂၅၀ လောက်ရှိပါတယ်။ အဲဒီ ၂၅၀ ကို ဆက်သွယ်ပြီး ပြောပါ တယ် ကြည့်ကြည့်ပါဦး။ မကြိုက် တဲ့သူတွေကို ကြည့်ရှုခပြန်ပေးဖို့ စီစဉ်ပါတယ်’’ဟု ဥက္ကဋ္ဌ ဦးဝင်း မော်က ပြောသည်။

လက်ရှိတွင် ယခင်ရုပ်သံ လိုင်းကို သက်တမ်းတိုးထားပြီး CANAL + ရုပ်သံလိုင်းသစ်မကြည့် ရှုလိုသည့် လူ ၆၀ ဦးကို ငွေပြန် ပေးပြီးဖြစ်ကြောင်း ၎င်းက ပြော သည်။

ရန်ကုန်နှင့် မန္တလေးမှအပ နယ်မြို့များရှိ အသုံးပြုသူများကို စက်အသစ်လဲလှယ်ပေးမည်ဖြစ် သော်လည်း သုံးလသက်တမ်းတိုး ရမည်ဖြစ်ကြောင်း ဦးဝင်းမော်က ဆိုသည်။

ရုပ်သံလိုင်း ၇၅ လိုင်းကျော် ပါဝင်သည့် ရုပ်သံလိုင်းသစ်ကို CANAL + Myanmar FG Ltd မှ ဖေဖော်ဝါရီ ၆ ရက်တွင် မိတ် ဆက်ခဲ့သည်။ အဆိုပါ ရုပ်သံ လိုင်းသစ်သည် Canal + Group နှင့် FOREVER GROUP ရုပ်သံ လိုင်းနှစ်ခု  ပူးပေါင်းခြင်းဖြစ်သည်။

CANAL+ Myanmar FG Ltdမှ မြန်မာပရိသတ်အတွက် အထူး သီးသန့်ဖန်တီးထားသော ရုပ်သံ ရှစ်လိုင်း၊ Canal + တွင်သာ ကြည့် ရှုခံစားရမည့် ရုပ်သံ ၂၅ လိုင်းနှင့်မြန်မာပြည်၌ ပထမဆုံး ထုတ် လွှင့်သော ရုပ်သံ ၄၅ လိုင်း ထုတ် လွှင့်မည်ဖြစ်သည်။

CANAL + Group သည် ပြင်သစ်နိုင်ငံတွင်သာမက ပိုလန်၊ ဗီယက်နမ်နှင့် အာဖရိက နိုင်ငံတို့တွင်လည်း ထုတ်လွှင့်နေသည်။ ရုပ်သံလိုင်း ၃၆ ခုပါဝင်သည့် ရှယ် Package သည် တစ်လ ကျပ် ၄,၈၀၀ ကျသင့်မည်ဖြစ်ပြီး ရုပ်သံလိုင်း ၇၈ ခုပါဝင်သည့် ထူးရှယ် Package သည် တစ်လကျပ် ၇,၉၀၀ ကျသင့်မည်ဖြစ်သည်။