Amara Communications က 4G အင်တာနက်ဝန်ဆောင်မှု မတ်လတွင် စတင်မည်ဟုကြေညာ
 IGE Group ၏ ကုမ္ပဏီ ခွဲ Amara Communications သည် 4G အင်တာနက်ဝန်ဆောင် မှုကို ၂၀၁၈ မတ်လမတိုင်မီ ၀န် ဆောင်မှုပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင်ကြေညာ သည်။
အင်တာနက်ဝန်ဆောင်မှုကို ‘အနန္တ’ အမည်ဖြင့် Amara Communications က ပေးအပ် မည်ဖြစ်သည်။ ယင်းကုမ္ပဏီသည်  4G အင်တာနက်အတွက် လိုအပ် သော လှိုင်းနှုန်းစဉ်ကို ၂၀၁၆ အောက်တိုဘာက ပိုင်ဆိုင်ခဲ့ သည်။
လှိုင်းနှုန်းစဉ် ၁၅ နှစ်ကျော် အသုံးပြုခွင့်အတွက် Amara Communications က ကန်ဒေါ် လာ သန်း ၁၂၀ ကျော်အသုံးပြုခဲ့ သည်။ ရန်ကုန်၊ မန္တလေး၊ ဧရာ ၀တီ၊ ရခိုင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်၊ ကယားစသည့်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ယင်း ကုမ္ပဏီက အင်တာနက်ဝန်ဆောင်မှုပေးအပ်နိုင်ကြောင်း ဆိုသည်။
‘‘ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ် ခုမှာ အရင်းကျေဖို့ဆိုတာအလွန် ပဲအရေးကြီးပါတယ်။ သုံးစွဲသူအ တွက် အဖိုးသင့်ပြီးတော့မြန်နှုန်း မြင့်တဲ့အင်တာနက်ဝန်ဆောင်မှု ပေးအပ်သွားနိုင်ဖို့ကိုလည်း အ ထူးအလေးပေးဆောင်ရွက်သွား မှာပါ။ ပြီးတော့ လိုင်စင်ကာလ သက်တမ်း ၁၅ နှစ်အတွင်းမှာ အရင်းကျေမယ်လို့ ခန့်မှန်းထားပါ တယ်’’ ဟု Amara Communi-cations စီအီးအို ဒေါ်အေးမြမြ ကြည်က လှိုင်းနှုန်းစဉ်စတင်ရရှိ စဉ်က ပြောသည်။
4G အင်တာနက်ဝန်ဆောင် မှုပေးအပ်ရန် Amara Commu-nications၊ Fortune Internatio-nal နှင့် Global Technology တို့ ကို အစိုးရကလုပ်ကိုင်ခွင့်ပြုခဲ့ သည်။