Four Four Two က ရွေးချယ်သည့် အာဆီယံအကောင်းဆုံးပဏာမစာရင်းတွင် အောင်သူပါဝင်

ဓာတ်ပုံ − စိုင်းဇော်

နာမည်ကျော်ဘောလုံး မဂ္ဂဇင်း Four Four Two က ပထမဆုံးရွေးချယ်ချယ်ချီးမြှင့်မည့် အာ ဆီယံဒေသတွင်း အကောင်းဆုံး ဘောလုံးသမားဆုပဏာမစာရင်း တွင် မြန်မာ့လက်ရွေးစင်တိုက်စစ် မှူး အောင်သူပါဝင်နေသည်။

ယင်းပဏာမစာရင်း ငါးဦး တွင် အောင်သူသည် ထိုင်းတိုက် စစ်မှူး သီယာဆေးဒန်ဒါ၊ ဗီယက် နမ်ကွင်းလယ်ကစားသမား ဒင် သန်ထရောင်၊ ထိုင်းကွင်းလယ်က စားသမား ဆောင်ကရာဆန်၊ အင်ဒိုနီးရှားဂိုးသမား အာဒီယာဆာတို့ နှင့်အတူ ပါဝင်နေသည်။

မြန်မာလိဂ်အကောင်းဆုံး သုံးနှစ်ဆက်ဆုရှင် အသက် (၂၁) နှစ်အရွယ် တိုက်စစ်မှူး အောင်သူ သည် ပြီးခဲ့သည့် ရာသီအတွင်း မိခင်ကလပ် ရတနာပုံ၊ နိုင်ငံ့လက် ရွေးစင်အသင်းတို့နှင့် အောင်မြင် မှုမရရှိခဲ့သော်လည်း တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းမွန်ခြင်း ကြောင့် Four Four Two မဂ္ဂဇင်း က အာဆီယံတစ်နှစ်တာအကောင်း ဆုံးပဏာမစာရင်းတွင် ထည့်သွင်းခြင်း ဖြစ်သည်။

အောင်သူသည် ၂၀၁၇ အ တွင်း မြန်မာ့လက်ရွေးစင်အသင်း နှင့်အတူ အာရှဖလားခြေစစ်ပွဲ၊ မြန်မာယူ-၂၃ အသင်းနှင့်အတူ ဆီးဂိမ်းနှင့် အာရှယူ-၂၃ ခြေစစ်ပွဲတို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့သည့် ကစားသမားဖြစ် သည်။ အောင်သူသည် ၂၀၁၈ ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းသို့ ပြောင်း ရွှေ့ကစားနေသည်။

ဗြိတိန်အခြေစိုက် Four Four Two မဂ္ဂဇင်းသည် အာဆီယံအ ကောင်းဆုံးဘောလုံးသမားဆုကို ပရိသတ်များ၏ မဲဆန္ဒဖြင့် ရွေး ချယ်မည် ဖြစ်သည်။