မြန်မာလက်ရွေးစင် ဖူဆယ်အသင်း ကမ္ဘာ့အဆင့် ၁၀ ဆင့်ကျဆင်း

အာရှဖူဆယ်ပြိုင်ပွဲတွင် မြန်မာနှင့် တရုတ်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဖေဖော်ဝါရီအတွက်ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ် မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက အဆင့် ၁၀ ဆင့်ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့် (၈၁) နေရာတွင် ရပ်တည်နေသည်။

ဖေဖော်ဝါရီ ၈ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာဖူဆယ်အသင်းသည် ရမှတ် ၈၁၃ မှတ်ရရှိကာ အဆင့် (၈၁) နေရာ၌ ရပ်တည်နေသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် ဖေဖော်ဝါရီလဆန်း က ယှဉ်ပြိုင်ခဲ့သည့် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံအီရန်ကို ၁၄-၀ ဂိုး၊ အီရတ်အသင်းကို ၃-၂ ဂိုးနှင့် တရုတ်အသင်းကို ၅-၃ ဂိုးဖြင့် အ သီးသီးရှုံးနိမ့်ကာ ရမှတ်မရရှိဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ဖေဖော်ဝါရီကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အရှေ့တောင် အာရှနိုင်ငံများတွင် ထိုင်းဖူဆယ် အသင်းက ကမ္ဘာ့အဆင့် (၁၈) ဖြင့်ဦးဆောင်ထားပြီး ဗီယက်နမ်အ သင်းက (၄၃)၊ အင်ဒိုနီးရှားအသင်း က (၅၆)၊ မလေးရှားအသင်းက (၆၁)၊ လာအိုအသင်းက (၁၀၅)၊ တီမောအသင်းက (၁၀၇)၊ ဘရူနိုင်းအသင်းက (၁၀၉) နှင့် ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် (၁၀၂) တို့၌ အသီးသီးရပ်တည်နေသည်။ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည်  အရှေ့တောင်အာရှနိုင်ငံများ၌ အဆင့် (၅) နေရာတွင် ရပ်တည်နေသည်။

ကမ္ဘာ့နိုင်ငံများတွင် ဘရာဇီး ဖူဆယ်အသင်းက ကမ္ဘာ့အဆင့် (၁) နေရာ၌ ရပ်တည်နေပြီး ယင်း နောက်တွင် စပိန်၊ ရုရှား၊ အာဂျင် တီးနား၊ အီရန်၊ ပေါ်တူဂီ၊ အီတလီ၊ ကာဇက်စတန်၊ ယူကရိန်း၊ အဇာဘိုင်ဂျန်အသင်းတို့က အစဉ်လိုက်ရပ်တည်နေသည်။ အီရန်ဖူဆယ်အသင်းက ကမ္ဘာ့အဆင့် (၅) ဖြင့် အာရှနိုင်ငံများတွင် ထိပ်ဆုံး၌ ဦးဆောင်ထားသည်။