မြန်မာလိဂ်ပွဲစဉ် (၅) တွင် ရတနာပုံနှင့် မကွေး၊ ရန်ကုန်နှင့် ရခိုင် ထိပ်တိုက်တွေ့ s

မြန်မာလိဂ်ပွဲစဉ် (၅) တွင် ရတနာပုံနှင့်မကွေး၊ ရန်ကုန် နှင့် ရခိုင်ယူနိုက်တက်တို့ ထိပ် တိုက်တွေ့ဆုံနေသည်။

၂၀၁၈ မြန်မာလိဂ်ပွဲစဉ် (၅) ကို ဖေဖော်ဝါရီ ၉၊ ၁၀ နှင့် ၁၁ ရက်တို့တွင် သက်ဆိုင်ရာ ဘော လုံးကွင်းများ၌ ကျင်းပမည်ဖြစ် သည်။ ယခုတစ်ပတ်တွင် အမှတ် ပေးဇယားကို ဦးဆောင်ထားသည့် ရတနာပုံအသင်းက ခြေတက်နေ သည့် မကွေးအသင်းကို အိမ်ကွင်း ၌ လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ပြီး အကြိတ်အနယ်ပွဲကောင်းဖြစ်လာ ဖွယ် ရှိသည်။

ယခုနှစ်ဘောလုံးရာသီတွင် နိုင်ငံပွဲရရှိရန် ရုန်းကန်နေရသည့်  ရခိုင်ယူနိုက်တက်က အဝေးကွင်း ၌ ရန်ကုန်ယူနိုက်တက်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပွဲစဉ် (၄) အပြီး တွင် နိုင်ပွဲတစ်ပွဲသာ ရရှိထား သည့် ရခိုင်ယူနိုက်တက်အသင်း က ယခုပွဲ၌ ရုန်းကန်မည်ဖြစ်သော ကြောင့် ရန်ကုန်အသင်းအနေဖြင့် အိမ်ကွင်းတွင်  ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အခက်တွေ့ဖွယ်ရှိ သည်။ ပွဲစဉ် (၅) အခြားပွဲများအ ဖြစ် လက်ရှိချန်ပီယံ ရှမ်းနှင့် စစ် ကိုင်း၊ မြဝတီနှင့် ဟံသာဝတီ၊ ဇွဲ ကပင်နှင့် ဆောက်သမ်းမြန်မာ၊ GFA နှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၁၈ MPT မြန်မာလိဂ်ပွဲ စဉ် (၄) အပြီးတွင် ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့က သုံးပွဲ နိုင်၊ တစ်ပွဲသရေ ရမှတ် ၁၀ မှတ် စီ တူညီသော်လည်း ဂိုးကွာခြား ချက်အသာဖြင့် ရတနာပုံက အ မှတ်ပေးဇယား ထိပ်ဆုံး၌ ဦး ဆောင်နေကာ ရန်ကုန်က ဒုတိယ နေရာ ရပ်တည်နေသည်။ ရှမ်းယူနိုက်တက်က ရမှတ် ခုနစ်မှတ်ဖြင့် တတိယနေရာတွင်  ရပ်တည်နေသည်။ မြဝတီအသင်းက ရမှတ်တစ်မှတ်သာရရှိထားပြီး  အမှတ်ပေးဇယားအောက်ဆုံး၌   ကျ ရောက်နေသည်။

မြန်မာလိဂ်ပွဲစဉ် (၅)

၉.၂.၂၀၁၈

ရန်ကုန်- ရခိုင် (YUSC)

ရှမ်း- စစ်ကိုင်း  (တောင်ကြီး)

၁၀.၂.၂၀၁၈

မြဝတီ- ဟံသာဝတီ (အောင် ဆန်း)

ဇွဲကပင်-ဆောက်သမ်း (သုဝဏ္ဏ)

ရတနာပုံ- မကွေး ( မန္တလာသီရိ)

၁၁.၂.၂၀၁၈

GFA -  ဧရာဝတီ (သုဝဏ္ဏ)