လုံခြုံရေးဝန်ထမ်း၏ သေနတ်ကျည်ပေါက်ထွက်မှုကြောင့် အကျဉ်းသားတစ်ဦး သေဆုံး

လုံခြုံရေးဝန်ထမ်းထံမှ သေနတ်ကျည် ပေါက်ထွက်မှု ကြောင့်အကျဉ်းသားတစ်ဦးကျည် ဆန်ထိမှန် သေဆုံးခဲ့ကြောင်း ကျောက်တန်းမြို့နယ်ရဲတပ်ဖွဲ့ မှူးရုံး ရဲအရာရှိတစ်ဦးကပြော သည်။

ကျောက်တန်းမြို့နယ်အ တွင်းရှိ အောင်ချမ်းသာစိုက်ပျိုရေး နှင့်အသက်မွေးမှုအတတ်သင်စ ခန်းတွင် လူသတ်မှုဖြင့် ပြစ်ဒဏ် ကျခံနေရသည့် အသက် (၃၀) အရွယ်အကျဉ်းသား နေမျိုးဦးသည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီ က အခြားအကျဉ်းသားများနှင့်အတူ ကောက်သင်းကောက်နေစဉ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။ အဆိုပါအကျဉ်းသားအဖွဲ့ ကို ကြီးကြပ်သည့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအသက် (၂၉) နှစ်အရွယ်ဒုတပ်ကြပ် မျိုးထိုက်သည်၎င်းကိုင်ဆောင်သည့် (၅ဒသမ၅၆) မီလီမီတာ ချေမှုန်းရေး ရိုင်ဖယ်(MA-11) သေနတ်အား ကျည် ငါးထောင့်ထိုးကာ မောင်းတင်လျက် ကုလားထိုင်တွင် ထိုင်၍လုံခြုံရေး ဆောင်ရွက်နေကြောင်း၊ ထို့နောက် သေနတ်ကျည်အိမ်ထိုင်ခုံ အောက်သို့ပြုတ်ကျသဖြင့် ကုန်းကောက်ရာ ကုလားထိုင်လက်တန်းနှင့် သေနတ်မောင်းခလုတ်ထိမိရာမှ ကျည်ထွက်ကာ ၎င်းနှင့်ပေ ၅၀ ခန့် အကွာတွင်ရပ်နေသည့် နေမျိုးဦးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအ ရာရှိက ပြောသည်။

ကျည်ဆန်ထိမှန်သည် နေ မျိုးဦး၏  နောက်ကျောဘက်ခါးအ ပေါ်နား၌ ကျည်ဖောက်ဝင်ဒဏ် ရာ၊ရင်ညွန့်တွင် ကျည်ဖောက် ထွက်ဒဏ်ရာများရရှိကာ နာရီဝက်ခန့် အကြာ ရရှိခဲ့သည့်ဒဏ်ရာ ဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်။

သေနတ်ကျည်မှန်၍ သေဆုံးခဲ့သည့်အမျိုးသားသည် ရာဇသတ်ကြီးပုဒ်မ၃၀၂ (၂)/ ၁၁၄ ဖြင့်အလုပ်ကြမ်းနှင့်ထောင်ဒဏ် ငါးနှစ်ကျခံနေရသူဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ အကျဉ်းဦးစီးဌာနကဒုတပ်ကြပ် မျိုးထိုက်ကို ပေါ့လျော့စွာပြုလုပ် မှုကြောင့် လူသေဆုံးမှု ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း  ကျောက်တန်းမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြောသည်။