နွေဦးပွဲတော် ရွှေစက်တော်

ဓာတ်ပုံ-ဇော်ဇော်အောင်(မင်းဘူး)

ရခိုင်ရိုးမ၏ အလျားလိုက်တောင်စဉ်    တောင်တန်းစဉ်များက   မြေ ပြန့်သို့     သွယ်လျစွာစီးမျောကြ သည်။ ရိုးမ၏အလယ်ပိုင်း အညာ ဒေသ၏တောင်စဉ် တောင်သွယ် များကြားတွင် မန်းချောင်းက ရစ် ခွေ၍ မြတ်စွာဘုရား၏ခြေတော် ရာ နှစ်ဆူကိန်းဝပ်ရာ သစ္စာဗန္ဓ တောင်ခြေကို ဖြတ်သန်းစီးဆင်း ရင်း ဧရာဝတီမြစ်နှင့် ပေါင်းဆုံခဲ့သည်။

ထိုနေရာကား မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်အတွင်း တည်ရှိသည့် မန်းရွှေစက်တော် ဘုရားကြီးတည်ရှိရာ နေရာဖြစ် သည်။ အောက်စက်တော်ရာ (မန်း ချောင်းဘေးတွင် တည်ရှိသည့် ဘုရားခြေတော်ရာ)၊ အထက် စက်တော်ရာ(တောင်ပေါ်တွင် တည်ရှိသည့် ဘုရားခြေတော်ရာ) နှစ်ဆူအား ဖူးမြော်ရမည့် နေရာ ဖြစ်သည်။

မြန်မာနိုင်ငံရှိ နာမည်အကြီး ဆုံးဘုရားပွဲများတွင် အပါအ၀င်  ဖြစ်သည့် မန်းရွှေစက်တော်ဘုရား ပွဲသို့ နိုင်ငံတစ်ဝန်းရှိ ဘုရားဖူး ဧည့်သည် အများအပြားလာရောက်ြ ကသလို နွေဦးရာသီရောက်၍ ရွှေစက်တော်ဘုရားဖွင့်ပွဲချိန် တွင် ဘုရားဖူးဝန်ဆောင်မှု လုပ်ကိုင်သူများက ရွှေစက်တော် ခရီးစဉ်ကို ထည့်သွင်းမြဲ ဖြစ်သည်။

မန်းရွှေစက်တော်ဘုရားပွဲ ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက် တွင် ဖွင့်လှစ်ရှိပြီး ယခုနှစ်ဇန်န၀ါရီ ၂၁ ရက်တွင် ကျရောက်ဖွင့် လှစ်ခဲ့သည်။ ဧပြီ ၁၇ ရက် သင်္ကြန်နှစ်ဆန်းတစ်ရက်အထိ သုံးလခွဲခန့် ကျင်းပသည်။

မန်းရွှေစက်တော်သို့  ဘုရားဖူးလာမည်ဆိုလျှင်  ခရီးသည်၉၀ ရာခိုင်နှုန်းသည် မကွေးမြို့ကို ဖြတ်သန်းသွားရမည်ဖြစ်သည်။ ကိုယ်ပိုင်ကား၊ စင်းလုံးငှားကားများဖြင့်လာလျှင် မကွေးမြို့မှ အနောက်ဘက် ဧရာဝတီမြစ် ကူးတံတားကိုဖြတ်သန်း၍ ကီလိုမီတာ ၆၀ တစ်နာရီခွဲခန့်မျှ မောင်းနှင်လျှင် ရွှေစက်တော်သို့ ရောက်ပြီ ဖြစ်သည်။

ပုံမှန်လိုင်းကားများဖြင့် လာ မည်ဆိုလျှင် မကွေးမြို့ ကားကြီး ကွင်းမှ ရွှေစက်တော်ဘုရားသို့ ပြေးဆွဲပေးနေသည့် လိုင်းကား များဖြင့် လာရောက်နိုင်မည်ဖြစ် သည်။

ရွှေစက်တော်ဘုရားတွင် အောင်မြေ ကိုးဌာနတည်ရှိသည်။ အောက်စက်တော်ရာ၊ အထက် စက်တော်ရာ၊ ချင်းဘုရား၊ ကလျာဏီသိမ်၊  ဒုတိယစေတီ၊ သစ္စာ ဒီပကအောင်မြေ၊ မုဆိုးတောင် စေတီ၊ မြားကျစေတီ နှစ်ကျိပ်ရှစ် ဆူတို့ ဖြစ်သည်။

ထိုနေရာများအပြင် ဘုရား ဖူးများအချိန်ရပါက မုဆိုးဒူး ထောက်မှတစ်ဆင့် တောင်ကြော တစ်လျှောက်ရှိနေသည့် သိကြား ပုန်းတောင်နှင့် ရဟန္တာခြေတော် ရာတို့အထိ ခရီးဆက်ရင်း ရွှေ စက်တော်ဘုရားကြီး၏ သမိုင်းကို လေ့လာနိုင်မည် ဖြစ်သည်။

ကိုယ်ပိုင်ကားဖြင့် လာ ရောက်ကြသူများက အထက်စက် တော်ရာတောင်ပေါ်သို့ ကားလမ်း မှတက်ရောက်နိုင်သည်။ လိုင်း ကားဖြင့်လာရောက်သူများသည် အောက်စက်တော်ရာမှ အထက် စက်တော်ရာ ကိုးခန်းကြီးသို့ ပြေး ဆွဲပေးနေသည့် လိုင်းကားဖြင့် တက်ရောက်နိုင်မည် ဖြစ်သည်။

လူငယ် လူရွယ်များအဖို့ အောက်စက်တော်ရာ တောင်ခြေ မှ အထက်စက်တော်ရာတောင် ပေါ်သို့ စောင်းတန်းကြီးလေး သွယ်မှ တပျော်တပါးတက် ရောက်ရင်း စောင်းတန်းတစ် လျှောက်ဈေးသည်များ၏ လက် ဆောင်ပစ္စည်းများကို ၀ယ်ယူ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ရွှေစက်တော်ဘုရားပွဲတော် ၏ အထင်ကရပုံရိပ်များတွင် မန်း ချောင်းဘေး၌ အစီအရီရှိနေသည့် ယာယီဝါးတည်းခိုဆောင်များ လည်း အပါအ၀င်ဖြစ်သည်။ ပွဲ တော်ကာလတွင် မန်းချောင်း ဘေး၌ မျောတိုင်၊ ၀ါး၊ သက်ငယ် မိုး ထရံကာတို့ဖြင့် ဆောက်လုပ် ထားသည့် ယာယီတည်းခိုဆောင် တို့ကို တွေ့မြင်ရမည်ဖြစ်သည်။

နှစ်စဉ် ဘုရားပွဲတော်အ တွက် တည်းခိုဆောင်နှင့် စား သောက်ဆိုင် အဆောက်အအုံ ပေါင်း တစ်ထောင့်ငါးရာကျော် ဆောက်လုပ်ရပြီး သဘာဝသစ် သား၊ ၀ါးများဖြင့် ဆောက်လုပ်ရ သဖြင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရန် ယခုနှစ်တွင် ဂေါပကအ ဖွဲ့က ကြိုးစားဆောင်ရွက်နေ သည်ဟု ဂေါပကဥက္ကဋ္ဌဦးမြင့် သိန်းက ဆိုသည်။

‘‘ပွဲတော်ချိန် အဆောက်အ အုံတွေ ဆောက်လုပ်ဖို့အတွက် မျောတိုင်တစ်သိန်းရှစ်သောင်းခန့်ခုတ်ထွင် အသုံးပြုရတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း တဲ့အနေနဲ့ သစ်တောမပြုန်းတီး စေရေးအတွက် တည်းခိုဆောင် တွေ ဆောက်လုပ်ရမှာ Steel-Structure ၅၀ ရာခိုင်နှုန်းဆောက် ပြီး စီမံထားပါတယ်’’ဟု ၎င်းက ပြောသည်။

သို့သော် ရွှေစက်တော်ဘု ရားပွဲတော်၏ ပုံရိပ်ဖြစ်သည့် သက်ငယ်မိုး ၀ါးထရံကာများကို တော့ မြင်တွေ့ခံစားရဦးမည် ဖြစ် သည်။

တစ်နိုင်ငံလုံးမှ ဘုရားဖူးများ နှစ်စဉ်လာရောက်ဖူးမြော်ကြသ ဖြင့် ပွဲတော်ရာသီတွင် ဘုရားဖူး ဧည့်သည်တို့အတွက် ရင်ဆိုင်ရ သည့် အဓိကအခက်အခဲများတွင် တည်းခိုဆောင်ရရှိရေးလည်း ပါဝင်သည်။

ဘုရားဖူးများအဆင်ပြေစေ ရန် ဂေါပကအဖွဲ့က ဈေးနှုန်းများ သတ်မှတ်ပေးထားသော်လည်း အခါကြီးရက်ကြီးတွင် ဘုရားဖူး  အများအပြား ရောက်လာပါက တည်းခိုဆောင်ဈေးများ အဆ အမတန်မြင့်တက်ခြင်းနှင့် ကြုံရ မည်ဖြစ်သည်။

ပုံမှန်အားဖြင့် ဘုရားဂေါပ ကအဖွဲ့မှ မန်းချောင်းဘေးရှိ တည်း ခိုဆောင်များကို တစ်ရက် ကျပ်သုံးသောင်းနှင့် မန်းချောင်း ဘေး မဟုတ်သည့် တည်းခို ဆောင်များကို ကျပ်နှစ်သောင်းဟု သတ်မှတ်ထားပြီး ယင်းသို့ မဟုတ်ပါက ဂေါပကအဖွဲ့သို့ လာရောက်တိုင်တန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် နှစ်စဉ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် လပြည့်နေ့ စသည့် ဘုရားဖူးများစွာလာ ရောက်သောနေ့များတွင်မူ တည်းခိုဆောင်ငှားရမ်းခသည် တစ်ရက်လျှင် ကျပ်တစ်သိန်းကျော် အထိ မြင့်တက်လေ့ရှိသည်။

တည်းခိုဆောင်များတွင် မတည်းလိုသူများအတွက် နမ္မဒါ အထူးတည်းခိုဆောင်များလည်း ရှိသည်။ ယင်းတည်းခိုဆောင်များ သည် ပုံမှန်အချိန်တွင်ပင် တစ်ရက် လျှင် ကျပ်လေးသောင်းမှ ကျပ် တစ်သိန်းအထိ ကျသင့်မည်ဖြစ် သည်။ သဘာ၀၀ါးတည်းခိုဆောင် ပုံစံဆောက်လုပ်ထားသော်လည်း အတွင်းတွင် အဲကွန်း၊ ရေခဲ သေ တ္တာ၊ ဗိုလ်ထိုင်ရေအိမ်၊ ခုတင်တို့ ပါရှိမည် ဖြစ်သည်။

‘‘ဘုရားဖူးတွေအခက်အခဲ မဖြစ်ဖို့ ကျွန်တော်တို့ စည်းကမ်း တွေသတ်မှတ်ထားတယ်။ ဒါပေ မဲ့ လူစည်ကားတဲ့နေ့တွေမှာ ဘုရားဖူးကလည်း သူတို့နေရာမရ မှာကြောက်တော့ တောင်းတဲ့ ဈေးပေးလိုက်တယ်။ လာမတိုင် ဘူး။ အဲဒီတော့ သူတို့ချင်းလက် ၀ါးချင်းရိုက် လုပ်တဲ့ကိစ္စမှာ ကျွန် တော်တို့ဖြေရှင်းရခက်ပါတယ်’’ ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုက တည်းခို ဆောင်များဈေးကြီးသည့် ကိစ္စနှင့် ပတ်သက်၍ ပြောသည်။

မည်သို့ပင်ဖြစ်စေ မန်းရွှေ စက်တော်ဘုရားပွဲကြီးက နှစ်စဉ် မြန်မာနိုင်ငံတစ်ဝန်း အနယ်နယ် အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူးဧည့်သည်များနှင့် စည် ကားလျက် ရှိသည်။

ဘုရားဖူးများအတွက် အောက်စက်တော်ရာ၊ အထက် စက်တော်ရာဘုရားများကို ဖူး မြော်ခွင့်ရသကဲ့သို့ သဘာဝမန်း ချောင်းတွင် ရေချိုးခြင်းကလည်း အမှတ်တရ အပန်းဖြေရာ ဖြစ် သည်။

ညပိုင်းတွင် ရွှေစက်တော်၏ ရေမြေတောတောင် သဘာဝကို  ခံစားနိုင်ပြီး ဈေးဝယ်ဝါသနာပါ သူတို့အတွက်လည်း ဒေသတွင်း အမှတ်တရပစ္စည်းတို့ကို ၀ယ်ယူ နိုင်မည် ဖြစ်သည်။

ရွှေစက်တော်ဘုရားသမိုင်း ဗီစီဒီဓာတ်ပြားခွေ၊ စာအုပ်တို့ကို  ၀ယ်ယူနိုင်သလို ကလေးငယ်များ အတွက် ၀ါး၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသည့် ၀ါးသေနတ်၊ ဓား၊လှံ၊ ဦးထုပ်တို့က ရွှေစက်တော်၏ အမှတ်တရလက်ဆောင်ပစ္စည်း များဖြစ်သည်။ ထို့အပြင် ဒေသတွင်းအစားအစာများဖြစ်သည့် မှိုခြောက်၊ မျှစ်ခြောက်၊ ဆတ်သားခြောက်၊ ၀က်မြေဥတို့ကို လည်း ၀ယ်ယူနိုင်သည်။

ဝါးတည်းခိုဆောင်တွင် နား နေသည့် ဧည့်သည်များအတွက် တည်းခိုဆောင်အရောက် ရေနွေး နှင့် မြည်းစရာ အစားအစာများ လာရောက်ရောင်းချသူများကို လည်း တွေ့ရမည်ဖြစ်သလို ညောင်းညာနေသူများအတွက် အနှိပ်သည်များကိုလည်း တွေ့ရ မည် ဖြစ်သည်။

‘‘ရွှေစက်တော်ကတော့ ဘုရားလည်းဖူးရ၊ ချောင်းရေ လည်း ချိုးရ၊ လိုအပ်တာတွေ တည်းကျောင်းအရောက်လိုက် ရောင်းပေးနေတာတွေလည်း အစုံပါပဲ။ ဈေးကတော့ ကိုယ့်ဘာ သာညှိပေါ့’’ဟု မကွေးမြို့ဒေသခံ ဦးကျော်စွာက ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များ ကမူ ရွှေစက်တော်ဘုရားပွဲတော် သို့ သွားရန်လမ်းပန်းဆက်သွယ် ရေး ခက်ခဲလှသည်။ ဖုန်တ ထောင်းထောင်းနှင့် မြေလမ်းမှ သွားကြရသည်။ ယခုအချိန်တွင် တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေပြီဖြစ်သလို နှစ်စဉ် မန်းချောင်းကို ဖြတ်ကူးရသည့် ယာယီလှေတင်ဝါးတံတားနေရာ တွင် ကွန်ကရစ်တံတားကိုလည်း အခိုင်အမာဆောက်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုကွန်ကရစ်တံတား ဆောက်လုပ်နိုင်ခြင်းကြောင့် လည်း မိုးရာသီ မန်းချောင်းရေကြီး ချိန်တွင်ပင်လျှင် ရွှေစက်တော်သို့ ၁၂ ရာသီသွားရောက်ဖူးမြော်နိုင် ပြီး သဘာဝတောတောင်နှင့် မန်း ချောင်း၏ အလှကိုခံစားနိုင်ပြီ ဖြစ် သည်။

ဇန်န၀ါရီလပွဲတော်ဖွင့်ပွဲမှစ၍ ဘုရားဖူးများ၊ ဈေးသည်များဖြင့် စည်ကားလျက်ရှိရာမှ ပွဲတော်ကြီး ပြီးလျှင်တော့ ရွှေစက်တော်ဒေသ က တိတ်ဆိတ်ငြိမ်သက်သွား သည်။ သို့သော်လည်း ရခိုင်ရိုးမ ခြေရှိ စက်တော်ရာကတည်ငြိမ်စွာ ရှိနေသလို အေးမြမြမန်းချောင်းက လည်း တသွင်သွင်စီးဆင်းနေဦး မည် ဖြစ်သည်။