အငှားယာဉ်ပေါ်တွင် လုယက်ခံရပြီးအင်္ကျီစုတ်ဖြဲသည်ဟု လိမ်လည်တိုင်ကြားသည့် အမျိုးသမီးကို ထောင်သုံးလချ

အငှားယာဉ်ပေါ်တွင် ပိုက်ဆံအိတ်နှင့် ဖုန်းလုယက် သည့်အပြင် အင်္ကျီကို ကတ်ကြေး ဖြင့်စုတ်ဖြဲသည်ဟု ရဲစခန်းသို့ လိမ်လည်တိုင်ကြားသည့် အမျိုး သမီးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက မမှန်သတင်းပေးမှု ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးလချမှတ်ခဲ့သည်။


လိမ်လည်တိုင်ကြားခဲ့သူ မ လှိုင်နှင်းဝေသည် ဖေဖော်ဝါရီ ၇ ရက်နံနက်က မအူပင်မြို့နယ်တွင် နေထိုင်သည့် မိဘများအားရန်ကုန် သို့လာရန် ချိန်းဆိုထားသဖြင့် ပန်း ဆိုးတန်းသို့သွားရန် အငှားယာဉ် ငှားစီးရာ ယာဉ်မောင်းသည် ပန်း ဆိုးတန်းသို့မသွားဘဲ ကွေ့ပတ် မောင်းနှင်ခဲ့ကြောင်း၊ ထို့နောက် မြေနီကုန်းမီးပွိုင့်အရောက်တွင် မီးပွိုင့်နီနေသဖြင့် ယာဉ်ရပ်ထား စဉ် ယာဉ်ပေါ်သို့ အမျိုးသားတစ် ဦးတက်လာပြီး ၎င်းထံမှ ပိုက်ဆံ အိတ်လုယူသည့်အပြင် လက်နှစ် ဖက်ကိုဖမ်းချုပ်၍ ပါးစပ်ကိုပိတ် ကာယာဉ်မောင်းထံမှ ကတ်ကြေး တောင်းယူပြီး ၎င်း၏အင်္ကျီကိုစုတ် ဖြဲခဲ့သည်ဟု လိမ်လည်တိုင်ကြား ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြော သည်။

ထို့နောက် ၎င်းအားသီရိမင်္ဂ လာဈေးဟောင်းရှေ့တွင်ချကာ ၎င်းထံမှ VIVO အမျိုးအစားလက် ကိုင်ဖုန်းတစ်လုံးနှင့် ကျပ်ငါးသိန်း ကျော်(၅၀,၃၀၀၀) ထည့်ထား သည့် ပိုက်ဆံအိတ်ပါယူဆောင် သွားကြောင်း တိုင်တန်းသဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းက အ မှုဖွင့်စုံစမ်းခဲ့ကြောင်း ၎င်းကပြော သည်။

‘‘ကျွန်တော်တို့စစ်ကြောရေးဝင်လိုက်တော့ သူပြောတာရှေ့ နောက်မညီတာနဲ့ အသေးစိတ်စစ် လိုက်တော့ လိမ်တိုင်တာပေါ်တာ နဲ့ ဒီနေ့ပဲတရားရုံးမှာ ဦးတိုက်လျှောက်လိုက်တယ်။ ကြိုတင် ထွက်ဆိုချက်တွေ ဘာတွေယူပြီး သူကလည်း လိမ်တိုင်တယ်ဆိုတာ ၀န်ခံတော့ တရားသူကြီးကအမိန့် ချလိုက်တာ’’ ဟု ကြည့်မြင်တိုင် စခန်းမှူးကပြောသည်။

လိမ်လည်တိုင်ကြားသည့် မလှိုင်နှင်းဝေသည် မိဘများ ရန် ကုန်သို့ရောက်ရှိစဉ် ပိုက်ဆံပေး စရာမရှိသဖြင့် အကြောင်းပြလိမ် လည်ကာ မမှန်သတင်းပေးတိုင် ကြားခဲ့ကြောင်း ၎င်းကဆက်လက် ပြောသည်။