ကားဈေးကွက်အေး၊ တန်ဖိုးနည်း တစ်ပတ်ရစ်ကားများနှင့် ပြည်တွင်းထုတ် ဆူဇူကီးကားများသာ အရောင်းအဝယ်ရှိဟုဆို

ကားဈေးကွက်အရောင်း အဝယ် အေးနေပြီး တန်ဖိုးနည်း တစ်ပတ်ရစ်ကားများနှင့် ပြည် တွင်း ထုတ်ဆူဇူကီးကားများသာ အရောင်းဝယ်ရှိကြောင်း မော် တော်ယာဉ် ရောင်းဝယ်ရေးလုပ် ကိုင်သူများက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန် လိုင် စင်ပါမစ်ကို COE စနစ်ဖြင့် ပေး မည့်သတင်းနှင့် နယ်လိုင်စင် စလစ်အပ်ကားများကို ရန်ကုန် လိုင်စင်မပေးမည့် သတင်းများ ကြောင့် ဝယ်ယူသူများလေ့လာ စောင့်ကြည့်နေသဖြင့် ကား ၀ယ်ရောင်း ဈေးကွက် အေးနေ ခြင်းဖြစ်ကြောင်း ကားအရောင်း အဝယ်လုပ်ကိုင်သူ ဦးမင်းမင်း ထွန်းကပြောသည်။

လက်ရှိတွင် ကျပ်သိန်း ၁၅၀ မှ သိန်း ၃၀၀ ကြားရှိတစ် ပတ်ရစ်ကားများသာ အရောင်းအ ဝယ်ပုံမှန်ဖြစ်နေပြီး တန်ဖိုးမြင့် တစ်ပတ်ရစ်ကားများ အရောင်း ဝယ်အေးနေကြောင်း ဦးမင်းမင်း ထွန်းကပြောသည်။

‘‘အမြတ်အများကြီး ယူပြီး ရောင်း လို့မရတော့ဘူး။ လက်ရှိ အနေထားမှာ ကားတစ်စီးကို လေး၊ ငါးသိန်းမြတ်ဖို့ မနည်း ရောင်းနေရတယ်’’ ဟု ၎င်းက ပြောသည်။

ဘဏ်စနစ်ဖြင့် ချိတ်ဆက် ဝယ်ယူနိုင်သည့် ကားများ၊ ပြည် တွင်းထုတ် Brand New ဆူဇူ ကီး အမျိုးစားကားများ အရောင်း အဝယ် ရှိနေကြောင်း မြန်မာ နိုင်ငံ မော်တော်ယာဉ် ရောင်းဝယ် ရေး အသင်း အထွေထွေအတွင်းရေး မှူး ဦးရန်မျိုးအောင်က ပြောကြား သည်။

ယခင်ကကား အရောင်း အ၀ယ် ဈေးကွက်တွင် ညာမောင်း တစ်ပတ်ရစ်ကားများ  ဈေးကွက် ဝေစုအများဆုံး ရရှိပြီး ၂၀၁၈ ၌ Brand New ကားများဈေး ကွက်ဝေစု ပိုမိုရလာနိုင်ကြောင်း ဦးရန်မျိုးအောင်ကပြောသည်။

၂၀၁၈ မော်တော်ယာဉ်တင် သွင်းခွင့်မူဝါဒအရ ညာမောင်း ကားများ တင်သွင်းခွင့် ရပ်နားပြီး ဖြစ်သော်လည်း ၂၀၁၇ က ဈေးကွက်အတွင်း  တင်သွင်းထား သည့် တစ်ပတ်ရစ် ညာမောင်း  ကားများရောင်းရန် ကျန်ရှိနေ သဖြင့် တစ်ပတ်ရစ်ကား ဈေးကွက် ဆက်လက်ရှိနေဦးမည်ဟု KMT Auto ကုမ္ပဏီလီမိတက် မန်နေ ဂျင်းဒါရိုက်တာ ဦးကျော်မင်းထွန်း က ပြောသည်။