မြန်မာ-အိန္ဒိယ တမူးနယ်စပ် နန်းဖာလုံဈေးမီးလောင်၍ နေအိမ်ခြောက်လုံးနှင့် ဈေးဆိုင် ၅၃ ခန်း ဆုံးရှုံး

နန်းဖာလုံဈေး မီးလောင်ကျွမ်းနေစဉ် (ဓာတ်ပုံ − Thurain Myint Myat ဖေ့စ်ဘွတ်ခ်)

 မြန်မာ-အိန္ဒိယ တမူးနယ် စပ်ရှိ နန်းဖာလုံဈေးမီးလောင်မှု ကြောင့် နေအိမ်ခြောက်လုံးနှင့် ဈေးဆိုင် ၅၃ ခန်း မီးလောင် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ဦးမင်းစမ်းအေးက ပြောသည်။

ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီခန့်က နန်းဖာလုံဈေးအနီး လူနေအိမ်တစ်လုံးမှတစ်ဆင့် မီး လောင်မှုဖြစ်ပွားပြီး နန်းဖာလုံဈေးကို မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်။

‘‘မီးလောင်မှုဖြစ်ပွားရတဲ့ အ ကြောင်အရင်းကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်’’ ဟု ဦးမင်းစမ်းအေး က ပြောသည်။

မီးလောင်မှု ဖြစ်ပွားသည့် နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ်တစ်စီး၊ အိန္ဒိယ နိုင်ငံမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး ဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ရာ ဖေဖော်ဝါရီ ၈ ရက် နံနက် ၁ နာရီခန့်တွင် မီးညွန့်ကျိုးခဲ့သည်။ ဆုံးရှုံးမှုကာလတန်ဖိုးကိုမူ စိစစ်ဆဲဖြစ်ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘ဈေးမီးလောင်မှုက အရမ်း များတယ်။ နန်းဖာလုံဈေးအ၀င် ဘယ်ဘက်ခြမ်းဈေးဆိုင်ခန်းတွေ အားလုံး မီးလောင်သွားတယ်။ မီးသတ်သမားတွေ ၀ိုင်းဝန်းငြှိမ်း သတ်ခဲ့လို့ မနက် ၃ နာရီလောက် မှာ မီးလုံးဝငြိမ်းသွားတယ်’’ ဟု တမူးမြို့ နန်းဖာလုံဈေးမှ ဈေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ မီးလောင်မှုစတင်ဖြစ်ပွား သော နေအိမ်ရှင် အမျိုးသားကို တမူးမြို့ရှိ ရဲတပ်ဖွဲ့က အမှုဖွင့်စစ် ဆေးနေသည်။