ကိန်းသေရှာ၍ ချဉ်းကပ်ရမည့်ပုစ္ဆာ

(၁)

သည်ရက်ပိုင်းထဲ ကားလမ်း တွေ ယခင်ထက်ပို၍ ပိတ်ပါ သည်။ အကြောင်းက အခြေခံပညာကျောင်းများတွင် စာမေးပွဲ တွေ ဖြေဆိုနေကြ၍ဟုဆိုပါ သည်။ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို မိဘများက ကားဖြင့်လိုက်လံပို့ ဆောင်ပေးကြသဖြင့် လမ်းမပေါ် တွင် ကားတွေပိုကျပ်ခြင်းဖြစ်လိမ့် မည်။ ဘယ်လိုပဲဖြစ်ဖြစ်ကားလမ်း ပိတ်၍ တက္ကစီပေါ်ထိုင်ရသည့် အချိန်ပိုများလာတော့ တွေးတော စရာတွေ ပိုရသည်၊ ရေးသားစရာ တွေပိုရသည်ဟုသာ အကောင်း ဘက်က တွေးလိုက်မိသည်။ ပြီး တော့ ငယ်စဉ်ကာလကလေးဘဝ ကို ပြန်လည်သတိရအောက်မေ့ မိသည်။

ငယ်စဉ်က သင်္ချာပုစ္ဆာများ တွင် မသိကိန်းတစ်လုံးပါသော ညီမျှခြင်းများကို ဖြေရှင်းရင်းယင်း မသိကိန်း၏တန်ဖိုးကို ရှာဖွေခဲ့ ကြရသည်။ ‘အောက်ပါညီမျှခြင်း တွင် မသိကိန်း x ၏ တန်ဖိုးကို ရှာပါ’ ဟူသော မေးခွန်းမျိုးဖြစ် သည်။ ညီမျှခြင်းက 3x = 6 ဆို လျှင် x ၏ တန်ဖိုးမှာ 2 ဖြစ်သည် ဆိုသည့် အဖြေကိုရအောင်ရှာပေး ရခြင်းဖြစ်သည်။ မသိကိန်းတွေ များလာလျှင် တွက်ရချက်ရတာ ပို၍ ခက်ခဲလာသည်။ မှတ်မိသ လောက် အခြေခံပညာအတန်း များတွင် မသိကိန်းနှစ်လုံးပါသော ညီမျှခြင်းများကိုသာ ဖြေရှင်းခဲ့ ကြရသည်။ x နှင့် y တို့ ဖြစ် ကြသည်။ သည်လိုပုစ္ဆာတွေကို ဖြေရှင်းရာတွင် သိပြီးသားကိန်း ဂဏန်းများကို ပေါင်း၊ နုတ်၊ မြှောက်၊ စားခြင်းအားဖြင့် မသိ ကိန်း၏ အဖြေကိုရရှိသွားခြင်း ဖြစ်သည်။ ထိုသို့ ပေါင်း၊ နုတ်၊ မြှောက်၊ စားရာတွင် မသိကိန်းဖြစ် သော x နှင့် y တို့မှာ ကိန်းသေများ ဖြစ်ကြသည်။ ပေါင်းလို့လည်းမရ၊ နုတ်လို့လည်းမရ၊ မြှောက်လို့ လည်းမရ၊ စားလို့လည်းမရ။ ယင်းကိန်းသေများသည်ပင်လျှင် ဖြေရှင်းရမည့်အဓိကပြဿနာဖြစ် သည်။ ပြဿနာကို ဖြေရှင်းဖို့ကြိုး စားရာတွင် x ဟူသော ကိန်းသေ ကို အသုံးချဖို့၊ အကူအညီရဖို့ လုံး ဝမျှော်လင့်ထားလို့မရ။ ကျန် သည့်ကိန်းဂဏန်းများအကြား သဟဇာတဖြစ်အောင် တွက်ချက် ခြင်းဖြင့်ပင် ကိန်းသေ၏တန်ဖိုးကို ရှာဖွေကာ အမေးပုစ္ဆာကို ဖြေရှင်း ရခြင်းဖြစ်သည်။

(၂)

သည်လိုတွေးနေတုန်း တယ် လီဖုန်းလာသည်။ မိတ်ဆွေကြက် မွေးမြူရေးသမားတစ်ဦးထံက ဖြစ်သည်။ သည်မိတ်ဆွေက မွေး မြူရေးလောကသို့ ရောက်တာ မကြာသေး။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခု အစပြုဖို့ ကြိုးစားရင်း ဥစားကြက်မွေးမြူ ရေးလောကထဲသို့ ရောက်လာ ခြင်းဖြစ်သည်။ တခြားတော့မ ဟုတ်။ ဒီရက်ပိုင်းထဲ ကြက်ဥဈေး တွေကျလို့ ညည်းညူရင်ဖွင့်ခြင်း ဖြစ်သည်။ ဘာကြောင့်ကြက်ဥ ဈေးကကျတာလဲဆိုတော့ စာမေး ပွဲတွေရှိလို့ဟု ဆိုသည်။ ကြက်ဥ၊ ဘဲဥဆိုသည်က သုညသဘောကို ဆောင်သည်။ အမှတ်သုညသာရ ရှိသူကို ဘဲဥမကွဲဘူးဟု ဆိုကြ သည်မဟုတ်လား။ သည်အစွဲက ကျောင်းသားတွေဆီ၊ ကျောင်း သားမိဘတွေဆီ ဘယ်သူကဘယ် လိုရိုက်ထည့်ပေးခဲ့သည်မသိ။ စာ မေးပွဲကာလ အာဟာရပြည့်ဝစွာ စားသောက်ကြရမည့်အချိန်တွင် အာဟာရပြည့်ဝသော ကြက်ဥ၊ ဘဲဥကို ဝေးဝေးရှောင်ကြသည်။ ဘာမှ အကြံမပေးတတ်သဖြင့် မိတ်ဆွေ စိတ်ညစ်နေတာလေး သက်သာလို သက်သာငြားဟာသ တွေသာပြောခဲ့ရသည်။ ကြက် သွန်နီတစ်ပိဿာ ၃,၆၀၀ကျပ်ဖြစ် နေချိန်တွင် ကြက်ဥတစ်ပိဿာ ၂,၀၀၀ ကျပ်ကျော်ကျော်ကို မနည်းရောင်းနေရလျှင် ကြက် မွေးမည့်အစား ကြက်သွန်သာ ပြောင်းစိုက်လိုက်ပါဟူ၍။

မွေးမြူရေးသမားနှင့် မွေးမြူ ရေးစကားပြောတော့ ကိန်းသေအ ကြောင်း နောက်ထပ်ဆက်စပ်စဉ်း စားမိပြန်သည်။ မွေးမြူရေး တိရစ္ဆာန်တွေအတွက် ပဲဖတ်၊ နှမ်းဖတ်၊ ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု၊ ဂျုံဖွဲ၊ ပဲခွံ၊ ပဲမှုန့်၊ ခရုမှုန့်အစရှိ သည့် ကုန်ကြမ်းများကို အချိုးကျ ရောစပ်ကျွေးမွေးရသည်။ ဘယ် လို အချိုးကျရောစပ်ပါသလဲ။ တိရစ္ဆာန်များ၏ အာဟာရလိုအပ် ချက်ပြည့်မီအောင် ရောစပ်ရပါ သည်။ ဆိုပါစို့။ ကြက်ပေါက်က လေးများကို အသားဓာတ် ၂၀ ရာ ခိုင်နှုန်းပါသည့်အစာဖြစ်အောင် ရောစပ်ကျွေးမွေးရသည်။အသား ဓာတ်တစ်ခုတည်း ပြည့်စုံနေလို့ လည်းမဖြစ်၊ စွမ်းအင်ဓာတ်၊ အ ဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်စသည်စသည်ဖြင့် အာဟာရဓာတ်မျိုးစုံတို့ကို သတ် မှတ်ထားသည့်ပမာဏရအောင် အစာကို ရောစပ်ရသည်။ ပြီးပြည့် စုံသည့် ရောစပ်စာတစ်ခုရဖို့အစာ ကုန်ကြမ်းတစ်မည်ချင်းစီကို လို တိုး ပိုလျှော့လုပ်ရသည်။ ပြဿ နာက အစာကုန်ကြမ်းတစ်မည် စီမှာ အသားဓာတ်သီးသန့်၊ စွမ်း အင်ဓာတ်သီးသန့်၊ အဆီဓာတ် သီးသန့်စသည်ဖြင့် အာဟာရ ဓာတ်တစ်မျိုးချင်းစီ သီးသန့်ပါဝင် နေသည်တော့မဟုတ်။ ပဲဖတ်ထဲ မှာကိုပဲ အသားဓာတ်လည်းရာခိုင် နှုန်းတစ်ခုပါသည်။ စွမ်းအင်ဓာတ် လည်း ပမာဏအချို့ ပါသည်။ အဆီဓာတ်လည်း တစ်စိတ်တစ် ပိုင်းပါဝင်နေသည်။ အခြားသော ကုန်ကြမ်းများမှာလည်း ထိုနည်း လည်းကောင်းပင်။ သည်တော့ မွေးမြူရေးသမားက အစာကုန် ကြမ်းတစ်မည်ကို ကိန်းသေထား ကာအစာကို ရောစပ်ကြရသည်။ ဥပမာ ကြက်စာစပ်တော့မည်ဆို လျှင် ပြောင်းကိုကိန်းသေထား သည်။ ဈေးအသက်သာဆုံးနှင့် စွမ်းအင်ဓာတ်များများပေးသည့် အစာကုန်ကြမ်းဖြစ်သဖြင့် အစာ ထဲတွင် အများဆုံးထည့်နိုင်သည့် ပမာဏကို အသုံးပြုကြသည်။ ယင်းသို့ ပြောင်းကို ကိန်းသေထား ပြီး ကျန်သည့်အစာအမည်များကို ရောစပ်ပေးခြင်းအားဖြင့် လိုတိုး ပိုလျှော့  ပြုလုပ်ရတာလွယ်သွား သည်။ နောက်ဆုံးတွင် လိုအပ် သော အာဟာရတန်ဖိုးကိုပေးစွမ်း နိုင်သည့် အစာ ဖော်မြူလာတစ်ခု ကိုရရှိမည်ဖြစ်သည်။ ထိုသို့ အစာ ကုန်ကြမ်းအမည်တစ်ခုကို ကိန်း သေမထားပါက ဖော်မြူလာတစ် ခု လွယ်လွယ်နှင့်မရလာနိုင်။ အ ချိန်ကုန် လူပန်းပြီး အဖြေမှန်ကို ရှာတွေ့မည်မဟုတ်။

(၃)

 ကားလမ်းပိတ်သည်ကို ကြိတ်မှိတ်သည်းခံရင်း သည်စာ ကိုရေးဖြစ်ပါသည်။ လာမည့် တနင်္လာနေ့မှာ ပြည်ထောင်စုနေ့ ဖြစ်သဖြင့် ရုံးပိတ်ရက်သုံးရက် ဆက်တိုက်ရမည်ဖြစ်သည်။ ကား လမ်းပိတ်သည့်ဒဏ် တစ်ရက် သက်သာတော့မည်ကို တွေးမိ ရင်း လက်ရှိကားလမ်းပိတ်တာကို သည်းခံနိုင်ဖို့ အားဖြစ်ရပါသည်။ ဘာပဲဖြစ်ဖြစ် လာမည့်တနင်္လာ နေ့ဆိုလျှင် ပင်လုံစာချုပ်ချုပ်ဆို တာ (၇၁) နှစ်ပြည့်တော့မည်ဖြစ် သည်။ (၇၁) နှစ်ပြည့် ပြည်ထောင် စုနေ့အကြောင်းကို စဉ်းစားလျှင် ယနေ့အချိန်အထိ လက်နက်သံ တွေညံမစဲသည့် ပြည်တွင်းစစ် အကြောင်းကို မေ့ထားလို့ မဖြစ်။ (၇၁) နှစ်ဆိုသည့်ကာလသည် လူသားတစ်ဦး ပျမ်းမျှသက်တမ်း နှင့်သိပ်မကွာလှ။ သည်ကြားထဲ မှာ  အများတောင့်တသည့် ဖက် ဒရယ်နိုင်ငံတော်ကြီးကို မတည် ဆောက်နိုင်ခဲ့ကြ။ အများလိုချင် သည့်ဒီမိုကရေစီဆိုတာကို မဖော် ဆောင်နိုင်ခဲ့ကြ။

ယနေ့အချိန်မှာတော့ ဖက်ဒ ရယ်တိုင်းပြည်တည်ဆောက်ရေး ပြောလာနေကြသည်။ ဒီမိုကရေစီ အပြည့်အဝရရှိရေး ပြောလာကြ ပြီ။ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးကို ကျယ်ကျယ်လောင်လောင်  ပြော ဆိုလာကြသည်။ ဒါဖြင့် ဘယ်လို တည်ဆောက်မှာလဲ၊ နည်းလမ်း သိဖို့လိုသည်။ အစိုးရကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက လက် မှတ်ရေးထိုးကာ ၂၁ ရာစု ပင်လုံ ညီလာခံတွင် လိုလားချက်များကို တောင်းဆိုဆွေးနွေးညှိနှိုင်းကြဖို့ တိုက်တွန်းသည်။ ထိုညီလာခံ ကြီးက  ထွက်ပေါ်လာမည့်သဘော တူညီချက်များကို ပြည်ထောင်စု သဘောတူညီချက်အဖြစ် လက် မှတ်ရေးထိုးကြမည်၊ ထို ပြည် ထောင်စုသဘောတူညီချက်သည် အသစ်တည်ဆောက်မည့် ဒီမိုက ရေစီဖက်ဒရယ် ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံမူတွေ ဖြစ်လိမ့်မည်ဟုဆို သည်။ ယခုအချိန်အထိ ပြဿနာ က ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည် ထောင်ရေး၊ ဒီမိုကရေစီပြည့်ဝ ရေးဆိုသည့်အဖြေကို ရရှိအောင် ချဉ်းကပ်အဖြေရှာရာတွင် ကိန်း သေတစ်ခုကို မရှာမိကြသေးခြင်း ဖြစ်မည်ဟု ယူဆမိသည်။ သူတို့ ပြောင်းမှ ငါတို့ပြောင်းမယ်၊ သူတို့ လျှော့မှ ငါတို့လျှော့မယ် စသည် စသည်ဖြင့် သူ့ဘက်၊ ကိုယ့်ဘက် ချိန်ညှိဖို့ ကြိုးစားနေသည်ကကိန်း သေ x ကို အတိုး၊ အလျှော့ ပြု လုပ်ဖို့ကြိုးစားနေသည်နှင့် တူ တော့သည်။ အစာအမည်အား လုံးကို လိုတိုး ပိုလျှော့ တစ်ပြိုင် နက်ပြုလုပ်ရင်း အာဟာရပြည့်ဝ သော အစာရလာဖို့ကြိုးစားသလို လည်း ဖြစ်နေသည်။ အဖြေဆီကို ဘယ်လိုမှ မရောက်နိုင်။ တကယ် က ပြည်တွင်းစစ်ဘာကြောင့်ဖြစ် သလဲ၊ ဒီမိုကရေစီဘာကြောင့်မရှိ တာလဲ၊ ပင်လုံစာချုပ်ဘာကြောင့် အသက်မဝင်သလဲဆိုသည့်အ မေးပုစ္ဆာကို ဖြေရှင်းရာတွင် ကိန်း သေတစ်ခုထား၍ ချဉ်းကပ်ရမည် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို အ မှန်တကယ်မလိုချင်သော၊ ဒီမိုက ရေစီကိုမျက်ကွယ်ပြုသော၊ ဖက် ဒရယ်စနစ်ကို ငြင်းပယ်သောသူ သည် မြန်မာ့နိုင်ငံရေးပုစ္ဆာ၏ကိန်း သေ x ဖြစ်ပါသည်။ x ကို ပြောင်း လဲဖို့မမျှော်လင့်သင့်။ x ကို ပေါင်း၊ နုတ်၊ မြှောက်၊ စားလုပ်ဖို့ မလွယ်။ ကျန်သည့်ကိန်းဂဏန်း များကသာ အချင်းချင်းသဟဇာ တဖြစ်အောင် ပေါင်း၊ နုတ်၊ မြှောက်၊ စားလုပ်ရင်း ညီမျှခြင်းကို ပြေလည်အောင် ဖြေရှင်းရမည် ဖြစ်သည်။ သို့မှသာ x ကို သူ့တန် ဖိုးအတိုင်း၊ သူ့အဆင့်အတိုင်း ထားနိုင်မည်ဖြစ်သည်။ x ၏ တန် ဖိုးကို သတ်မှတ်နိုင်မည်ဆိုလျှင် ပုစ္ဆာက အဖြေမှန်ထွက်သွားပြီ ဖြစ်သည်။

မြန်မာပြည်၏ ရှေ့ရေးသည် ငြိမ်းချမ်းရေးအပေါ် မူတည်နေ ပါသည်။ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ ငြိမ်းချမ်းရေးရရှိလိုသူတွေအား လုံးညီညွတ်ကြဖို့လိုပါသည်။ အ ပြောင်းအလဲကို မလိုလားသူတို့က မလိုလားကြောင်းကို သိသိသာ သာရော မသိမသာပါ ဖော်ပြကြ လိမ့်မည်။ ဂုဏ်သိက္ခာရှိသည့် နည်းရော အောက်တန်းကျသည့် နည်းကိုပါသုံး၍ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ကဖျက်ယဖျက်လုပ် သူများလည်းရှိနိုင်သည်။ သူတို့ ပြောင်းမှ ငါတို့လည်းပြောင်းမည်ဟု အသာ၊ အနာတွက်မနေဖို့ လိုသည်။ အဓိကက ကိန်းသေ x မဟုတ်သူများ အချင်းချင်း ညီညီညွတ်ညွတ် သဟဇာတဖြစ်ဖြစ် ပေါင်းစည်း ဆောင်ရွက်နိုင်ကြဖို့ ဖြစ်ပါသည်။

ရှေ့က မီးပွိုင့်လွှတ်ပြီထင့်။ မော်တော်ကားတွေ အရှိန်နှင့် ထွက်ကြသည်။ မြန်မာ့နိုင်ငံရေး ခရီးမှာလည်း x ကို ဖြေရှင်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်ဆီသို့ အရှိန်နှင့်မောင်း နှင်နိုင်ကြပါစေ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)