မွန်-ကရင်နယ်စပ် ဒုံသမိတံတားဂိတ်တွင် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးနေ

 မွန်ပြည်နယ် သထုံမြို့နယ် ဒုံသမိတံတားဂိတ်တွင် ဖေဖော်ဝါ ရီ ၅ ရက်ညမှစတင်၍ ယာဉ်များ စစ်ဆေးနေကြောင်း သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်နှင့် ကရင်ပြည်နယ် နယ် စပ်၊ မြဝတီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဒုံသမိတံတား ၏သထုံမြို့နယ်ဘက်ခြမ်းတွင် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးရေးဂိတ်ဖွင့်လှစ် ကာ မော်တော်ယာဉ်များကို နေ့ ရောညပါ စစ်ဆေးနေသည်။

‘‘တစ်ဖက်နိုင်ငံက တိရစ္ဆာန် အရှင်တွေ၊ အေးခဲအသားတွေ ဝင် ရောက်မှုမရှိစေရေးနဲ့ လုံခြုံရေး လျော့နည်းမှုမဖြစ်ရအောင် ပြည် နယ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ အညီ စစ်ဆေးနေတာပါ’’ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးတေဇာကြည်က ပြောသည်။

ထိုင်းနိုင်ငံမှ တရားမဝင် ကုန်ပစ္စည်းများဝင်ရောက်မှုမရှိစေရေး ၂၀၁၇ မတ်လ ၁ ရက်မှ စတင်ကာ အကောက်ခွန်၊ ကုန်သွယ်ရေးနှင့် ရဲတပ်ဖွဲ့အပါအဝင် ဌာန ၁၁ ခုမှ ဝန်ထမ်းအင်အား ၈၀ ဖြင့် ကျိုက် ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန် ကုန်-မော်လမြိုင် အဝေးပြေး လမ်းပေါ်၌ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း ဖွင့်လှစ်စစ် ဆေးနေသည်။

‘‘အရင်က မရမ်းချောင်မှာပဲ အဖွဲ့စုံစစ်နေတာ။ အခု ဒုံသမိမှာ လည်း အဖွဲ့စုံနဲ့ ထပ်စစ်တော့ ပို ကောင်းသွားတာပေါ့။ ဒါပေမဲ့ အခုစစ်တဲ့ နေရာက နည်းနည်း ကျဉ်းတော့ ကားရပ်ရတာ အဆင် မပြေဘူး။ လမ်းနည်းနည်းကျယ် တဲ့ နေရာဆို အဆင်ပြေမယ်’’ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

ထိုင်းနယ်စပ် မြဝတီမြို့မှ တစ်ဆင့် မွန်ပြည်နယ်အတွင်း ဝင်ရောက်သည့် လမ်းကြောင်း ပေါ်ရှိ ဒုံသမိနှင့် အတ္ထရံတံတား ဂိတ်တို့တွင် အထွေထွေအုပ်ချုပ် ရေး၊ အကောက်ခွန်၊ လူဝင်မှုကြီး ကြပ်ရေး၊ အထူးစုံစမ်းစစ်ဆေး ရေးနှင့် ရဲတပ်ဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် လုံခြုံရေး ကြပ်မတ်စစ်ဆေးရန် ပြီးခဲ့သည့်လတွင် ပြည်နယ်အစိုး ရက ညွှန်ကြားခဲ့သည်ဟု ဦးတေ ဇာကြည်က ပြောသည်။

Top News