RCSS နှင့် TNLA နှစ်ရက်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ဟုဆို

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) နှင့် NCA မထိုးရသေးသည့် တအာင်း လက်နက်ကိုင်အဖွဲ့(TNLA)တို့နှစ်ရက်အတွင်းတိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLAပြောရေးဆိုခွင့်ရှိသူက ပြော သည်။


ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် နှင့် ကျောက်မဲမြို့ နယ်ကြားရှိ ကိုက်တိုင်ကျေးရွာ (ဒေသအခေါ် ကြက်သေရွာ)တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ ကာဖေဖော်ဝါရီ ၈ ရက်အထိ အခြေအနေတင်းမာဆဲဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောသည်။  အဆိုပါ တိုက်ပွဲဖြစ်သည့်ဒေသအနီးပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကလည်း RCSS တပ်ဖွဲ့များနှင့် TNLA တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

‘‘မနေ့ကတိုက်ပွဲတွေပြန်ဖြစ် တာပေါ့။ မနက် ၇ နာရီ လောက် ကတည်းက စတာပေါ့။ ဒီနေ့ လည်းထပ်ဖြစ်တယ်လို့ သိရ တယ်။ နှစ်ရက်ဆက်တိုက်ဖြစ်နေ တာပေါ့။ မနေ့က တစ်ကြိမ်၊ ဒီနေ့ကနှစ်နေရာဖြစ်တာပေါ့။တစ်ဖက် က ထပ်ကျွံလာရင်တော့ဆက်ဖြစ် မယ့်အနေအထားရှိတယ်။ ထိခိုက်မှုတော့ ကျွန်တော်တို့ဘက်ကမရှိဘူး။ RCSS ဘက်ကတော့မသိ ဘူး’’ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ မိုင်းအိုက် ကျော်က ဖေဖော်ဝါရီ ၈ ရက်တွင် ပြောသည်။

တိုက်ပွဲနှင့် ပက်သက်၍ RCSS/SSA တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းအ ဆက်သွယ်မရပေ။ 

RCSS/SSA နှင့် TNLA တို့သည် ၂၀၁၅ နှစ်ကုန်ပိုင်းကတည်း က ရှမ်းပြည်မြောက်ပိုင်းဒေသများ တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂၀၁၆ အတွင်း တိုက်ပွဲများ ပြင်း ထန်ခဲ့သည်။ ၂၀၁၇အတွင်း ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားခဲ့ရာထိုကာလ အတွင်း RCSS နှင့် တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ၁၀၀ ကျော် ဖြစ်ပွားခဲ့ ကြောင်း မိုင်းအိုက်ကျော်က ပြော သည်။

RCSS/SSA နှင့် TNLA တို့အကြားတိုက်ပွဲများကြောင့် ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်ခဲ့ ရသည်။ RCSS နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်ပဋိပက္ခများ ဖြေရှင်းနိုင်ရန် PSLF/TNLA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား  ပထမဆုံးတွေ့ဆုံဆွေးနွေးမှု ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်ထားသည်။