ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ ခြောက်ဦးရှိဟုဆို

 မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘို မင်းသိုက် သေဆုံးမှုနှင့် ပက်သက် ၍ မြောက်ဦးမြို့နယ်တွင် သက် ဆိုင်ရာက ဖမ်းဆီးထားသူ ခြောက်ဦးရှိကြောင်း ယင်းမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းသာစိန်က ပြော ကြားသည်။

ယင်းသို့ ဖမ်းဆီးထားသူ ခြောက်ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ပြီး ၎င်းအမျိုးသမီးသည် ဦးဘိုဘိုမင်းသိုက်ကို လိုက်ပါပို့ ဆောင်သည့်နေ့က ယာဉ်ပေါ်၌ အတူ လိုက်ပါခဲ့သည်ဟု စွပ်စွဲခံ ထားရသူတစ်ဦး၏ ဇနီးဖြစ် ကြောင်း ဦးထွန်းသာစိန်က ဆို သည်။

‘‘ကျွန်တော်တို့ သိရသ လောက် ခြောက်ဦးဖမ်းထား တယ်။အမျိုးသားငါးဦးနဲ့ အမျိုးသ မီးတစ်ဦးဖြစ်တယ်။ လောလော ဆယ်မိသားစုဝင်တွေလည်းတွေ့ ခွင့်မရဖြစ်နေတယ်’’ ဟု ၎င်းက ဆိုသည်။

ယခင် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘို မင်းသိုက်သည်  ဇန်နဝါရီ ၃၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ် သ ရက်ချို ကျေးရွာနှင့် ယိုးငူကျေး ရွာအကြား ကားလမ်းဘေးတွင် ယာဉ်တစ်စီးနှင့်အတူ ဒဏ်ရာများ ဖြင့် သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ပုဏ္ဏား ကျွန်းမြို့မရဲစခန်းက ရာဇ သတ်ကြီး  ပုဒ်မ၃၀၂/၄၄၀/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး မသင်္ကာ သူများကို ဖမ်းဆီးစစ်ဆေးနေ ခြင်းဖြစ်သည်။

ဦးဘိုဘိုမင်းသိုက် အသတ် ခံရမှုနှင့်ပတ်သက်ပြီး AA လက် နက်ကိုင်အဖွဲ့၏ ကြိုတင်ကြံစည် လုပ်ဆောင်မှုများကို  တွေ့ရပြီး မသင်္ကာသူဟု ယူဆရသည့် တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်းဦးကျော်မြင့်နှင့်  ၎င်း၏ ဇနီး၊ သား၊ ချွေးမတို့လေးဦးကိုဖမ်း ဆီးရမိထားကြောင်း ပြည်ထဲရေး  ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

လက်ရှိတွင်မြောက်ဦးမြို့၌ ဖမ်းဆီးထားသူများနှင့် ပတ်သက် ၍ မြောက်ဦးမြို့မရဲစခန်းသို့  ဆက်သွယ်မေးမြန်းရာ ပြန် လည်ဖြေကြားမှု မရှိခဲ့ပေ။

 

More in News Section