သဲကုန်းတွင် ဟွန်ဒါဖစ်အိမ်စီးကားကို လိုက်ထရပ်ယာဉ်က ကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပြီး ကိုးဦးဒဏ်ရာရ

ယာဉ်တိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ဟွန်ဒါဖစ်ယာဉ်ကို ကူညီကယ်ဆယ်ရေးပြုလုပ်နေကြစဉ် (ဓာတ်ပုံ − Aung Naing San FB)

သဲကုန်းမြို့တွင် ဟွန်ဒါဖစ် အိမ်စီးကားနှင့် လိုက်ထရပ်ယာဉ် တို့ ကျော်တက်ရာမှ ယာဉ်တိုက် မှုဖြစ်ပြီး ယာဉ်နှစ်စီးပေါ်ရှိ လူကိုး ဦးဒဏ်ရာများ ရရှိခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီခန့်က ဆင်မြီးဆွဲ-သဲကုန်း ကားလမ်း မိုင်တိုင်အမှတ် (၁၅) နှင့် (၁၆)အကြားတွင် ဖြစ်ပွားခဲ့ ကြောင်း သဲကုန်းမြို့နယ် နွယ် ကောက်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးဝင်းနိုင်က ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဟွန်ဒါ ဖစ်အိမ်စီးကား မီးလောင်ခဲ့ပြီး ယာဉ်ပေါ်ရှိ အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦး၊ လိုက်ထရပ် ယာဉ်ပေါ်ရှိ အမျိုးသားသုံးဦးနှင့် ကလေးငယ်တစ်ဦး စုစုပေါင်း ကိုးဦးဒဏ်ရာများ ရရှိသဖြင့် သဲကုန်းပြည်သူဆေးရုံတွင်  တက် ရောက်ကုသနေကြောင်း  ၎င်းက ပြောသည်။

‘‘အိမ်စီးကားက အရှိန်နဲ့ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး မီးလောင်သွားတယ်။ လိုက်ထရပ်ယာဉ်လည်း လမ်းဘေးမြောင်းထဲထိုးကျပြီး  ပက်လက်လန်သွားတယ်။ သေဆုံးတာမရှိဘူး။ ထိခိုက်ဒဏ်ရာပြင်း ထန်တာတွေတော့ရှိတယ်’’ဟု ၎င်းက ပြောသည်။

ယာဉ်တိုက်မှုတွင် မည်သည့် ယာဉ်က မှားကြောင်း မသိရသေး ဟု ရဲအရာရှိတစ်ဦးကပြောသည်။