အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်နှိုက်ကာ ဆဲဆိုရိုက်နှက်သည့် ခါးပိုက်နှိုက်အဖွဲ့ကို ဖမ်းဆီး

YBS ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် အမျိုး သမီးတစ်ဦးထံမှ ပိုက်ဆံအိတ် နှိုက်သည့်အပြင် ကာယကံရှင် အမျိုးသမီးကို ဆဲဆိုရိုက်နှက်ကာ မျက်နှာကို တံတွေးဖြင့်ထွေးခဲ့သည့် ခါးပိုက်နှိုက်အဖွဲ့ကို ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ် ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြော သည်။

လှည်းကူးမြို့နယ်နေ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးသည် ဖေဖော်ဝါရီ ၇ ရက်မွန်းလွဲ ၁ နာရီခန့်က YBS (၁)ယာဉ်ဖြင့် လိုက်ပါလာစဉ် တောင်ဒဂုံမြို့နယ် နတ်စင်မှတ် တိုင်အရောက် ၎င်း၏ပိုက်ဆံအိတ်ကို အမျိုးသားတစ်ဦးက နှိုက်ခဲ့ကြောင်းတောင်ဒဂုံမြို့မရဲစခန်း ရဲအရာရှိတစ်ဦးက ပြောသည်။

ပိုက်ဆံအိတ်နှိုက်ယူသဖြင့် အမျိုးသမီးက ပြန်ပေးရန်ပြောရာ ခါးပိုက်နှိုက်အဖွဲ့မှ အရက်သောက်ထားသည့် နေဖုန်းအောင် ဆိုသူက အဆိုပါအမျိုးသမီးကို လက်သီးဖြင့်ထိုးခြင်း၊ ဆဲဆိုခြင်း၊ မျက်နှာကို တံတွေးဖြင့်ထွေးခြင်း များပြုလုပ်ခဲ့ကြောင်း ၎င်းကဆက် လက်ရှင်းပြသည်။

ထို့နောက် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့်ခရီးသည် ကောင်းစည်သူက ၀င်ရောက်ဖျန် ဖြေပြောဆိုရာ ကောင်းစည်သူကို ပါဆဲဆိုခြင်း၊ တံတွေးဖြင့်ထွေး ခြင်းပြုလုပ်သဖြင့် ယာဉ်မောင်းက တောင်ဒဂုံမြို့မရဲစခန်း အတွင်းသို့ ယာဉ်ကိုမောင်းနှင်ခဲ့ကြောင်း အဆိုပါရဲအရာရှိကပြောသည်။

ခရီးသည်အမျိုးသမီးထံမှ ငွေကျပ် ၉,၀၀၀ ပါပိုက်ဆံအိတ် အပြာရောင်ကို နှိုက်ယူခဲ့သည့် အပြင် ဆဲဆိုရိုက်နှက်ခဲ့သူများ သည် ဒဂုံအရှေ့မြို့နယ် (၅)ရပ် ကွက်အတွင်း နေထိုင်သည့်(၃၁) နှစ်အရွယ်နေဖုန်းအောင်၊မြောက် ဥက္ကလာပမြို့နယ်အတွင်းနေထိုင် သည့် (၃၆)နှစ်အရွယ်ထက်အောင်နှင့်(၂၃)နှစ်အရွယ်ဖြိုးဝေ ထွန်းတို့ဖြစ်ကြောင်း ၎င်းကဆို သည်။

ရိုက်နှက်ခဲ့သဖြင့် ပိုက်ဆံ အိတ်အနှိုက်ခံရသူအမျိုးသမီး၏ ဦးခေါင်းနှင့်လက်တို့တွင် နာကျင် ဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်း ကျွန်းစံပြဆေးရုံသို့ ပြင်ပလူနာ အဖြစ် တက်ရောက်ကုသခဲ့ရ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲအရာရှိတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခါးပိုက်နှိုက်အဖွဲ့ကို တောင်ဒဂုံ မြို့မရဲစခန်းက ခိုးမှုပုဒ်မ ၃၈၂၊ အမျိုးသမီးကာယိနြေ္ဒပျက်စီး အောင်ပြုလုပ်မှုပုဒ်မ ၃၅၄၊ ဆဲဆို မှုပုဒ်မ ၂၉၄ နှင့်အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့်အမှုဖွင့်အရေး ယူထားသည်။